မိမိတို့၏နေ့စဉ်ဘဝများကို ခက်ခဲစွာဖြတ်သန်းနေကြရသည့် ပြည်သူ များ မြောက်မြားစွာရှိနေကြသည်။ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ ကြောင့် တားဆီးကန့်သတ်မှုများ နှစ်ပေါက်လာသည့်အချိန်တွင် စီးပွားရေးထိခိုက်ကျဆင်းမှုမှ ထွက်ပေါ်လာသည့် ဂယက်ရိုက်ခတ်မှု များက အောက်ခြေပြည်သူများစွာတို့ကို ဆင်းရဲနွမ်းပါးမှု အောက်ခြေဆီ သို့ ထပ်မံနိမ့်ကျသွားစေခဲ့သည်။ တစ်ဆက်တည်းမှာပင် လူမှုရေး၊ ပညာရေးတို့တွင်လည်း အနုတ်လက္ခဏာများ ပြခဲ့သည်။ လတ် တလောတွင် ဖြစ်ပေါ်နေသည့် ဆူပူဆန္ဒပြမှုများကမူ သာမန်ပြည်သူ များ၊ CDM လှုပ်ရှားမှုတွင် မပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၊ ဆန္ဒပြသူ များနှင့် နိုင်ငံရေးအမြင်မတူသဘောထားကွဲလွဲသူများ စသည်တို့ အတွက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့အတွက်ပါ စိတ်မချရသည့်အခြေအနေ၊ ကျီးလန့်စာစား နှင့် ညအချိန်၌ပါ ကောင်းစွာအိပ်စက်ခွင့်မရသည့်အခြေအနေများကို ဖန်တီးလျက်ရှိသည်။
လူတစ်ယောက်ကို သူလျှို၊ ဒလန်၊ စစ်သတင်းပေး၊ ရဲသတင်းပေး၊ အသားထဲက လောက်ထွက်သူ စသည်ဖြင့် လက်ညှိုးထိုးစွပ်စွဲကာ ရပ်ရွာမှ အဓမ္မနှင်ထုတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေသည့် အပြုအမူ များကို လူအုပ်စုဖွဲ့၍ ပြုလုပ်ခြင်းများ ဒေသအနှံ့အပြားတွင် တွေ့လာ ရသည်။ ယင်းအပြုအမူများကို ပိုမို၍ ပြင်းပြင်းထန်ထန် ပြုလုပ်ရန် နှပ်ကြောင်းပေးလှုံ့ဆော်နေသည့် အရေးအသားများကိုလည်း လူမှု ကွန်ရက်ပေါ်တွင် အများအပြားတွေ့ရပြီး အသိဉာဏ်နည်းပါးစွာဖြင့် မြှောက်ထိုးပင့်ကော်မှတ်ချက်ပေးမှုများ၊ မဆင်မခြင်ဖြန့်ဝေမှုများကို လည်း တွေ့ရှိရသည်။ ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် လူအုပ်စုများကို အကြမ်းဖက်လိုသူက ဦးဆောင်နေမည်ဆိုပါက စွပ်စွဲခံရသူမှာ ကံဆိုး မိုးမှောင်ကျရရှာမည်ဖြစ်သည်။၊ ၁၉၈၈ ခုနှစ်က ဖြစ်ခဲ့သည့်အရေးအခင်း မှ အနိဋ္ဌာရုံများမှာ သာဓကများဖြစ်သလို သင်ခန်းစာယူစရာများလည်း ဖြစ်သည်။
ဆူပူဆန္ဒပြမှုများ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေသည့်နေရာများတွင် နေထိုင်နေကြရသည့် ပြည်သူများမှာ မိမိတို့၏ စိတ်ဆန္ဒပါ သည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆန္ဒပြရာသို့ လိုက်ပါရခြင်း၊ ညကင်း အလှည့်ကျစောင့်ရခြင်းတို့ရှိနေပြီး အကယ်၍ ငြင်းဆန်မိပါကလည်း မိမိတို့အား သူလျှို၊ ဒလန်၊ သတင်းပေးအဖြစ် စွပ်စွဲပြီး လူအုပ်စုဖြင့် ဖိနှိပ်မှုပြုခံရမည်ကိုလည်းကောင်း၊ ဝိုင်းကြဉ်ကြမည်ကိုလည်းကောင်း စိုးတထိတ်ထိတ်ဖြစ်နေကြရသည်များရှိနေသည်မှာလည်း အမှန်ပင် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဆူပူဆန္ဒပြမှုများနောက်သို့ လိုက်ပါ ကလည်း အဓိကရုဏ်းနှိမ်နင်းမှုနှင့် ကြုံတွေ့နိုင်သလို ရပ်ရွာထဲရှိ မိမိ အိမ်တွင် နေနေရင်းကပင် သူလျှိုအဖြစ်စွပ်စွဲခံရမည့် အန္တရာယ်နှင့် လည်း ရင်ဆိုင်နိုင်ရာ နှစ်ဖက်လုံးမှာ သူ့အတွက် အန္တရာယ်ပင်ဖြစ် သည်။
ယခုအခါ လူမှုကွန်ရက်မှ သွေးထိုးလှုံ့ဆော်မှုများတွင် အဓိ ကရုဏ်းနှိမ်နင်းမှုများကို ပြန်လည်တိုက်ခိုက်ရန် လက်နက်မျိုးစုံပြုလုပ် သည့်နည်းလမ်းများပေးနေခြင်း၊ ပြန်လည်တိုက်ခိုက်မှုများ ပြင်းပြင်း ထန်ထန်ဖြစ်ပေါ်လာရန်အတွက် သတင်းမှားများကို ဖြန့်ဝေခြင်း၊ ဝါဒဖြန့်ချိမှုများ ပြုလုပ်ခြင်းတို့ကို အရှိန်မြှင့်၍ ပြုလုပ်နေကြသည်။ သာမန်ဆန္ဒပြမှုမှသည် ရင်ဆိုင်တိုက်ပွဲသဏ္ဌာန်တုံ့ပြန်တိုက်ခိုက်မှု များဆီသို့ ပြောင်းလဲလာစေရန် ဖန်တီးနေခြင်း၏ ရည်ရွယ်ချက်မှာ အဓိကရုဏ်းကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများဖြစ်ပေါ်လာပြီး လူငယ် လူရွယ်များ အထိအခိုက်၊ အသေအပျောက်များခြင်းဖြင့် ရဲတပ်ဖွဲ့ဝင် များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် မုန်းတီးမှုများ မြင့်မားပြင်းထန် လာရေး၊ အစိုးရအပေါ်ဆန့်ကျင်တွန်းလှန်မှုများ အုံကြွဖြစ်ပေါ်လာ ရေးအတွက် ဖြစ်သည်။ လမ်းပေါ်တွင် သေဆုံးခဲ့ရသူတို့ကို ဖေ့စ်ဘုတ် တွင် သူရဲကောင်းအဖြစ် မြှောက်ပေးကာ ကန့်လန့်ကာနောက်ကွယ်မှ နိုင်ငံရေးအချောင်သမားကမူ တော်လှန်ရေးလှိုင်းစီးအမြတ်ထုတ် နေချိန်တွင် ပြည်သူမှာသာ မြေစာပင်ဘဝကျရောက်နေရာ အေးချမ်း တည်ငြိမ်မှုများ၊ တရားဥပဒေစိုးမိုးမှုများကို လျင်လျင်မြန်မြန် တည်ဆောက်ပေးနိုင်ပါစေကြောင်း။ ။
Remark Type