တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်ကကြေညာထားသည့် Action Labour Right အမည်ခံအဖွဲ့နှင့် ပူးပေါင်း၍ ဆူပူဆန္ဒပြမှုများဖြစ်ပွားစေရန် နောက်ကွယ်မှသွေးထိုးလှုံ့ဆော်သူများအား ဖမ်းဆီးရမိ

 

နေပြည်တော်   ဇွန်   ၂၈     နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို   ပျက်ပြားစေရန်နှင့်  အစိုးရ ယန္တရားများ    ပျက်ပြားစေရန် ရည်ရွယ်၍  စက်ရုံ၊   အလုပ်ရုံများ ၌   အလုပ်သမားများ  စုဝေးဆန္ဒ ထုတ်ဖော်မှုများ   ဖြစ်ပေါ်စေရန် အတွက်     တရားဝင်ဖွဲ့စည်းထား ခြင်း   မဟုတ်သော  အဖွဲ့အစည်း အဖြစ် နိုင်ငံတော်က ကြေညာထား သည့် Action Labour Right အမည်ခံအဖွဲ့မှ     သူရိန်အောင် ခေါင်းဆောင်၍ သွေးထိုးလှုံ့ဆော် မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့်      ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ  သွေးထိုးလှုံ့ဆော် သူများအား  လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖမ်းဆီးရမိရေး ဆောင်ရွက် ခဲ့ရာ    ပြည်သူလူထု၏   သတင်း ပေးပို့မှုကြောင့်  ဇွန် ၁၄ ရက်မှ ၁၇ ရက်အထိ  Action Labour Right အမည်ခံအဖွဲ့မှ  သန္တာစိုးလင်းနှင့် ဖြိုးမြတ်မြတ်သင်းတို့ကို   လည်း ကောင်း၊ Action Labour Right အမည်ခံအဖွဲ့အား အားပေးကူညီ သူ    ဟိန်းမင်းဇော်ကို   လည်း ကောင်း၊ Action Labour Right အမည်ခံအဖွဲ့နှင့်    ပူးပေါင်း၍ စက်ရုံများတွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်စေရန် ဆောင်ရွက်လျက်ရှိ သည့် ဟိုစိမ့်(မြန်မာ)အထည်ချုပ် စက်ရုံမှ  အောင်အောင်၊  သူသူစံ၊ သန္တာအေး၊ အေးသန္တာဌေး၊ မေသူ မင်းတို့ကို   လည်းကောင်း၊   Sun Apparel Myanmar အထည်ချုပ် စက်ရုံမှ   သီတာဝင်းနှင့်  ကိုထက် (ခ)  လှိုင်ဝင်းထက်တို့ကို   လည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများအား စစ်ဆေး    ဖော်ထုတ်ချက်အရ Action Labour Right အမည်ခံ အဖွဲ့မှ   ဖမ်းဆီးရန်ကျန်   တရားခံ သူဇာ   ဦးဆောင်၍  ဖေဖော်ဝါရီ ၅ ရက်မှ ၁၈ ရက်အထိ ရန်ကုန် တိုင်းဒေသကြီး     ရွှေပြည်သာ မြို့နယ်  အမှတ်(၂၅)ရပ်ကွက်ရှိ ကောင်း (၁)  ထမင်းဆိုင်အပေါ်ထပ် ၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ် သမား  ၂၀  ခန့်အား   စည်းရုံး သိမ်းသွင်းကာ   ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်ခဲ့ ကြောင်း၊ ထိုသို့ သွေးထိုးလှုံ့ဆော်မှု ကြောင့် ဇွန် ၁၂ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး      ရွှေပြည်သာ မြို့နယ်   သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်(မြန်မာ)     အထည်ချုပ် စက်ရုံမှ အလုပ်သမားအချို့သည် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမပြုဘဲ စက်ရုံရှေ့တွင်  စုဝေး၍   လည်း ကောင်း၊ ဇွန် ၁၃ ရက်တွင် လှိုင် သာယာ(အနောက်ပိုင်း)မြို့နယ်  Sun Apparel Myanmar အထည် ချုပ် စက်ရုံမှ အလုပ်သမားအချို့ သည်    လုပ်ငန်းခွင်၌    အလုပ် လုပ်ကိုင်ခြင်းမရှိဘဲ စက်ရုံအတွင်း ၌    စုဝေး၍လည်းကောင်း   ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ စက်ရုံ၊ အလုပ်ရုံများ ၌    ဆူပူဆန္ဒပြမှုများ   ဖြစ်ပေါ်စေ ရေး    နောက်ကွယ်မှ    သွေးထိုး လှုံ့ဆော်ခြင်း၊      ဝါဒဖြန့်ခြင်း များ ပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် Action Labour Right အမည်ခံ အဖွဲ့၊ ဟိုစိမ့်(မြန်မာ)အထည်ချုပ် စက်ရုံနှင့် Sun Apparel Myan-mar  အထည်ချုပ်   စက်ရုံတို့မှ တရားခံ ၁၀ ဦးအား တရားဥပဒေ အရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်  ရှိကြောင်းနှင့် ထွက်ပြေး     တိမ်းရှောင်လျက်ရှိ သည့်   Action  Labour Right အမည်ခံအဖွဲ့မှ     သူရိန်အောင်၊ သူဇာနှင့် ဆက်စပ်တရားခံများ၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် ဝါဒဖြန့်သူများအား ဆက်လက် ဖော်ထုတ် အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်