
ဟီနန် ဇူလိုင် ၂၈
တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန် ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၇၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေး ဌာနက ပြောကြားလိုက်သည်။
ဇူလိုင် ၂၈ ရက် နေ့လယ်အထိ လူပေါင်း ၁၃ ဒသမ ၆ သန်းကျော် ဇူလိုင် ၁၆ ရက်နေ့ကတည်းက ရွာသွန်းခဲ့သော မိုးကြောင့် ရေဘေး ဒုက္ခရောက်နေကြသည်။ ကောက်ပဲသီးနှံ ၁ ဒသမ ၀၂ သန်း ဟက်တာ ပျက်စီးခဲ့သည်။ အိမ်ပေါင်း ၇၈၄၂၀၀ ပြိုလဲခဲ့ပြီး ပြည်နယ်တစ်ဝန်း ပျက်စီးမှုများ ရှိခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိ သူများက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု ကြောင့် ၁ ဒသမ ၄၇ သန်းကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။
သဘာဝဘေးဒုက္ခ သက်သာ ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများကို ပြည်နယ် တစ်ဝန်း ဆက်လက်လုပ်ဆောင် လျက်ရှိသည်။
ဆင်ဟွာ