တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ကိုယ်ရေးအကျဉ်း

 
 
 
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ကို ၁၉၅၃ ခုနှစ်၊ ဇွန်လတွင် ရှန်းစီးပြည်နယ်၊ ဖူပင်းမြို့၌ မွေးဖွားခဲ့ပြီး ဟန်မျိုးနွယ်ဝင်တစ်ဦးဖြစ်သည်။ ချင်းဟွာ တက္ကသိုလ်၏ လူမှုနှင့် လူမှုရေးသိပ္ပံကျောင်းမှ နိုင်ငံရေးပညာအထူးပြုဘွဲ့ရရှိခဲ့ပြီး လုပ်ငန်းခွင်ဘွဲ့လွန်ပညာသင်ယူကာ ဥပဒေအထူးပြုဒေါက်တာဘွဲ့ရရှိခဲ့သည်။ ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလတွင် လုပ်ငန်းခွင်စတင်ဝင်ရောက်ခဲ့ပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။ လက်ရှိ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတတာဝန်အပြင် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေ အတွင်းရေးမှူးတာဝန်တို့ကိုပါ ထမ်းဆောင်လျက်ရှိသည်။
 
 
၁၉၆၉ မှ ၁၉၇၅ ခုနှစ်အထိ ရှန်ရှီးပြည်နယ်၊ ရန်ချွမ်းခရိုင်၊ ဝမ်အန်းယိအဖွဲ့၊ လျန်ကျား ဟေတပ်ဖွဲ့တွင် ပါတီဌာနခွဲ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ မှ ၁၉၇၉ ခုနှစ်အထိ ချင်းဟွာတက္ကသိုလ်၊ ဓာတုအင်ဂျင်နီယာဌာနတွင် ပညာဆည်းပူး ခဲ့သည်။
 
 
၁၉၇၉ မှ ၁၉၈၂ ခုနှစ်အထိ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင်၊ အထွေထွေ ရုံး၏ အတွင်းရေးမှူး၊ ၁၉၈၂ မှ ၁၉၈၃ ခုနှစ်အထိ ဟာပေပြည်နယ်၊ ကျန်းတင်ခရိုင်တွင် တရုတ်ကွန်မြူနစ်ပါတီ ခရိုင်ကော်မတီ ဒုတိယအတွင်းရေးမှူး၊ ၁၉၈၃ နှင့် ၁၉၈၅ ခုနှစ် အတွင်း ခရိုင်အတွင်းရေးမှူးအပြင် ကျန်းတင်ခရိုင် စစ်ဘက်ရေးရာဌာနအရာရှိနှင့် ပါတီ ကော်မတီ ပထမအတွင်းရေးမှူးနှင့် ပါတီနိုင်ငံရေးမှူး(ပထမတန်း)တာဝန်များ ပူးတွဲ ထမ်းဆောင်ခဲ့သည်။
 
 
ထို့နောက် မစ္စတာရှီကျင့်ဖျင်သည် ၁၉၈၅ မှ ၁၉၈၈ ခုနှစ်အထိ ဖူကျန့် ပြည်နယ်၊ ရှမန်မြို့၏ ဒုတိယမြို့တော်ဝန်နှင့် ရှမန်မြူနီစီပါယ် တရုတ်ကွန်မြူနစ် ပါတီကော်မတီ၏ အမြဲတမ်းကော်မတီဝင်၊ ၁၉၈၈ မှ ၁၉၉၀ ပြည့်နှစ်အထိ ဖူကျန့်ပြည်နယ်၊ နင်တာစီရင်စု၏ တရုတ်ကွန်မြူနစ်ပါတီကော်မတီ၏ အတွင်းရေးမှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝ မှ ၁၉၉၃ ခုနှစ်အထိ ဖူကျန့်ပြည်နယ်၊ ဖူကျိုးမြူနီစီပါယ်ပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌနှင့် ဖူကျန့်ပြည်နယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဖူကျိုးမြူနီစီပါယ် ကော်မတီ၏ အတွင်းရေးမှူး၊ ဖူကျိုးစစ်ဒေသခွဲ၊ ပါတီကော်မတီ၏ ပထမ အတွင်းရေးမှူးတာဝန်များ ပူးတွဲထမ်းဆောင်ခဲ့သည်။ ၁၉၉၃ မှ ၁၉၉၅ ခုနှစ် အထိ ဖူကျန့်ပြည်နယ် တရုတ်ကွန်မြူနစ်ပါတီကော်မတီ၊ အမြဲတမ်းကော်မတီ ဝင်၊ ဖူကျိုးမြူနီစီပါယ်တရုတ်ကွန်မြူနစ်ပါတီ၊ ကော်မတီအတွင်းရေးမှူး၊ ဖူကျိုးမြူနီစီပါယ် ပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ ဖူကျိုးစစ် ဒေသခွဲ၊ ပါတီကော်မတီ၊ ပထမအတွင်းရေးမှူး တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သည်။
 
 
၁၉၉၅ မှ ၁၉၉၆ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ ဖူကျန်းပြည်နယ် ကော်မတီ၏ ဒုတိယအတွင်းရေးမှူး၊ တရုတ်ကွန်မြူနစ် ပါတီ ဖူကျိုးမြူနီစီပါယ်ကော်မတီ၏ အတွင်းရေးမှူး၊ ဖူကျိုးမြူနီစီပါယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ၊ ဖူကျိုးပြည်နယ် စစ်ဒေသခွဲ၊ ပါတီကော်မတီ၏ ပထမအတွင်းရေးမှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ မှ ၁၉၉၉ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ၊ ဖူကျန့်ပြည်နယ်ကော်မတီ ၏ ဒုတိယ အတွင်းရေးမှူးနှင့် ဖူကျန့်ပြည်နယ်၊ လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်ဖွဲ့ အရန်တပ်မ၏ နိုင်ငံရေးမှူး (ပထမတန်း)၊ ၁၉၉၉ မှ ၂၀၀၀ ပြည့်နှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ ဖူကျန့်ပြည်နယ်ကော်မတီ ဒုတိယ အတွင်းရေးမှူး၊ ဖူကျန့်ပြည်နယ် ယာယီအုပ်ချုပ်ရေးမှူး၊ နန်ကျင်းစစ်ဒေသ ဌာနချုပ်၊ အမျိုးသားကာကွယ်ရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး၊ ဖူကျန့်ပြည်နယ် အမျိုးသားကာကွယ်ရေးကော်မတီ ညွှန်ကြားရေးမှူး၊ ဖူကျန့် ပြည်နယ်၊ လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်ဖွဲ့အရန်တပ်မ၏ နိုင်ငံရေးမှူး(ပထမတန်း)တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ မှ ၂၀၀၂ ခုနှစ်အထိ ဖူကျန့်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး၊ နန်ကျင်းစစ်ဒေသဌာန ချုပ်၊ အမျိုးသားကာကွယ်ရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး၊ ဖူကျန့် ပြည်နယ် အမျိုးသားကာကွယ်ရေးကော်မတီ ညွှန်ကြားရေးမှူး၊ ဖူကျန့် ပြည်နယ်၊ လေကြောင်းရန်ကာကွယ်ရေးအမြောက်တပ်ဖွဲ့ အရန်တပ်မ၏ နိုင်ငံရေးမှူး(ပထမတန်း)တာဝန်များ ထမ်းဆောင်ခဲ့သည်။
 
 
တာဝန်များထမ်းဆောင်ခဲ့
 
၂၀၀၂ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ကျဲကျန်းပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူး၊ ကျဲကျန်းပြည်နယ် ယာယီအုပ်ချုပ်ရေးမှူး၊ ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ကျဲကျန်းပြည်နယ် ကော်မတီအတွင်း ရေးမှူး၊ ကျဲကျန်းပြည်နယ် ယာယီအုပ်ချုပ်ရေးမှူး၊ ကျဲကျန်းပြည်နယ် အမျိုးသားကာကွယ်ရေးကော်မတီ ညွှန်ကြားရေးမှူး၊ ၂၀၀၃ မှ ၂၀၀၇ ခုနှစ်အထိ ကျဲကျန်းပြည်နယ်ကော်မတီ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူးနှင့် ကျဲကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ခဲ့သည်။
 
 
မစ္စတာရှီကျင့်ဖျင်သည် ၂၀၀၇ ခုနှစ်တွင် ရှန်ဟိုင်းစစ်ဒေသကြီး ပါတီကော်မတီ၏ ပထမအတွင်းရေးမှူး၊ တရုတ်ကွန်မြူနစ်ပါတီ ရှန်ဟိုင်း မြူနီစီပါယ်ကော်မတီအတွင်းရေးမှူး၊ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်တွင် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအမြဲတမ်းကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအတွင်းရေးမှူးရုံး၏ အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံ ရေးသိပ္ပံဥက္ကဋ္ဌ၊ ၂၀၀၈ မှ ၂၀၁၀ ပြည့်နှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေး ဗျူရိုအမြဲတမ်းကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအတွင်းရေးမှူးရုံးအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုနိုင်ငံရေးသိပ္ပံဥက္ကဋ္ဌ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတစသဖြင့် ဆောင်ရွက်ခဲ့သည်။
 
 
၂၀၁၀ မှ ၂၀၁၂ ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရိုအမြဲတမ်းကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေးသိပ္ပံဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်တွင် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည်။
 
 
၂၀၁၃ ခုနှစ်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ၊ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်တို့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
 
 
(၁၅)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအလှည့်ကျ အဖွဲ့ဝင်၊ (၁၆)ကြိမ်မှ (၁၈)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တို့၏အဖွဲ့ဝင်၊ (၁၇)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ (၁၈)ကြိမ်နှင့် (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် အထွေထွေအတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။
 
 
(၁၁)ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ်အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဒုတိယသမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး၊ (၁၇)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ (၅)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ဗဟိုစစ် ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌတာဝန်ကို ပေးအပ်ခြင်းခံရပြီး၊ (၁၁)ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ (၁၇)ကြိမ်မြောက် အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌ၊ (၁၈)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌစသည်ဖြင့် တာဝန်ပေးအပ်ခြင်းခံရသည်။
 
 
ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံရ
 
မစ္စတာရှီကျင့်ဖျင်သည် (၁၂)ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပထမအကြိမ် မျက်နှာစုံညီအစည်း အဝေးတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုစစ်ကော်မရှင်၏ ဥက္ကဋ္ဌ၊ (၁၃)ကြိမ် မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံရသည်။