တတိယအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၁” ကို မြန်မာ့ရုပ်မြင်သံကြား MRTV HD နှင့် NRC Channel တို့တွင် ပြသမည်

 

နေပြည်တော်   ဒီဇင်ဘာ  ၉


(၇၅)နှစ်မြောက်         စိန်ရတု ပြည်ထောင်စုနေ့ကို      ကြိုဆို ဂုဏ်ပြုသောအားဖြင့်    တတိယ အကြိမ်  “သွေးချင်းတို့ရဲ့ ပွဲတော် ဆီ-၂၀၂၁”ကို   ဒီဇင်ဘာ  ၁၁ ရက် မှ    ၁၅   ရက်အထိ      ပွဲတော် ကာလသတ်မှတ်ပြီး   မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၏ MRTV HD နှင့်    NRC Channel   တို့တွင် ထုတ်လွှင့်ပြသမည်  ဖြစ်သည်။ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ-၂၀၂၁” ဖွင့်ပွဲအခမ်းအနားကို   Virtual Celebration ဖြင့်  ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီခွဲမှ   စတင် ထုတ်လွှင့်သွားမည်        ဖြစ်ပြီး ဒီဇင်ဘာ  ၁၂ ရက်မှ     ၁၅   ရက် အထိ   ညစဉ် ည  ၉ နာရီမှ စတင် ကာ      တိုင်းရင်းသားများ၏ တေးသီချင်းများ၊  ရိုးရာအကများ နှင့်     ဖျော်ဖြေတင်ဆက်မှုများ အပြင်  ပွဲတော်ပိတ်ပွဲအခမ်းအနား ကိုလည်း       ထုတ်လွှင့်ပေးမည် ဖြစ်သည်။

      
ထို့အတူ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးစံများနှင့် ဝတ်စား ဆင်ယင်မှု၊      ဒေသထွက်ကုန်/ထုတ်ကုန်များနှင့်     စီးပွားရေး ဆိုင်ရာများ၊     စိတ်ဝင်စားဖွယ် နေရာများနှင့်     လမ်းပန်းဆက် သွယ်ရေး    အခြေအနေများကို လည်း   သွေးချင်းတို့ရဲ့ပွဲတော်ဆီ Website     ဖြစ်သည့်    www.mecfevent.com   တွင်    ဒီဇင်ဘာ ၁၁ ရက်မှ    စတင်ပြီး       ဝင်ရောက် ကြည့်ရှုလေ့လာနိုင်မည်    ဖြစ် ကြောင်း သိရသည်။       
   

သတင်းစဉ်