
ရန်ကုန် ဩဂုတ် ၂၂
U-12 Junior Soccer World Challenge ပြိုင်ပွဲကို သြဂုတ် ၂၂ ရက်က ဆက်လက်ကျင်းပရာ မြန်မာ ယူ-၁၂ အသင်း နောက်ဆုံးပွဲတွင် အနိုင်ရရှိသည်။
မြန်မာ ယူ-၁၂ အသင်းသည် နောက်ဆုံးပွဲ အဖြစ် ဂျပန်ကလပ် ဒရာဂွန်ကာရှီဝါအသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ သည်။ မြန်မာ ယူ-၁၂ အသင်းသည် ၃၂ သင်းအဆင့် မှ ထွက်ခဲ့ရပြီးနောက် အဆင့်သတ်မှတ်ချက် အတွက် ယခုပွဲကစားရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၂ အသင်းရရှိသည့်အဆင့်ကို ပြိုင်ပွဲ အားလုံးပြီးဆုံးမှသာ အတည်ပြုနိုင်မည်ဖြစ်သည်။ မြန်မာ ယူ-၁၂ အသင်းသည် အုပ်စုပွဲများတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စု ပထမရယူပြီး နောက်တစ်ဆင့် တက်ရောက်နိုင် သော်လည်း ၃၂ သင်းအဆင့်တွင် အရေးနိမ့်သဖြင့် ၁၆ သင်းအဆင့် တက်ရောက်ခွင့်မရခဲ့ခြင်း ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF