ဥပဒေဘာသာပြန်ကော်မရှင် အမိန့်အမှတ် ၃ /၂၀၂၄ ထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဥပဒေဘာသာပြန်ကော်မရှင်
အမိန့်အမှတ် ၃ /၂၀၂၄
၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆန်း ၁ဝ ရက်
(၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်)
၁။    ဥပဒေဘာသာပြန်ကော်မရှင်သည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော ဖော်ပြပါ ဥပဒေများကို ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ (က) အရ မြန်မာဘာသာသို့ ပြန်ဆို၍ အတည်ပြုပြီး ပုဒ်မ ၁၂ ပုဒ်မခွဲ (က) အရ ထုတ်ပြန်ကြေညာလိုက်သည်-
    (က)    The Anand Marriage Act
    (ခ)     The Caste Disabilities Removal Act
    (ဂ)    The Hindu Disposition of Property Act
    (ဃ)    The Hindu Inheritance (Removal of Disabilities) Act
    (င)    The Hindu Law of inheritance Amendment Act
    (စ)    The Hindu Gains of Learning Act
    (ဆ)     The Mussalman Wakf Act
    (ဇ)     The Mussalman Wakf Validating Act
    (ဈ)     The Kazis Act
၂။    ဖော်ပြပါ မြန်မာဘာသာပြန်ဆိုထားသည့် ဥပဒေများသည် မူလစာမူနှင့် အလားတူ အာဏာတည် ရမည်။
    (ဒေါက်တာသီတာဦး)
    ဥက္ကဋ္ဌ
    ဥပဒေဘာသာပြန်ကော်မရှင်