ဥပဒေဖောက်ဖျက်အကြမ်းဖက် အမြစ်ပါမကျန်တိုက်ဖျက်

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ မိမိတို့ရည်မှန်းချက်အောင်မြင်ရေး၊ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ ပြည်သူများ  စိုးရိမ်ကြောက်ရွံ့ထိတ်လန့်မှုဖြစ်စေရန်အတွက်  မြို့ရွာသို့  အလစ် အငိုက်ထိုးဖောက်ဝင်ရောက်ပြီး တိုင်းပြည်ကို ဖျက်ဆီးနေသည့် အကြမ်းဖက်အဖျက် သမားသောင်းကျန်းသူများ၏ လုပ်ရပ်များကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။


အကြမ်းဖက်အဖျက်သမားများသည် အုပ်ချုပ်ရေးပျက်ပြားစေရန် ရည်ရွယ် ချက်ဖြင့် မြို့ရွာများရှိ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းအပြင် မြို့ရွာနေ ပြည်သူများအား နှိပ်စက်ညှဉ်းဆဲ   လုယက်တိုက်ခိုက်သတ်ဖြတ်ခြင်းများ  ပြုလုပ် ခဲ့သည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကယားပြည်နယ်ရှိ မြို့ရွာဒေသအချို့သို့ဝင်ရောက်၍   မြို့ခံ၊   ရွာခံ၊ နေအိမ်အဆောက်အအုံများကို အကာအကွယ်ယူကာ  အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင်    တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။


မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်က လက်နက်ကိုင်သောင်းကျန်းသူများက မြို့ရွာများ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ပြည်သူများမှာ  စစ်ဘေးရှောင်ပြေးခဲ့ကြသည်။ တပ်မတော်သည် ရှိသမျှလက်နက်အင်အား၊ လူအင်အားဖြင့် ရဲဝံ့စွန့်စားကာ ခုခံ တိုက်ထုတ်ခဲ့ကြသည်။ ပြည်သူများက တပ်မတော်ကို ဝိုင်းဝန်းကူညီထောက်ပံ့ပေး ခဲ့ကြသည်။ လက်နက်ကိုင်သောင်းကျန်းသူများ မြို့ရွာများမှ ဆုတ်ခွာထွက်ပြေးခဲ့ ကြပြီး တောတောင်နယ်စပ်များတွင် ခိုလှုံခဲ့ကြသည်။


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ယနေ့ထက်တိုင်အောင် ခေတ်အဆက် ဆက်တွင် သောင်းကျန်းသူချေမှုန်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့မှုများ ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များမှာ သူ့နေရာနှင့်သူ မျှခြေတွင် ရပ်တည် နေခဲ့ကြသည်။ လက်နက်ကိုင်အဖွဲ့များသည် မြို့ရွာများသို့ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုခဲ့ကြချေ။ ရံဖန်ရံခါနှင့် စစ်ဆင်ရေးကာလများတွင်သာ တပ်မတော်နှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ    တောတောင်များတွင်    ထိတွေ့မှုများရှိခဲ့သည်။ တပ်မတော်သည် ငြိမ်းချမ်းရေးကို အလေးထားရှေးရှု၍ ပစ်ခတ်တိုက်ခိုက်မှုများကို အကြိမ်ကြိမ်ရပ်စဲပေးခဲ့သည်။


မျက်မှောက်ကာလတွင် နိုင်ငံရေးအစွန်းရောက်များသည် ၎င်းတို့အာဏာ ရရှိရေးအတွက် တိုင်းပြည်အလုံးစုံပျက်စီးရေးကို လုပ်ကိုင်လာကြသည်။ အကြမ်း ဖက်အဖွဲ့များအဖြစ်သတ်မှတ်ထားသော CRPH နှင့် NUG တို့သည် ပြည်ပသို့ ထွက်ပြေး၍ ပြည်တွင်းမှ ပြည်သူအချို့ကို လမ်းမှားပေါ်သို့ တွန်းတင်ပေးခဲ့သည်။ KIA နှင့် KNPP တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းပြီး ဖောက်ခွဲရေး သင်တန်းများ၊  စစ်သင်တန်းများပေး၍  လက်နက်များထောက်ပံ့ပေးကာ မြို့ရွာ များတွင်    အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ   လုပ်ကိုင်လာကြသည်။     ယခုအခါ တပ်မတော်သည် အကြမ်းဖက်အဖျက်သမားများအား ထိရောက်စွာ နှိမ်နင်းခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ 


မကြာမီကာလက ကယားပြည်နယ်ရှိ မြို့ရွာအချို့တွင် အကြမ်းဖက်အဖျက် သမားသောင်းကျန်းသူများက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက် သောင်းကျန်းသူများသည် လူနေအဆောက်အအုံများ၊ အစိုးရပိုင်အဆောက်အအုံ များ၊ ဘာသာရေးအဆောက်အအုံများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့ကြသည်။ မြို့ရွာများအတွင်း တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ခွာကြရာတွင် အကြမ်းဖက်သောင်းကျန်းသူများက ထွက်ခွာခွင့်မပေးဘဲ ပြည်သူများအား လူသားတံတိုင်းသဖွယ်အသုံးပြု၍ အကာအကွယ်ယူခဲ့ကြသည်။ စစ်ဘေးရှောင်ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဓားစာခံပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်     အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်မှုမရှိအောင် အတတ် နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်ခဲ့၍ ပြည်သူများ ထိခိုက်မှုမရှိခဲ့ချေ။ အကြမ်းဖက် သောင်းကျန်းသူများသည် မြို့ရွာများကို တိုက်ခိုက်ပြီး မြို့ရွာအတွင်း တည်ငြိမ်မှု ပျက်ပြားအောင် ဆူပူမှုများပြုလုပ်ခဲ့ကြသည်။ KNPP နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၏လုပ်ရပ်များသည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ဘာသာရေးနှင့်သက်ဆိုင်သည့် အဆောက်အအုံများ၊ လူနေရပ်ကွက် အဆောက် အအုံများကို တိုက်ခိုက်ခဲ့ကြသည်။


သို့ဖြစ်ရာ   တိုက်ပွဲအတွင်း  ဒေသခံပြည်သူများအား  အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်အောင်   ထွက်ခွာခွင့်ပေးရမည့်အစား  လူသားတံတိုင်းအဖြစ် အသုံးချ ခဲ့သော ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ် မှု (War Crime) ကို ကျူးလွန်သည့် အကြမ်းဖက်အဖျက်သမားများအား ထိရောက် စွာ ဝိုင်းဝန်းတိုက်ဖျက်ရမည်ဖြစ်ပါကြောင်း။     ။