ဥပဒေပြင်ဆင်ချက်များ သိရှိလိုက်နာရေး

Type
ချမ်းအေး (တရားရေး) အရေးပေါ်အခြေအနေ ယနေ့အချိန်အခါသည် နိုင်ငံတော်အား အရေးပေါ်အခြေ အနေအဖြစ် ကြေညာထားသည့်အချိန်ဖြစ်ပေသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၂၁ ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထား ခြင်း ဖြစ်ပေသည်။ ရာဇသတ်ကြီး တည်ဆဲဥပဒေဖြစ်သော ရာဇသတ်ကြီးကို ခေတ် ကာလနှင့်အညီ ခေတ်အဆက်ဆက် နိုင်ငံတော်အကြီး အကဲများက ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြပေသည်။ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဥပဒေအမှတ် ၅/၂၀၂၁ အရ ၁၄-၂-၂၀၂၁ ရက်နေ့တွင် ရာဇသတ်ကြီး ကို ပြင်ဆင်သည့် ဥပဒေအား ပြဋ္ဌာန်းခဲ့ပါသည်။ ပုဒ်မ ၁၂၁ (မူလပြဋ္ဌာန်းချက်) နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်ခြင်း(High Treason) ၁၂၁။ မည်သူမဆို- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင် တစ်ခုခုကို ဖြစ်စေ စစ်မက် ပြိုင်ဆိုင်လျှင် သို့မဟုတ် ( ခ ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင် တစ်ခုခုကို ဖြစ်စေ စစ်မက်ပြိုင်ဆိုင်ရန် အခြားနိုင်ငံတစ်ခုခုကိုသော် လည်းကောင်း၊ လူတစ်ဦးဦးကို သော်လည်း ကောင်း ပြည်ထောင်စုအတွင်း၌ဖြစ်စေ၊ အပ၌ ဖြစ်စေ ကူညီလျှင် သို့မဟုတ် ( ဂ ) ထိုသို့စစ်မက်ပြိုင်ဆိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ဖြစ်စေ၊ အပ၌ဖြစ်စေ လူတစ်ဦးဦးကို လှုံ့ဆော်လျှင် သို့မဟုတ် လူတစ်ဦးဦးနှင့် ပူးပေါင်းကြံစည်လျှင် သို့မဟုတ် (ဃ) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် တည်ထောင် ခန့်အပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏ လုပ်ငန်းအဖွဲ့ကိုသော်လည်းကောင်း၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်းအဖွဲ့ကိုသော် လည်းကောင်း လက်နက်ဖြင့်ဖြစ်စေ၊ အခြား သောင်းကျန်းသော နည်းလမ်းဖြင့်ဖြစ်စေ ဖြိုဖျက် ရန် အားထုတ်လျှင် သို့မဟုတ် ဖြိုဖျက်ရန် အခြား နည်းဖြင့် ပြင်ဆင်လျှင် သို့မဟုတ် ထိုသို့အားထုတ် မှုတွင် ပါဝင်ဆောင်ရွက်လျှင် သို့မဟုတ် ထိုသို့ အားထုတ်မှုနှင့် ပတ်သက်လျှင် သို့မဟုတ် ထိုသို့ အားထုတ်မှုကို ပြုရန်ဖြစ်စေ၊ ထိုသို့ အားထုတ်မှု တွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်စေ၊ ထိုသို့အား ထုတ်မှုနှင့် ပတ်သက်ရန်ဖြစ်စေ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အတွင်း၌သော်လည်း ကောင်း၊ အပ၌သော်လည်းကောင်း လူတစ်ဦးဦး ကို လှုံ့ဆော်လျှင် သို့မဟုတ် တစ်ဦးဦးနှင့် ပူးပေါင်းကြံစည်လျှင် ထိုသူသည် နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးကို ကျူးလွန် သည်။ အစားထိုးခြင်း ရာဇသတ်ကြီးပုဒ်မ ၁၂၁ ကို ၁၄-၂-၂၀၂၁ ရက်စွဲဖြင့် အောက်ပါအတိုင်း အစားထိုးခဲ့ပါသည်။ ရာဇသတ်ကြီးကို အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့်အတွက် အင်္ဂလိပ် ဘာသာဖြင့်ပင် အစားထိုးခဲ့ပါသည်။ စာရေးသူအနေဖြင့် အလွတ်သဘော မြန်မာဘာသာပြန်ပြီး တင်ပြရလျှင် အောက်ပါအတိုင်း အဓိပ္ပာယ်ရရှိပါမည် - ပုဒ်မ ၁၂၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်း မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင် နယ်မြေတစ်ခုခုကိုဖြစ်စေ စစ်မက်ပြိုင်ဆိုင်လျှင် သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံ ကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံတစ်ခုခုကိုဖြစ်စေ စစ်မက်ပြိုင်ဆိုင်ရန် အခြားနိုင်ငံ တစ်ခုခုကိုသော်လည်း ကောင်း၊ လူတစ်ဦးဦးကို သော်လည်းကောင်း၊ ပြည်ထောင်စုအတွင်း၌ ဖြစ်စေ၊ အပ၌ဖြစ်စေ ကူညီလျှင် သို့တည်းမဟုတ် ထိုသို့ စစ်မက်ပြိုင်ဆိုင်ရန် ပြည်ထောင်စုနိုင်ငံအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ်စေ လူတစ်ဦးဦးကို လှုံ့ဆော်လျှင် သို့တည်းမဟုတ် လူတစ်ဦးဦးနှင့် ပူးပေါင်းကြံစည်လျှင် သို့တည်းမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော ပြည်ထောင်စုနိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုသော်လည်း ကောင်း၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်းအဖွဲ့ကိုသော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မညီသော လုပ်ရပ် တစ်ခုခုဖြင့်ဖြစ်စေ သို့တည်းမဟုတ် အခြား နည်းလမ်း တစ်ခုခုဖြင့်ဖြစ်စေ၊ လက်နက်ဖြင့်ဖြစ်စေ၊ အခြားသောင်းကျန်းသော နည်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန်အားထုတ်လျှင် သို့တည်းမဟုတ် ဖြိုဖျက်ရန် အခြားနည်းဖြင့် ပြင်ဆင်လျှင် သို့တည်းမဟုတ် ထိုသို့ အားထုတ်မှုတွင် ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ထိုသို့အားထုတ်မှုနှင့် ပတ်သက်လျှင် သို့တည်းမဟုတ် ထိုသို့အားထုတ်မှုကို ပြုစေရန်ဖြစ်စေ၊ ထိုသို့ အားထုတ်မှုတွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်စေ၊ ထိုသို့ အားထုတ်မှုနှင့် ပတ်သက်ရန်ဖြစ်စေ ပြည်ထောင်စု နိုင်ငံတော်အတွင်း၌သော် လည်းကောင်း၊ အပ၌သော် လည်းကောင်း လူတစ်ဦးဦးကို လှုံ့ဆော်လျှင် သို့တည်း မဟုတ် တစ်ဦးဦးနှင့် ပူးပေါင်းကြံစည်လျှင် ထိုသူသည် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကို ကျူးလွန်သည်။ ပုဒ်မ ၁၂၄-က ကို အစားထိုးခြင်း ၁၂၄-က။ အကြည်ညိုပျက်အောင်ပြုခြင်း မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ် အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက် သို့တည်း မဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် သို့တည်း မဟုတ် တပ်မတော်ကိုဖြစ်စေ၊ တပ်မတော်အဖွဲ့ဝင်များ အတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင် သော်လည်းကောင်းပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျှင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် သို့တည်းမဟုတ် ထိုသို့ လှုံ့ဆော်ရန်အားထုတ် လျှင် ထိုသူကို ထောင်ဒဏ်နှစ် ၂၀ အပြင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ် သို့မဟုတ် ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်။ ပုဒ်မ ၁၂၄-ဂ နှင့် ပုဒ်မ ၁၂၄-ဃ အထက်ပါပုဒ်မများကို ၁၄-၂-၂၀၂၁ ရက်စွဲဖြင့် အောက်ပါအတိုင်း ဖြည့်စွက်ခဲ့ပါသည်။ အလွတ်သဘော ဘာသာပြန်ဆိုတင်ပြရလျှင် - ၁၂၄-ဂ။ မည်သူမဆို တပ်မတော်နှင့် နိုင်ငံတော်၏ တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် ပါဝင်သော ဥပဒေအကောင်အထည်ဖော်ရေး အဖွဲ့အစည်းများ (ဆိုလိုသည်မှာ-ရဲတပ်ဖွဲ့) ကို ဖျက်ဆီးရန် သို့မဟုတ် နှောင့်နှေးစေရန် ပြုလုပ်လျှင် သို့မဟုတ် ကြံရွယ်လျှင် ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ ထိဖြစ်စေ သို့မဟုတ် ထောင်ဒဏ်နှစ် ၂၀ အပြင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၁၀ နှစ် အပြင် ငွေဒဏ် သို့မဟုတ် ငွေဒဏ်ပါ ချမှတ်ရမည်။ ၁၂၄-ဃ။ မည်သူမဆို တပ်မတော်တာဝန်ရှိသူများနှင့် တာဝန်ထမ်းဆောင်နေသော အစိုးရဝန်ထမ်းများကို တစ်နည်းနည်းဖြင့် နှောင့်ယှက်၊ နှောင့်နှေးစေလျှင် ၇ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၆/၂၀၂၁) ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို လည်း ၁၄-၂-၂၀၂၁ ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါပြဋ္ဌာန်းချက်အရ ရာဇဝတ်ကျင့်ထုံး ဥပဒေ ဇယား (၂)တွင် ဖြည့်စွက်ချက်များ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ အတွက် စာတိုင်(၂)တွင် လည်း ကောင်း၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ အတွက် စာတိုင်(၂)တွင်လည်းကောင်း ဖြည့်စွက်ခဲ့ခြင်း ဖြစ်ပါသည်။ (ဖြည့်စွက်ချက်များကို သတင်းစာများတွင် ဖတ်ရှုလေ့လာ နိုင်ပါသည်။) ရာဇသတ်ကြီးပုဒ်မ ၅၀၅ အများပြည်သူ၏ အကျိုးပျက်စီးစေမှု (public mischief) ကိုဖြစ်သော ဖော်ပြချက်နှင့်စပ်လျဉ်း၍ ပုဒ်မခွဲ(က)ကို အစားထိုးခြင်းဖြစ်ပါသည်။ “မည်သူမဆို အစိုးရ သို့မဟုတ် တပ်မတော်၏ စီမံခန့်ခွဲမှု၊ ကျန်းမာရေး၊ စည်းမျဉ်း စည်းကမ်းနှင့် ဆောင်ရွက်မှုများကို ပျက်စီးစေခြင်းသော်လည်းကောင်း၊ အနှောင့်အယှက် ဖြစ်စေခြင်းသော်လည်းကောင်း၊ နှောင့်နှေးစေခြင်းသော် လည်းကောင်း၊ ပိတ်ပင်ခြင်းဖြင့် သော်လည်းကောင်း ပြုစေရန် တပ်မတော်တွင် အမှုထမ်း ရွက်နေသော တပ်မတော်သားများနှင့် အစိုးရဝန်ထမ်း များအား ပြင်းထန်သော မနာခံမှု၊ သစ္စာဖောက်ဖျက်မှု ဖြစ်ပွားစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေ တန်ရာသည့် အကြောင်းရှိလျှင်” ။ ပုဒ်မ ၅၀၅-က ကို အစားထိုးခြင်း (က) နိုင်ငံသားအစုအဖွဲ့ တစ်ခုကိုဖြစ်စေ၊ အများ ပြည်သူကိုဖြစ်စေ ကြောက်ရွံ့စေလျှင် သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်လျှင် (ခ) မဟုတ်မမှန်ကြောင်း ကြိုတင်သိလျက်နှင့် သတင်းအမှားများကို ဖြန့်ဝေလျှင် သို့မဟုတ် ဖြန့်ဝေရန်ကြံရွယ်လျှင် (ဂ) အစိုးရဝန်ထမ်းတစ်ဦးအပေါ် ဖြစ်စေ၊ အစိုးရ ဝန်ထမ်းအစုအဖွဲ့ အပေါ်ဖြစ်စေ၊ အစိုးရဝန်ထမ်း များပေါ်ဖြစ်စေ ပြစ်မှုကျူးလွန်လျှင် သို့မဟုတ် ကျူးလွန်ရန် ကြံရွယ်လျှင် သို့မဟုတ် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျူးလွန်မည် ဖြစ်ကြောင်း ထိတ်လန့်စေလျှင်၊ ထိုသူကို ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ လေ့လာတွေ့ရှိချက် အထက်ပါလေ့လာတွေ့ရှိချက်များအရ ရာဇသတ် ကြီးကို ပြင်ဆင်ခြင်းနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်ခြင်းဟူ၍ နှစ်မျိုးနှစ်စားတွေ့ရပါသည်။ အဆိုပါ ပြင်ဆင်ချက်များကို ပုဒ်မတစ်ခုချင်းအလိုက် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်ခြင်း (ပုဒ်မ ၁၂၁)၊ အကြည်ညိုပျက်အောင်ပြုခြင်း (ပုဒ်မ ၁၂၄-က) (ပုဒ်မ ၁၂၄-ဂ) (ပုဒ်မ ၁၂၄-ဃ) တို့အား အစားထိုးခြင်း ဖြည့်စွက်ခြင်းလည်း ဖြစ်ပါသည်။ ထို့အပြင် ရာဇသတ် ကြီးနှင့် ဆက်နွှယ်သော ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်ဖြည့်စွက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ပုဒ်မ ၅၀၅ မှာ အများပြည်သူ၏ အကျိုးပျက်စီးစေမှုကိုဖြစ်သော ဖော်ပြချက်အကြောင်း ပြဋ္ဌာန်းချက် ဖြစ်ပါသည်။ ဆက်စပ်သော ဥပဒေများ၊ စာရွက်စာတမ်းများကို ဆက်လက်လေ့လာ ဖတ်ရှုသင့်ပါသည်။ သိရှိလိုက်နာရေး ဥပဒေကို မသိ၍ ဖောက်ဖျက်ကျူးလွန်မိပါသည်ဟု ထုချေ၍ မရပါ။ အပြစ်က ခွင့်မလွှတ်ပါ။ ကုစားမှုမရနိုင် သည့်အတွက် ဥပဒေကို သိရှိအောင်လေ့လာမှတ်သား သင့်ပါသည်။ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေပညာ ရှင်များက လက်ဆင့်ကမ်းဝေမျှသင့်ပါသည်။ ကျွန်ုပ်တို့ နိုင်ငံသူနိုင်ငံသားများအနေဖြင့် ပြဋ္ဌာန်းထားသော တရား ဥပဒေများကို အစဉ်လေးစားကြသူများပီပီ ရပ်ရွာအေးချမ်း သာယာရေးအတွက် ဥပဒေကို စောင့်ထိန်းလိုက်နာ သင့်ကြပေသည်။ ဥပဒေဗဟုသုတ ပြန့်ပွားရေး ပြင်ဆင် ချက်များ၊ အစားထိုးချက်များကိုပါ နေ့စဉ်ထုတ်သတင်းစာ များမှတစ်ဆင့် ဖတ်ရှုလေ့လာပြီး ကျယ်ကျယ်ပြန့်ပြန့် ပွားများပေးသင့်ပါသည်။ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူဘဝလုံခြုံရေးတို့အတွက် တရားဥပဒေများကို မပျက်မကွက် လိုက်နာ ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရ ပါသည်။ ကျမ်းကိုးစာရင်း ၁။ ရာဇသတ်ကြီး(မြန်မာဘာသာပြန်ဥပဒေကော်မတီ) ၂။ The Penal code (Burma code Vol. IV,1944) ၃။ The code of Criminal Procedure (Burma code Vol. IV,1944)