ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း

Type

 

ချောချော

(ယမန်နေ့မှအဆက်)
ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း
နိုင်ငံရေးပါတီများသည်  အောက်လွှတ်တော် အတွက်   လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းခွင့်ရှိပြီး နိုင်ငံရေးပါတီဝင်မဟုတ်သူ နိုင်ငံသားများသည်လည်း   မိမိကိုယ်တိုင်   အမည် စာရင်းတင်သွင်းခွင့်ရှိသည်။ နိုင်ငံရေးပါတီများသည် မဲဆန္ဒနယ်တစ်ခုအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးကိုသာ  အဆိုပြုရသည်။   နိုင်ငံရေး ပါတီများသည် တရားရေးဝန်ကြီးဌာနတွင် မှတ်ပုံ တင်ရသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရပြီး  ရွေးကောက်ပွဲမတိုင်မီ  ရက်ပေါင်း ၆၀ အလိုတွင် စတင်၍ရွေးကောက်ပွဲ မတိုင်မီ ၄၅ ရက်အလိုတွင်    ပြီးဆုံးသည်။   တင်သွင်းရာတွင် ကိုယ်စားလှယ်လောင်းသည် သက်ဆိုင်ရာ မဲဆန္ဒ နယ်မှ မဲဆန္ဒရှင်များ၏ ထောက်ခံမှုလက်မှတ်ပေါင်း အနည်းဆုံး ၅၀၀ စုဆောင်း တင်ပြရသည်။ မဲဆန္ဒရှင် တစ်ဦးသည် မိမိနေထိုင်ရာမဲဆန္ဒနယ်မှ ကိုယ်စား လှယ်လောင်းတစ်ဦးကိုသာ ထောက်ခံလက်မှတ်ထိုး ပေးရသည်။    အောက်လွှတ်တော်ကိုယ်စားလှယ်လောင်းသည် တာဂျစ်ကစ္စတန် နိုင်ငံသားတစ်ဦးဖြစ် ရမည်ဖြစ်ပြီး     ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရသည်။ အသက် ၂၅ နှစ်ပြည့်ပြီး အဆင့်မြင့်ပညာရေးဖြင့် အောင်မြင် သူလည်း ဖြစ်ရသည်။  
အထက်လွှတ်တော် Majlisi Milli ကိုယ်စားလှယ် အဖြစ် Majlisi မြို့၊  ဒူရှန်းဘီမြို့၊ (GBAO) Gorno Badakhshan   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   ဒေသမှ ပုဂ္ဂိုလ်များသည် Majlisi Milli အဖွဲ့ဝင်များအဖြစ် ကိုယ်စားလှယ်လောင်းများကို    အမည်စာရင်း တင်သွင်းနိုင်သည်။ အထက်လွှတ်တော် ကိုယ်စား လှယ်လောင်း       အမည်စာရင်းတင်သွင်းခြင်းကို အောက်လွှတ်တော်ရွေးကောက်ပွဲအပြီး   ၁၀ ရက် အကြာတွင်     စတင်၍အထက်လွှတ်တော် ရွေးကောက်ပွဲ မတိုင်မီ ၇ ရက်အလိုတွင် ပြီးဆုံး သည်။ အထက်လွှတ်တော် ကိုယ်စားလှယ်လောင်း သည် အသက် ၃၅ နှစ်ပြည့်ပြီး တာဂျစ်ကစ္စတန် နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့ရရှိသူ လည်း ဖြစ်ရမည်ဖြစ်သည်။ ဒေသဆိုင်ရာ ကိုယ်စား လှယ်များသည် အထက်လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် ပတ်သက် ၍ အစည်းအဝေးကျင်းပပြီး လျှို့ဝှက်မဲပေးစနစ်အသုံး ပြု၍   ဆုံးဖြတ်ကြသည်။  ဒေသဆိုင်ရာကိုယ်စားလှယ် များသည်    ၎င်းတို့တည်ရှိသည့်    ခရိုင်တစ်ခုမှ ကိုယ်စားလှယ်လောင်းတစ်ဦးကိုသာ အဆိုပြုနိုင် သည်။ ဒူရှန်းဘီဒေသကိုယ်စားလှယ်သည်  ၎င်းတို့ ဒေသမှ ကိုယ်စားလှယ်လောင်း နှစ်ဦးအား အဆိုပြု နိုင်သည်။ 
မဲဆွယ်စည်းရုံးခြင်း
တာဂျစ်ကစ္စတန်နိုင်ငံတွင်  နိုင်ငံရေးပါတီများမှ လွှတ်တော်     ကိုယ်စားလှယ်လောင်းများသည် တည်ဆဲဥပဒေအရ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ် စည်းရုံးခွင့်ရှိသည်။  မဲဆွယ်စည်းရုံးခွင့်  ကာလမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း   တင်သွင်း သည့်နေ့မှစ၍ ရွေးကောက်ပွဲမတိုင်မီ ၂၄ နာရီအထိ ဖြစ်သည်။  ရွေးကောက်ပွဲရလဒ်  ခန့်မှန်းချက်များ၊ သဘောထားစစ်တမ်းများအား   လူထုမီဒီယာမှ တစ်ဆင့် ရွေးကောက်ပွဲနေ့မတိုင်မီ ၅ ရက် အလို တွင် ကြေညာသည်။ အောက်ပါနည်းလမ်းများဖြင့် မဲဆွယ်စည်းရုံးနိုင်သည် -
    (၁)    လူထုမီဒီယာ၊
    (၂)    ပြည်သူလူထုနှင့်တွေ့ဆုံမှုများ၊ 
            ဟောပြောမှုများ၊
    (၃)    ပုံနှိပ်ရေးသားပြီး ဖြန့်ဝေမှုများ၊
    (၄)    တည်ဆဲဥပဒေအရ  သတ်မှတ်ထားသော 
            အခြားနည်းလမ်းများ။
လွှတ်တော်       ကိုယ်စားလှယ်လောင်းတစ်ဦး(တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအပါအဝင်) စီသည် ရေဒီယိုနှင့် တီဗွီတို့မှတစ်ဆင့် မဲဆွယ်စည်းရုံးခွင့် ၁၅ မိနစ်ရရှိပြီး   နိုင်ငံရေးပါတီ တစ်ခုသည် ၃၀ မိနစ်ရရှိသည်။   ရွေးကောက်ပွဲ ကော်မရှင်သည် တည်ဆဲဥပဒေများ၊ အမိန့်များနှင့် အညီ   မဲဆွယ်စည်းရုံးမှုအား   စောင့်ကြည့်သည်။ မီဒီယာများကို လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ ဂုဏ်သိက္ခာအား ထိခိုက်စေသော သတင်း များလွှင့်တင်ခြင်းကို  တားမြစ်ထားသည်။  မီဒီယာ လွတ်လပ်ခွင့်ကို  အလွဲသုံးစားပြုမှု၊  အမျိုးသားရေး သဘောထား ကွဲလွဲစေရန် လှုံ့ဆော်မှုများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲစေရန် အကြောင်းအရာ လှုံ့ဆော်မှုများ၊ တိုင်းပြည်တည်ငြိမ်မှုကို ပျက်စီးစေ သော အကြောင်းအရာများကို  မဲဆွယ်စည်းရုံးသည့် အချိန်တွင် တားမြစ်ထားသည်။ 
ဆန္ဒမဲပေးခြင်း
အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲရုံ များကို ရွေးကောက်ပွဲနေ့  နံနက်  ၆  နာရီမှ ည ၈ နာရီအထိ  ဖွင့်လှစ်ကျင်းပသည်။ လျှို့ဝှက်မဲပေးစနစ် ကို အသုံးပြုသည်။ မဲရုံကော်မရှင်များသည် မဲပေးနိုင် သည့်   အချိန်နှင့်နေရာကို   ရွေးကောက်ပွဲမတိုင်မီ  ၁၀ ရက်ထက် နောက်မကျစေဘဲ မဲဆန္ဒရှင်များသို့ ကြေညာသည်။   မဲဆန္ဒရှင်တိုင်းသည်   ကိုယ်တိုင် မဲထည့်ရပြီး အခြားသူများအတွက် ကိုယ်စားမဲပေး ခြင်းကို   တားမြစ်ထားသည်။   ရွေးကောက်ပွဲနေ့ မဲမပေးမီ မဲရုံကော်မရှင်ဥက္ကဋ္ဌသည်   မဲပုံးများကို စစ်ဆေးပြီး   ကော်မရှင်အဖွဲ့ဝင်များ၊    လေ့လာ စောင့်ကြည့်သူများ၊ မီဒီယာများရှေ့တွင်  မဲပုံးကို ချိပ်ပိတ်ရသည်။ မဲရုံကော်မရှင်များသည် မဲဆန္ဒရှင် စာရင်းတွင်ပါဝင်ပြီး  နိုင်ငံကူးလက်မှတ် သို့မဟုတ် အခြားအထောက်အထား စာရွက်စာတမ်းများ ပြနိုင် မှသာ မဲလက်မှတ်ကို   ထုတ်ပေးသည်။ မဲဆန္ဒရှင် တစ်ဦးအား အပိုမဲစာရွက် ပေးခြင်းအား တားမြစ် ထားသည်။ မဲဆန္ဒရှင်သည် လျှို့ဝှက်ဆန္ဒပြုခန်း အတွင်း မဲပေးနေစဉ် မဲဆန္ဒရှင်မှလွဲ၍ အခြားသူများ ရှိနေခြင်းကို တားမြစ်ထားသည်။ မဲဆန္ဒရှင်သည် မဲပေးနေစဉ်   မဲလက်မှတ်ပေါ်    မှားယွင်းသွားပါက ကော်မရှင်အဖွဲ့ဝင်တစ်ဦးထံ    မဲလက်မှတ်အသစ် တောင်းခံနိုင်သည်။       ထုတ်ပေးခြင်းအတွက် ကော်မရှင်အဖွဲ့ဝင်မှ   မှတ်တမ်းထားရှိရသည်။ ပျက်စီးသွားသော မဲလက်မှတ်အား စာရင်းပြုစုထား ရှိရသည်။ မဲဆန္ဒရှင်တစ်ဦးသည် ဆန္ဒပြုပြီးသော မဲလက်မှတ်အား မဲပုံးထဲသို့ ထည့်ရသည်။ အချို့မဲ ဆန္ဒရှင်များသည် အကြောင်းအမျိုးမျိုးကြောင့် မဲစာရင်းတွင် ကျန်ရှိနေပါက ခိုင်လုံသော အထောက် အထား တင်ပြနိုင်လျှင် နောက်ဆက်တွဲ မဲစာရင်းတွင် ထည့်သွင်းပေးရသည်။ 
အထက်လွှတ်တော်ရွေးကောက်ပွဲအား (GBAO) Gorno Badakhshan     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ ကိုယ်စားလှယ်များ၊ ဒူရှန်းဘီမြို့ ကိုယ်စား လှယ်များ၊ ရီပတ်ဘလီကန်ဒေသ  လက်အောက်ခံ မြို့များ၊ ခရိုင်များမှ စုပေါင်းအစည်းအဝေး ကျင်းပ၍ ရွေးချယ်ကြသည်။ အစည်းအဝေးအား မဲဆန္ဒနယ် ဥက္ကဋ္ဌမှ  ဖွင့်လှစ်ပြီး သဘာပတိအဖြစ်  ဆောင်ရွက် သည်။  အထက်လွှတ်တော်  ရွေးကောက်ပွဲအတွက် ဒေသကိုယ်စားလှယ်များ၏ စုပေါင်းအစည်းအဝေး ကို ဒေသကိုယ်စားပြုသော  မဲဆန္ဒရှင်၏ ထက်ဝက် ကျော်  တက်ရောက်ပါက  ရွေးချယ်မှုအထမြောက် သည်ဟု   ယူဆသည်။   လိုအပ်သော   မဲဆန္ဒရှင် ကိုယ်စားလှယ်အရေအတွက် မရှိပါက အစည်းအဝေး ကို ရွှေ့ဆိုင်းရသည်။   အစည်းအဝေးကျင်းပသော အဆောက်အဦအတွင်းတွင်     ကော်မရှင်သည် မဲပေးရန်    နေရာတစ်ခုစီစဉ်ပေးရသည်။   မဲဆန္ဒရှင် ကိုယ်စားလှယ်ထက်ဝက်ကျော်       မဲပေးခဲ့လျှင် ရွေးကောက်တင်မြှောက်ခြင်း အထမြောက်သည်ဟု ယူဆသည်။ မဲပေးမှုပြီးဆုံးပြီးနောက်  သက်ဆိုင်ရာ ခရိုင်    မဲဆန္ဒနယ်ကော်မရှင်သည်     ချက်ချင်းပင် မဲများကို ရေတွက်သည်။    မဲဆန္ဒနယ်ကော်မရှင် ဥက္ကဋ္ဌမှ   မဲရလဒ်ကြေညာပြီးနောက်  အစည်းအဝေး ကို ပိတ်သိမ်းသည်။ 
မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း  
ရွေးကောက်ပွဲအကြို        ရလဒ်များအား ရွေးကောက်ပွဲကျင်းပပြီး ၂၄ နာရီအတွင်း မီဒီယာ များမှ တစ်ဆင့် ကြေညာသည်။ ဗဟိုရွေးကောက်ပွဲ ကော်မရှင်သည် တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲရလဒ် များ၊ အထက်လွှတ်တော် ကိုယ်စားလှယ်စာရင်းများ၊ အောက်လွှတ်တော်  ကိုယ်စားလှယ်စာရင်းများကို ရွေးကောက်ပွဲကျင်းပပြီးနောက်   နှစ်ပတ်အတွင်း ပြည်သူလူထုအား ကြေညာရသည်။ 
နိဂုံး
တာဂျစ်ကစ္စတန်သမ္မတနိုင်ငံသည် အခြားအာရှ အလယ်ပိုင်းနိုင်ငံများနှင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ များကဲ့သို့  ခိုင်မာသော သမ္မတစနစ်ရှိသည့်  နိုင်ငံ ဖြစ်သည်။ ပြည်သူ့ဒီမိုကရက်တစ်ပါတီမှ သမ္မတ Emomali Rahmon သည် ပြည်တွင်းစစ်ကာလဖြစ် သော ၁၉၉၄ ခုနှစ်မှစတင်၍ သမ္မတအဖြစ် အုပ်ချုပ် ခဲ့သည်။ ၂၀၀၃ ခုနှစ်   ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတသက်တမ်းအား   ၅ နှစ်မှ ၇ နှစ်သို့ တိုးမြှင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၀၆ ခုနှစ်   သမ္မတရွေးကောက်ပွဲမှ စတင်အကျုံးဝင် ကျင့်သုံးခဲ့သည်။ ၂၀၀၆ ခုနှစ် သမ္မတရွေးကောက်ပွဲ၊   ၂၀၁၃   ခုနှစ်  သမ္မတ ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက် ပွဲများတွင် ပြည်သူ့ဒီမိုကရက်တစ်ပါတီမှ သမ္မတ Emomali Rahmon ကသာ အနိုင်ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်   ပါလီမန်လွှတ်တော်ရွေးကောက်ပွဲများ တွင်လည်း ပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ကိုယ်စား လှယ်နေရာအများဆုံး  အနိုင်ရရှိခဲ့သည်။ တာဂျစ် ကစ္စတန်နိုင်ငံတွင် တစ်ပါတီစနစ်လွှမ်းမိုးမှု ရှိသော် လည်း သမ္မတအား အစိုးရအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်များက အပြန်အလှန် ထိန်း ကျောင်းမှုရှိခြင်း၊ ရွေးကောက်ပွဲ   လုပ်ငန်းစဉ်များ တွင်   ပွင့်လင်းမြင်သာမှု၊    အများယုံကြည်လက်ခံ မှုရှိခြင်း၊ ပြည်တွင်းစစ်ပြီးဆုံးသည့်  ၁၉၉၇ ခုနှစ်မှ စတင်၍  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ   ဆောင် ရွက်ခဲ့သည့်အတွက်  ပြည်သူလူထု၏ လူနေမှုစနစ်၊ စီးပွားရေးစနစ်များ  ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဒီမို ကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်လျှောက်လှမ်း လျက်ရှိကြောင်း  လေ့လာသုံးသပ်  တင်ပြအပ်ပါ သည်။     ။
Ref:    
https://en.wikipedia.org/wiki/Tajikistan
http://www.unesco.org/education/edurights/media/docs/ae8c0f7576f3d 9f63ff2055592a9cb6b 7f95227a.pdf
https://en.wikipedia.org/wiki/Presi-dent_of_Tajikistan
https://en.wikipedia.org/wiki/Politics_of_Tajikistan
https://en.wikipedia.org/wiki/Supreme_Assembly_(Tajikistan)
https:// www.   legislationline.  org/documents/action/popup/id/6930