
ဆုဝေ
(ယမန်နေ့မှအဆက်)
မဲဆွယ်စည်းရုံးခြင်း
မဲဆွယ်စည်းရုံးခြင်းသည် ရွေးကောက်ပွဲနေ့ မတိုင်မီ ၂၄ နာရီတွင် ပြီးဆုံးသည်။ မဲဆွယ်စည်းရုံး ခြင်းကို ရုပ်မြင်သံကြားမှ အခကြေးငွေပေးပြီး ထုတ်လွှင့်နိုင်သည်။ မီဒီယာများမှတစ်ဆင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများကို မထိခိုက်စေဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ ပါတီ တစ်ခုသည် မိမိယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲပေး သည့်နေ့ ၂၄ နာရီ မတိုင်မီအထိ မဲဆွယ်နိုင်သည်။ အစိုးရပိုင်နေရာ၊ ဘာသာရေးအဆောက်အအုံများ တွင် မဲဆွယ်စည်းရုံးခြင်းများကို တားမြစ်ထားသည်။
မဲပေးခြင်း
ရွေးကောက်ပွဲနေ့ကို ရွေးကောက်ပွဲကျင်းပမည့် နှစ် ဇွန်လနောက်ဆုံးပတ် (အများပြည်သူ အလုပ် ပိတ်ရက် ) တွင် ကျင်းပလေ့ရှိသည်။ ကော်မရှင်သည် ပုံမှန်မဟုတ်သောအခြေအနေ (သဘာဝဘေး၊ စစ်ပွဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထားသော အခြေအနေများ)အရ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်သည်။
ရွေးကောက်ပွဲကော်မရှင်နှင့် တာဝန်ရှိသော အဖွဲ့အစည်းများသည် ရွေးကောက်ပွဲကို တရား မျှတမှုရှိပြီး ပွင့်လင်းမြင်သာစွာ ကျင်းပရမည်။ ပြည်နယ်များရှိ ခရိုင်များ၏ လူဦးရေပမာဏအပေါ် မူတည်၍ မဲရုံများသတ်မှတ်သည်။ မဲရုံတစ်ရုံတွင် ပျမ်းမျှအားဖြင့် မဲဆန္ဒရှင် ၂၀၀၀ ရှိသည်။ မဲပေးခြင်းသည် နံနက် ၇:၀၀ နာရီမှ ည ၂၀:၀၀ နာရီ အထိဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးများသည် ရွေးကောက်ပွဲနေ့ မတိုင်မီတစ်ပတ်အလိုတွင် (လျှို့ဝှက်မဲပုံး၊ ချိပ်ပိတ်မဲပုံးများ၊ မဲရေတွက်ရန် အထောက်အကူပြုပစ္စည်းများ) ကို ပြင်ဆင်သည်။ အထွေထွေရွေးကောက်ပွဲကော်မရှင်(GEC) သည် မဲဆန္ဒရှင်ဦးရေအပေါ်မူတည်၍ မဲရုံအရွယ်အစား သတ်မှတ်ခြင်းကို ဆောင်ရွက်သည်။ မဲရုံဝန်ထမ်း သည် မဲရုံများစစ်ဆေးခြင်းနှင့် မဲပုံးများကို စစ်ဆေး၊ ချိပ်ပိတ်၍ မဲရုံစတင်ဖွင့်လှစ်ရမည်။ စောင့်ကြည့် လေ့လာသူများ၊ ကိုယ်စားလှယ်လောင်းများ၊ မီဒီယာများ စောင့်ကြည့်လေ့လာနိုင်သည်။ မဲရုံများ တွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ယူထားရသည်။
အဆောက်အအုံတစ်ခုထဲတွင် မဲရုံများ အတူဖွင့်နိုင် သည်။ မဲရုံများတွင် မသန်စွမ်းမဲဆန္ဒရှင်များ မဲပေး ရန်အတွက် မဲပေးရန်နေရာ အနည်းဆုံးတစ်ခု (သို့မဟုတ်) နှစ်ခုစီစဉ်ထားသည်။ မဲလက်မှတ် များသည် မဲဆန္ဒရှင်များမဲပေးရန် လွယ်ကူရှင်းလင်း နားလည်စေပြီး မဲပေးရန် ညွှန်ကြားချက်ကိုလည်း ဖော်ပြထားသည်။
လုံခြုံရေးကုတ်များ ထည့်သွင်း ဖော်ပြထားသည်။ မဲလက်မှတ်ပေါ်တွင် အပိုင်း နှစ်ပိုင်း ပါဝင်သည်။ ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင် သော ကိုယ်စားလှယ်အမည်နှင့် ပါတီ (သို့မဟုတ်) ညွန့်ပေါင်း အဖွဲ့အမည်စာရင်းတို့ဖြစ်သည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ သည် မဲလက်မှတ်များကို အဖွဲ့ဝင်များရှေ့တွင် လက်ခံ ရယူသည်။ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တက်ရောက်လာ သော အဖွဲ့ဝင်များအားလုံး လက်မှတ်ရေးထိုးပြီး လက်ခံသည်။ ရွေးကောက်ပွဲနေ့ မဲရုံမဖွင့်မီ မဲပုံးများ စစ်ဆေးပြီးနောက် ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်လေ့လာသူများရှေ့မှောက်တွင် မဲဆန္ဒ ရှင်ဦးရေ၊ လက်ခံရရှိသည့် မဲလက်မှတ်အရေအတွက်၊ မဲလက်မှတ်ပါနံပါတ်အညွှန်းများကို ရှင်းလင်းဖတ် ကြားသည်။ မဲဆန္ဒရှင်များ၏ ID ကို စစ်ဆေးပြီး နောက် မဲလက်မှတ်စာရွက်ကို လက်မှတ်ထိုးပြီး ထုတ်ပေးသည်။ ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၊ စောင့် ကြည့်လေ့လာသူများ မဲရုံသို့လာရောက်လေ့လာနိုင်သည်။
မဲပေးရာတွင် လူကိုယ်တိုင်လာရောက် မဲပေး ရမည်ဖြစ်ပြီး ကိုယ်စား မဲပေး၍မရပေ။ မဲရုံအတွင်း ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်း၊ မှတ်တမ်းတင်ခြင်း ကို တားမြစ်ထားသည်။ မဲလက်မှတ်ပေါ်တွင် ဖော်ပြ ထားသည့် ညွှန်ကြားချက်အတိုင်း မဲပေးရသည်။ မှားယွင်းသွားပါက မဲဆန္ဒရှင်သည် မဲပုံးသို့မထည့်မီ ချက်ချင်းသတင်းပို့ရမည်။ မဲရုံအဖွဲ့ဝင်များသည် စစ်ဆေးသိမ်းဆည်းပြီး အသစ်ထုတ်ပေးရမည်။ မဲရုံသို့မဲပေးရန် လူကိုယ်တိုင်မလာနိုင်သော မဲဆန္ဒရှင်များသည် ဆေးလက်မှတ်အထောက် အထားဖြင့် တောင်းဆိုလာပါက မဲပေးသည့်နေ့ မတိုင်မီ ငါးရက်အတွင်း ချိပ်ပိတ်ထားသော မဲပုံးများ တင်ဆောင်ထားသော Mobile Ballot Box များတွင် ကြိုတင်မဲပေးနိုင်သည်။ မဲရုံတွင် တာဝန်ထမ်းဆောင် ရမည့် မဲရုံဝန်ထမ်းများသည်လည်း ကြိုတင်မဲပေး နိုင်သည်။
စောင့်ကြည့်လေ့လာသူများ
စောင့်ကြည့်လေ့လာသူများသည် စောင့်ကြည့် လေ့လာရန် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မှတ်ပုံတင် ရသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဥပဒေနှင့် အညီ စောင့်ကြည့်လေ့လာနိုင်သည်။
မဲရေတွက်ခြင်း
မဲရေတွက်ခြင်းကို မဲရုံပိတ်သိမ်းပြီးသည့် ၂၀:၀၀ နာရီ နောက်ပိုင်းမှစ၍ မီဒီယာများ၊ စောင့်ကြည့် လေ့လာသူများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ရေတွက်ရသည်။ အသုံးမပြုဘဲ ကျန်နေသော မဲလက်မှတ်များ၊ မှားယွင်းပေးမိ၍ လဲလှယ်ထား သည့် မဲလက်မှတ်များကို သီးခြားဖယ်ထားရသည်။ ထို့နောက် မဲရုံတွင်ရှိသော မဲဆန္ဒရှင်အရေအတွက်၊ မဲလာရောက်ပေးသောမဲဆန္ဒရှင်အရေအတွက်၊ ချိပ်ပိတ်ထားသော Mobile Ballot Box များရှိ မဲလက်မှတ်များ၊ ခိုင်လုံမဲ၊ ပယ်မဲများ၊ ကိုယ်စားလှယ် လောင်းများ၊ ပါတီများရရှိသော မဲရာခိုင်နှုန်းများကို ရေတွက်ရသည်။ ပါတီတစ်ခုထက် ပိုပေးထားသော မဲသည် ပယ်မဲဖြစ်သည်။ မဲရလဒ်များကို ရွေးကောက် ပွဲဌာနခွဲများတွင် အစည်းအဝေးထိုင် ဆွေးနွေးပြီး နောက် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရသည်။ မဲလက်မှတ်စာရွက်များကို လျှို့ဝှက်အဖြစ် ပြည်နယ် နှင့် ခရိုင်များတွင် သိမ်းဆည်းရသည်။ ခရိုင် ကော်မရှင်အဖွဲ့ခွဲများသည် ရရှိလာသော မဲများကို ရေတွက်ပြီးနောက် ၂၈ ရာခိုင်နှုန်း ကျော်လွန်ရရှိသော ကိုယ်စားလှယ်လောင်းများသည် ခရိုင်အတွက် သတ်မှတ်ထားသည့် ကိုယ်စားလှယ်နေရာနှင့် တူညီ နေပါက ရွေးကောက်တင်မြှောက်ခံရမည်ဖြစ်ပြီး လျော့နည်းနေပါက အဆိုပါ ခရိုင်ခွဲတမ်းအတွက် ပြန်လည်ရွေးချယ်သည်။ ခရိုင်တွင် ရွေးကောက်ပွဲပြီး နောက် သုံးရက်အတွင်း ရွေးကောက်ပွဲရလဒ်များကို စိစစ်ပြီးနောက် နှစ်ရက်အတွင်း အထွေထွေ ရွေးကောက်ပွဲကော်မရှင်(GEC) သို့ တင်ပြရသည်။ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ၁၄ ရက်အတွင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲက ဖြေရှင်းရမည်။ အထွေထွေ ရွေးကောက်ပွဲကော်မရှင် (GEC) သည် ခရိုင် ကော်မရှင်အဖွဲ့ခွဲများမှ ပေးပို့လာသော မဲရလဒ်များ ကို စုပေါင်းပြီး ပါတီများ၊ ညွန့်ပေါင်းအစိုးရအဖွဲ့များကို နေရာများ ခွဲဝေပေးရသည်။ ရွေးကောက်ပွဲပြီးနောက် ၁၅ ရက်အတွင်း ထုတ်ပြန်ကြေညာရသည်။
အပြစ်ပေးအရေးယူခြင်း
အပြစ်ပေးအရေးယူခြင်းနှင့်စပ်လျဉ်း၍ ပြစ်မှုနှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာစီရင်ခွင့်နှင့် စပ်လျဉ်း၍ တရားမဥပဒေ၊ သက်ဆိုင်ရာ ပြဋ္ဌာန်းဥပဒေများဖြင့် ဆုံးဖြတ်သည်။ ရွေးကောက်ပွဲဌာနခွဲများသည် မဲဆန္ဒရှင်များ မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊ မှတ်ပုံတင်ရာတွင် မှန်ကန်မှုမရှိခြင်း၊ စောင့်ကြည့်လေ့လာသူများ အနေဖြင့် သတ်မှတ်ချက်များ ချိုးဖောက်ခြင်းတို့နှင့် စပ်လျဉ်း၍ တိုင်ကြားချက်ရရှိသည်နှင့် တစ်ပြိုင်နက် နှစ်ရက်အတွင်း ဖြေရှင်းရသည်။ ခရိုင်သို့ အစီရင်ခံစာ တင်သွင်းရသည်။ ခရိုင်သည် ရွေးကောက်ပွဲဌာနခွဲ များမှ အစီရင်ခံစာရရှိပါက ချက်ချင်းဆောင်ရွက်ရ သည်။ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ခြင်း အငြင်းပွားမှုများကို ချက်ချင်းဆောင်ရွက်ရသည်။ ဆောင်ရွက်ပြီးနောက် သုံးရက်အတွင်း အစီရင်ခံစာ တင်ရသည်။ မဲရလဒ်အငြင်းပွားမှုများနှင့်စပ်လျဉ်း ၍ ၁၄ ရက်အတွင်း ဖြေရှင်းရသည်။ အထွေထွေ ရွေးကောက်ပွဲကော်မရှင်(GEC)သည် ခရိုင်ကော်မရှင် မှ တင်ပြလာသော ကိစ္စများကို ဖြေရှင်းရသည်။ ပါတီ (သို့မဟုတ်) ညွန့်ပေါင်းအဖွဲ့များ မှတ်ပုံတင် ခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဖြေရှင်းရသည်။
၂၀၂၁ ခုနှစ် သမ္မတရွေးကောက်ပွဲ
၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၂၀၄၉၃၇၉ ဦး မှတ်ပုံတင်ထားသည်။ မဲပေးသူဦးရေ မှာ ၁၂၁၅၀၆၃ ဦး၊ တရားဝင်မဲအရေအတွက်မှာ ၁၁၄၃၁၂၆ မဲ ၊ ပယ်မဲ ၇၁၉၃၇ မဲ ဖြစ်သည်။ ယခင် ဝန်ကြီးချုပ် Ukhnaa Khurelsukh( Mongolian People’s Party -MPP) သည် ၆၈ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပြီး သမ္မတရာထူးတာဝန်ယူခဲ့သည်။ အထွေထွေရွေးကောက်ပွဲကော်မရှင် (GEC) သည် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် ကိုဗစ်ကာလဖြစ်၍ ကြိုတင်ကာကွယ်မှုများပြုလုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် အထူးရွေ့လျားမဲရုံများကို ကိုဗစ်လူနာများအတွက် ထောက်ပံ့ပေးထားသည်။ မဲရုံဝန်ထမ်းများသည် လုံခြုံရေးအကာအကွယ် အပြည့်အစုံဝတ်ဆင်၍ တာဝန်ထမ်းဆောင်ကြ သည်။ ရွေးကောက်ပွဲနေ့ မတိုင်မီ ရက် ၂၀ အလိုတွင် မဲဆန္ဒရှင်စာရင်းများကို အွန်လိုင်းမှ ထုတ်ပြန် ကြေညာခဲ့သည်။ ၂၀၁၆ ခုနှစ်မတိုင်မီ ပါလီမန်တွင် အမျိုးသမီး ပါဝင်မှုမှာ ၁၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် အမျိုးသမီးပါဝင်မှုမှာ ၁၇ ဒသမ ၁ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပြီး အမျိုးသမီး ၁၃ ဦး ပါဝင်သည်။
နိဂုံး
မွန်ဂိုလီးယားနိုင်ငံသည် ရွေးကောက်ပွဲစနစ် အမျိုးမျိုး၊ ရွေးကောက်ပွဲအမျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးခဲ့ပြီး ပါတီစုံယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးစနစ် ကို တည်ထောင်ခဲ့သည်။ ပြည်သူအများက တစ်ပါတီ အုပ်ချုပ်မှုစနစ်ကို ဆန့်ကျင်ခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် One Party Communist State စနစ် အဆုံးသတ်ခဲ့သည်။ ပါလီမန် (The State Great Hural− Uisyn Ikh Khural ) တွင် ကိုယ်စားလှယ် ၇၆ နေရာဖြင့် ဖွဲ့စည်းထားပြီး ၄၈ နေရာကို ပါတီစုံ မဲဆန္ဒနယ်များတွင် မဲဆန္ဒရှင်အများစု လာရောက် မဲပေးသည့်စနစ် (plurality vote in multi-mem-ber constituencies) ဖြင့် ရွေးချယ်ပြီး ၂၈ နေရာကို စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (closed-list proportional representation system) ဖြင့် ရွေးချယ်သည်။ အာဏာကို သမ္မတနှင့် ပါလီမန် (The State Great Hural – Uisyn Ikh Khural ) အကြား ခွဲဝေထားသည်။ ယခုလက်ရှိ မွန်ဂိုလီးယား နိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို နှစ်ကျော့ပြန် ရွေးကောက်တင်မြှောက်ခြင်းစနစ် (Two Round System − အနိုင်ရသော ကိုယ်စားလှယ်လောင်းသည် ဆန္ဒမဲအများစုကို အပြတ်အသတ်ရရှိမှသာ၊ တစ်နည်းအားဖြင့် ထောက်ခံမဲပေးသူ ၅၀ ရာခိုင်နှုန်း ကျော်မှသာ အရွေးခံရမည်ဖြစ်သောစနစ်)ကို ကျင့်သုံးသည်။ ရွေးကောက်ပွဲများကို မွန်ဂိုလီးယား နိုင်ငံ အထွေထွေရွေးကောက်ပွဲကော်မရှင်(GEC) မှ တာဝန်ယူ ကျင်းပသည်။ မွန်ဂိုလီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံအမြင့်ဆုံးဥပဒေ ဖြစ်ပြီး ရွေးကောက်ပွဲများကို မွန်ဂိုလီးယားနိုင်ငံ ရွေးကောက်ပွဲဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်တွင်းဥပဒေ၊ သက်ဆိုင်ရာဥပဒေများနှင့်အညီ ကျင်းပသည်။
Reference Books
1 An Overview of Contemporary Mongo-lian Politics (TurtDgtDh Jilnilr -National University of Mongolia)
2 LAW ON THE ELECTION OF THE STATE GREAT HURAL OF MONGOLIA
3 Mongolia: Political and Economic Status (Kerry Dumbaugh and Wayne M. Morrison, Specialists Foreign Affairs, Defense, and Trade Division)
4 ELECTORAL SYSTEM OPTIONS FOR MONGOLIA- Project on “Representation and Inclusiveness through Electoral Systems”( Professor Benjamin Reilly)
5 STATE OF DEMOCRACY IN MONGOLIA A DESK STUDY(Dr. Todd Landman Marco Larizza Claire McEvoy)
- Log in to post comments