ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း    တာဂျစ်ကစ္စတန်နိုင်ငံ

Type


 

 

ချောချော

နိဒါန်း
တာဂျစ်ကစ္စတန်သည်  ပြည်နယ်လေးခုဖြင့် ဖွဲ့စည်း ထားသော သမ္မတနိုင်ငံဖြစ်သည်။ တာဂျစ်ကစ္စတန် သမ္မတနိုင်ငံသည်  အာရှအလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီး  ဧရိယာစတုရန်း  မိုင်ပေါင်း ၅၅၃၀၀ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ တောင် တန်းများသည်  နိုင်ငံ၏  ၉၀  ရာခိုင်နှုန်းကျော်ကို ဖုံးလွှမ်းထားသည်။ လူဦးရေ ခန့်မှန်း ၉  ဒသမ ၅ သန်းကျော် နေထိုင်ပြီး   မြို့တော်မှာ ဒူရှန်းဘီဖြစ်ပါ သည်။   တောင်ဘက်တွင်   အာဖဂန်နစ္စတန်၊ အနောက်ဘက်တွင် ဥဇဘက်ကစ္စတန်၊ မြောက်ဘက် တွင် ကာဂျစ္စတန်နှင့် အရှေ့ဘက်တွင် တရုတ်နိုင်ငံ တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။ တာဂျစ် လူမျိုးများသည်   မျက်မှောက်ခေတ်တွင်   ဇာတိမြေ ဖြစ်သော တာဂျစ်ကစ္စတန်အပြင် အာဖဂန်နစ္စတန် နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများတွင်လည်း နေထိုင် ကြသည်။ တာဂျစ်ကစ္စတန်နိုင်ငံ၏ လူဦးရေ အများ စုသည် တာဂျစ်တိုင်းရင်းသားလူမျိုးများ  ဖြစ်ကြ သည်။ တာဂျစ်ကစ္စတန် ဘာသာစကားမှာ တရား ဝင်   ဘာသာစကားဖြစ်ပြီး  လူမျိုးစုများကြားတွင် ရုရှားဘာသာစကားကိုလည်း  အသုံးပြုကြသည်။ လူဦးရေ၏ ၉၈ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။   တာဂျစ်ကစ္စတန်ဒေသအား Achaemenid အင်ပါယာ၊ Sasanian အင်ပါယာ၊ Hephthalite အင်ပါယာ၊ Samanid အင်ပါယာနှင့် မွန်ဂိုအင်ပါယာများ အပါအဝင် အင်ပါယာများစွာနှင့် မင်းဆက်များက   အုပ်ချုပ်ခဲ့ကြသည်။  ၁၉  ရာစု နှောင်းပိုင်းတွင်  အာရှအလယ်ပိုင်းဒေသကို ရုရှား အင်ပါယာက သိမ်းပိုက်ခဲ့ပြီးနောက် ဆိုဗီယက်ယူနီယံ က ဆက်လက်သိမ်းပိုက်ခဲ့ရာ ထိုဒေသလည်း အပါ အဝင်   ဖြစ်သည်။   ဆိုဗီယက်ယူနီယံအတွင်းတွင် နိုင်ငံ၏နယ်နိမိတ်များကို       ရေးဆွဲခဲ့ကြသည်။ ဆိုဗီယက်   ယူနီယံပြိုကွဲပြီးနောက်  ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် တာဂျစ်ကစ္စတန် သည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာသည်။ လွတ်လပ်ရေးရပြီးနောက် ချက်ချင်း ပင် အုပ်စုကွဲများအချင်းချင်း တိုက်ခိုက်သည့်အတွက် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး  ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ် အထိ ကြာမြင့်ခဲ့သည်။ ၁၉၉၇ ခုနှစ် ပြည်တွင်းစစ် ပြီးဆုံးသည့်အချိန်တွင် အစိုးရနှင့် အစ္စလာမ်မစ် ဦးဆောင်သော အတိုက်အခံများကြား ငြိမ်းချမ်းရေး သဘောတူညီမှုရရှိပြီးနောက်    ဗဟိုအစိုးရသည် ၁၉၉၉ ခုနှစ်တွင် ငြိမ်းချမ်းသော ပါလီမန်လွှတ်တော် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ 
တာဂျစ်ကစ္စတန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ
တာဂျစ်ကစ္စတန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် အတည် ပြုခဲ့ပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၀၀၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် နှစ်ကြိမ် ပြင်ဆင် ခဲ့သည်။ 
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အစိုးရ၏ဖွဲ့စည်းပုံ၊ အခြေခံဥပဒေအခွင့်အရေးများ၊   လွတ်လပ်မှုနှင့် နိုင်ငံသားတို့၏   တာဝန်များအပြင်  ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့၏ လုပ်ပိုင် ခွင့်များကို  သတ်မှတ်ပေးထားသည်။   ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  အခန်း (၁၀) ခန်း ပါဝင်ပြီး ပုဒ်မ (၁၀၀) ခု ပါဝင်သည်။ 
-    အခန်း(၁) တွင်  နိုင်ငံတော်၏ အခြေခံမူများ အား ဖော်ပြထားသည်။
-    အခန်း(၂)တွင် နိုင်ငံသားများနှင့် ဒေသခံများ ၏   လူ့အခွင့်အရေးများ၊  လွတ်လပ်ခွင့် အခြေခံတာဝန်များနှင့် ပတ်သက်၍ ဖော်ပြ ထားသည်။
-    အခန်း(၃)တွင်   ဥပဒေပြုရေးမဏ္ဍိုင်အား ဖော်ပြထားသည်။
-    အခန်း(၄) တွင် တာဂျစ်ကစ္စတန်သမ္မတနှင့် ပတ်သက်၍ ဖော်ပြထားသည်။
-    အခန်း(၅) တွင်    အုပ်ချုပ်ရေးဌာနနှင့် ပတ်သက်၍ ဖော်ပြထားသည်။
-    အခန်း(၆) တွင်  ဒေသခံအစိုးရနှင့်  ပတ်သက် ၍ ဖော်ပြထားသည်။
-    အခန်း(၇)တွင် (GBAO) Gorno Badak-hshan   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပတ်သက်၍ ဖော်ပြထားသည်။ 
-    အခန်း(၈)   (၉)  တွင်    တရားစီရင်ရေးနှင့် ပတ်သက်၍ ဖော်ပြထားသည်။
-    အခန်း(၁၀) တွင်   ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ ကို ဖော်ပြထားသည်။
အုပ်ချုပ်ရေး
တာဂျစ်ကစ္စတန်နိုင်ငံသည်  သမ္မတနိုင်ငံဖြစ် သည်နှင့်အညီ သမ္မတသည် နိုင်ငံ့အကြီးအကဲဖြစ်ပြီး အစိုးရအကြီးအကဲဖြစ်သကဲ့သို့ တာဂျစ်အမျိုးသား တပ်မတော်၏    အကြီးအကဲချုပ်လည်းဖြစ်သည်။ သမ္မတသည်   ဝန်ကြီးချုပ်နှင့်    အစိုးရအဖွဲ့ဝင်များ အားလုံးကို လွှတ်တော်၏ အတည်ပြုချက် မလိုဘဲ ခန့်အပ်နိုင်သည်။ သမ္မတ၏ သက်တမ်းမှာ ခုနစ်နှစ် ဖြစ်သည်။ ဌာနငါးခုနှင့် ရုံး ၂၄ ရုံး ပါဝင်သော သမ္မတ ရုံးသည်  အုပ်ချုပ်ရေးလုပ်ငန်းများတွင်  အရေးကြီး သောကဏ္ဍမှ ပါဝင်သည်။   အုပ်ချုပ်ရေးရုံးများအပြင် နိုင်ငံတော်လုံခြုံရေးကိစ္စများအတွက်    သမ္မတကို အကြံပေးသည့်  လုံခြုံရေးကောင်စီလည်းရှိသည်။ မူဝါဒရေးရာကိစ္စများအတွက် သမ္မတတွင် နိုင်ငံတော် အကြံပေး ငါးဦး ရှိသည်။ ၎င်းတို့မှာ စီးပွားရေး ကိစ္စ များ၊ နိုင်ငံတကာရေးရာကိစ္စများ၊ သိပ္ပံနှင့်လူမှုရေးကိစ္စရပ်များ၊ ပြည်သူ့ရေးရာသတင်းအချက်အလက် နှင့်  ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေး နှင့်  ဥပဒေကျင့်သုံးမှုဆိုင်ရာ   ကိစ္စရပ်များအတွက် ဖြစ်သည်။
ဥပဒေပြုရေး
Supreme Assembly တွင် ကိုယ်စားလှယ် ၆၃ ဦး ပါဝင်သည့် Assembly of Representatives (အောက်လွှတ်တော်) နှင့် ကိုယ်စားလှယ် ၃၃ ဦး ပါဝင်သော National  Assembly ( အထက် လွှတ်တော် ) ဟူ၍ လွှတ်တော်နှစ်ရပ် ပါဝင်သည်။ အောက်လွှတ်တော်သည် အောက်တိုဘာလမှ ဇွန်လ ကုန်အထိ     လွှတ်တော်တွေ့ဆုံမှုရှိပြီး   အထက် လွှတ်တော်သည်  တစ်နှစ်လျှင်နှစ်ကြိမ်  လွှတ်တော် တွေ့ဆုံမှု ရှိသည်။ ဥပဒေပြုလွှတ်တော်ကို ၁၉၉၉ ခုနှစ် စက်တင်ဘာလဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီး  စတင်ခဲ့သည်။  လွှတ်တော်ကိုယ်စား လှယ်များအား ငါးနှစ်သက်တမ်းအတွက် တိုက်ရိုက် ရွေးကောက် တင်မြှောက်ခြင်းဖြင့် ရွေးချယ်ကြသည်။
တရားစီရင်ရေး
ဖွဲ့စည်းပုံအခြေခံဥပဒေသည်  လွှတ်လပ်သော တရားစီရင်ရေးကို ဖြစ်ပေါ်စေရန် ဥပဒေများ ပြဋ္ဌာန်း ပေးထားသည်။ တရားရုံးချုပ်သည် နိုင်ငံ၏အမြင့်ဆုံး တရားရုံးဖြစ်သည်။ အခြားတရားရုံးများမှာ Supr-eme Economic Court နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံးတို့ဖြစ်သည်။ သမ္မတသည် ဥပဒေ ပြုလွှတ်တော်၏ အတည်ပြုချက်ဖြင့် တရားရုံးသုံးခု ၏ တရားသူကြီးများကို  ခန့်အပ်နိုင်သည်။ စစ်ခုံရုံး လည်း ရှိသည်။ တရားရုံးအားလုံး၏ တရားသူကြီး များကို  ၁၀   နှစ်သက်တမ်း   သတ်မှတ်ထားသည်။ တရားစီရင်ရေးသည် သီးခြားလွတ်လပ်သော်လည်း အုပ်ချုပ်ရေးဌာနနှင့် Criminal Groups (ရာဇဝတ် အုပ်စု) များသည် တရားစီရင်ရေးဆိုင်ရာ လုပ်ဆောင် ချက်များအပေါ် သိသိသာသာ လွှမ်းမိုးမှုများ ရှိသည်။ တရားစီရင်ရေးစနစ်တွင် ဒေသ၊ ခရိုင်၊ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အဆင့်များရှိ   အထက်တရားရုံး အသီးသီးသည် အောက်အဆင့်တရားရုံးများအတွက် အယူခံတရားရုံးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ 
တာဂျစ်ကစ္စတန်၏ ရွေးကောက်ပွဲများ
တာဂျစ်ကစ္စတန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ အထက်လွှတ်တော်  (National  Assembly) နှင့် အောက်လွှတ်တော် ( Assembly of Repres-entatives )   တို့အတွက်   ရွေးကောက်ပွဲများကို ကျင်းပသည်။ 
သမ္မတရွေးကောက်ပွဲ
သမ္မတရွေးကောက်ပွဲကို ၇ နှစ်လျှင်တစ်ကြိမ် Two Round System   စနစ်ဖြင့်   ပြည်သူမှ ရွေးကောက်တင်မြှောက်သည်။    ဗဟိုကော်မရှင်သည် သမ္မတရွေးကောက်ပွဲအား     ရွေးကောက်ပွဲဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ သမ္မတ အရည်အချင်း    သတ်မှတ်ချက်များမှာ  တာဂျစ် ကစ္စတန်နိုင်ငံတွင် အနည်းဆုံး ၁၀ နှစ် နေထိုင်သူဖြစ် ရပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြားတွင် ရှိရမည် ဖြစ်သည်။ အနည်းဆုံး မဲဆန္ဒရှင် ၅ ရာခိုင်နှုန်းက အမည်စာရင်းတင်သွင်းသူသာ    သမ္မတရာထူး အတွက် ရွေးချယ်ခံခွင့်ရှိသည်။ ၂၀၁၃ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သမ္မတသည် သက်တမ်း နှစ်ခု ထက်ပို၍ ရွေးကောက်တင်မြှောက်ခြင်း မပြုလုပ်ရ ပါ။ သမ္မတ၏   လစာကို  တရားလွှတ်တော်မှ သတ်မှတ်ထားသည်။ ပထမအကြိမ်  ရွေးကောက်ပွဲ တွင် မဲအရေအတွက် အားလုံး၏ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိသော     သမ္မတလောင်းမရှိခဲ့လျှင် (မည်သည့် သမ္မတလောင်းမှ မဲအများစု မရရှိခဲ့လျှင်) မဲအများဆုံးရရှိသူ နှစ်ဦးအား ဒုတိယအကြိမ်အဖြစ် ၁၅ ရက်မှ ၃၁ ရက်အတွင်း ပြန်လည်ယှဉ်ပြိုင်စေသည့် စနစ် ဖြစ်သည်။ အနိုင်ရရှိသူသည် ဆန္ဒမဲစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် ရရှိရမည် ဖြစ်သည်။ သတ်မှတ် ချက်ထက်နည်းနေလျှင်     ရွေးကောက်ပွဲအသစ် ပြန်၍      ကျင်းပရသည်။   သမ္မတလောင်းများသည် ရွေးကောက်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ရန်  မှတ်ပုံတင် ထားသော မဲဆန္ဒရှင် ၅ ရာခိုင်နှုန်း၏ လက်မှတ်များ တင်ပြရန် လိုအပ်သည်။ တာဂျစ်ကစ္စတန်၏ နောက် ဆုံးအကြိမ် သမ္မတရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် တာဂျစ်ကစ္စတန် နိုင်ငံ၌ ကျင်းပခဲ့သည်။ ၁၉၉၄ ခုနှစ်မှစ၍ သမ္မတ အဖြစ် အာဏာရယူခဲ့သော ပြည်သူ့ဒီမိုကရက်တစ် ပါတီမှ သမ္မတ Emomali Rahom သည် မဲရလဒ် ၉၀   ရာခိုင်နှုန်းကျော်ဖြင့်   အနိုင်ရရှိခဲ့ပြီး  ပဉ္စမ သက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၃၀   ရက်နေ့တွင်    ကျမ်းသစ္စာ   ကျိန်ဆိုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသက်တမ်းကို ၂ ကြိမ် သတ်မှတ်ထားသော်လည်း  သမ္မတ Emo-mali Rahom အတွက် သုံးကြိမ်အထိ ရွေးကောက်တင် မြှောက်ခံရမှုသည် အထူးအခွင့်အရေးတစ်ရပ် အဖြစ် ကဲ့သို့ ရှိနေပေသည်။
အထက်လွှတ်တော်                                   (National Assembly - Majlisi Milli )
National Assembly – Majlisi Milli သည် တာဂျစ်ကစ္စတန်နိုင်ငံ၏ အထက်လွှတ်တော် ဖြစ် သည်။ လွှတ်တော်သက်တမ်းမှာ ငါးနှစ် ဖြစ်သည်။ အထက်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးဖြင့် ဖွဲ့စည်းထားပြီး  ၂၅  ဦးကို Majlisi Milli ဒေသဆိုင်ရာ  ကိုယ်စားလှယ်များက လျှို့ဝှက်မဲဖြင့် ရွေးကောက်တင်မြှောက်၍ ကျန်ရှစ်ဦးကို သမ္မတမှ ခန့်အပ်သည်။ အထက်လွှတ်တော် ရွေးကောက်ပွဲကို အောက်လွှတ်တော်ရွေးကောက်ပွဲပြီးနောက်  ၂၅ ရက်အကြာတွင် ကျင်းပသည်။ လွှတ်တော်ကိုယ်စား လှယ်များသည် တာဂျစ်ကစ္စတန်နိုင်ငံသားဖြစ်ပြီး အသက် ၃၅ နှစ် ရှိရမည်ဖြစ်သည့်အပြင် တက္ကသိုလ် မှ   ဘွဲ့တစ်ခုခု   ရရှိရမည်ဖြစ်သည်။   အထက် လွှတ်တော်သည် ဘတ်ဂျက်၊ လွတ်ငြိမ်းချမ်းသာခွင့် တို့နှင့် သက်ဆိုင်သော ကိစ္စရပ်များမှလွဲ၍ ဥပဒေ ပြုရေးလုပ်ငန်းများကို ဆောင်ရွက်သည်။ အထက် လွှတ်တော်အား တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် ခေါ်ယူသည်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၅ ရက်နေ့တွင် နောက် ဆုံး ကျင်းပခဲ့ပြီး နောင်လာမည့် ရွေးကောက်ပွဲမှာ ၂၀၂၅ ခုနှစ် ဧပြီလဖြစ်မည်ဟု ခန့်မှန်းထားသည်။  
အောက်လွှတ်တော် (Assembly of Representatives - Majlisi Namoyandagon)
Assembly  of  Representatives  သည် တာဂျစ်ကစ္စတန်နိုင်ငံ၏     အောက်လွှတ်တော် ဖြစ်သည်။ ၎င်းတွင်   ကိုယ်စားလှယ်  ၆၃  ဦးဖြင့် ဖွဲ့စည်းထားပြီး လွှတ်တော်၏သက်တမ်းမှာ ငါးနှစ် ဖြစ်သည်။    Assembly of Representation ၏ မဲပေးသည့်စနစ်မှာ Mixed Member Proportional Representation System) ဖြစ်သည်။ ကိုယ်စား လှယ် ၄၁ ဦးအား ( FPTP )  စနစ်ဖြင့်  မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်ပြီး ကိုယ်စားလှယ် ၂၂ ဦး အား  အချိုးကျကိုယ်စားပြုစနစ်(PR ) ဖြင့် ရွေးချယ် သည်။    နိုင်ငံရေးပါတီများသည်  ပါလီမန်ထဲသို့ ဝင်ရောက်ရန် တစ်နိုင်ငံလုံးအတွက်ဖြစ်စေ၊ အနည်း ဆုံး မဲဆန္ဒနယ်တစ်ခုတွင်ဖြစ်စေ ထောက်ခံမဲရရှိမှု ၅ ရာခိုင်နှုန်းကို    ကျော်လွန်ရမည်    ဖြစ်သည်။ ကိုယ်စားလှယ်လောင်းသည် တာဂျစ်ကစ္စတန်နိုင်ငံ သားဖြစ်၍ အသက် ၂၅ နှစ်ပြည့်ပြီး တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိသူ    ဖြစ်ရမည်ဖြစ်သည်။  အောက် လွှတ်တော်မှချမှတ်သော  ဥပဒေများကို  ပြည်နယ် ဘတ်ဂျက်မှလွဲ၍ အထက်လွှတ်တော်သို့ လွှဲပြောင်းရ သည်။ အောက်လွှတ်တော်တွင်သာလျှင် နိုင်ငံတော် ဘတ်ဂျက်နှင့်ပတ်သက်၍    ဥပဒေများ  ချမှတ်နိုင် သည်။  ပုံမှန်လွှတ်တော်အစည်းအဝေးအား အောက် တိုဘာလ  ပထမပတ်မှ   ဇွန်လနောက်ဆုံးပတ်အထိ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသည်။ ထူးခြားသော ကိစ္စရပ်များရှိပါက သမ္မတသည်  လွှတ်တော်နှစ်ရပ် လုံးအားခေါ်ယူ၍ လွှတ်တော်အစည်းအဝေး ကျင်းပ နိုင်သည်။ အောက်လွှတ်တော်၏ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင်  ကျင်းပခဲ့ပြီး နောက်လာမည့်   ရွေးကောက်ပွဲမှာ   ၂၀၂၅   ခုနှစ် မတ်လဖြစ်မည်ဟု   ခန့်မှန်းထားသည်။    တာဂျစ် ကစ္စတန် ပြည်သူ့ဒီမိုကရက်တစ်ပါတီသည် ၂၀၀၀ ပြည့်နှစ်ကတည်းက လွှတ်တော်တွင် လွှမ်းမိုးသော ပါတီ ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်
လွှတ်တော် (၂) ရပ်အတွက် လွှတ်တော်ကိုယ်စား လှယ်များကို ရွေးကောက်တင်မြှောက်ရန် အောက်ပါ ရွေးကောက်ပွဲကော်မရှင်များကို ဖွဲ့စည်းထားသည်-
(၁)    တာဂျစ်ကစ္စတန်ရွေးကောက်ပွဲနှင့်  ဆန္ဒခံယူပွဲ ဗဟိုကော်မရှင်၊
(၂)    Majlisi Milli - အထက်လွှတ်တော် ကိုယ်စား လှယ်များ၏   ရွေးကောက်ပွဲအတွက်  ခရိုင် ရွေးကောက်ပွဲကော်မရှင်၊
(၃)    Assembly of Representatives - အောက် လွှတ်တော်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲ အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်၊
(၄)    အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲရုံ ကော်မရှင်များ။
ဗဟိုကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်း
ရွေးကောက်ပွဲနှင့်   ဆန္ဒခံယူပွဲဆိုင်ရာ  ဗဟို ကော်မရှင်၏ အဓိကတာဝန်မှာ တာဂျစ်ကစ္စတန် နိုင်ငံရွေးကောက်ပွဲများနှင့် ဆန္ဒခံယူပွဲများ ကျင်းပ ပေးရန်ဖြစ်သည်။ အမြဲတမ်း အဖွဲ့အစည်းဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ    အဆင့်ဆင့်ကို စီမံကွပ်ကဲရသည်။ ဗဟိုကော်မရှင်သည် တာဂျစ် ကစ္စတန်နိုင်ငံ   ဖွဲ့စည်းပုံအခြေခံဥပဒေ၊    သမ္မတ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲနှင့် သက်ဆိုင် သော   ဥပဒေများ၊    ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲများကို ကျင်းပသည်။ ဗဟိုကော်မရှင် ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး  ဗဟိုကော်မရှင် အသစ်ရွေးချယ်ပြီးသည့်အချိန်မှသာလျှင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ဗဟိုကော်မရှင်တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်   ၁၃   ဦးတို့  ပါဝင်သည်။ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သမ္မတ၏ အဆိုပြုချက်ဖြင့်   ရွေးကောက်ပွဲရက်  ကြေညာပြီး သုံးရက်အတွင်း  အောက်လွှတ်တော်မှ   ရွေးကောက် တင်မြှောက်သည်။ ဗဟိုကော်မရှင်တွင် ဝန်ထမ်းများ လည်းရှိပြီး ကော်မရှင်နှင့်  ဝန်ထမ်းများ၏ အသုံး စရိတ်များအား     ရီပါဘလီကန်ဒေသဘတ်ဂျက်မှ ရရှိသည်။ 
အထက်လွှတ်တော်    ရွေးကောက်ပွဲအတွက် ခရိုင်ကော်မရှင်အဖွဲ့ခွဲတစ်ခုစီတွင်  ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မရှင်အဖွဲ့ဝင် အနည်း ဆုံး ရှစ်ဦးဖြင့် ဖွဲ့စည်းထားသည်။ အောက်လွှတ်တော် ရွေးကောက်ပွဲအတွက် ခရိုင်ကော်မရှင်အဖွဲ့ခွဲ တစ်ခု စီတွင် ဥက္ကဋ္ဌ၊   ဒုတိယဥက္ကဋ္ဌ၊   အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ ခရိုင်ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်းကို နိုင်ငံရေးပါတီများ၏ အဆိုပြုချက်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အဆိုပြုချက်များ ဖြင့်   ဗဟိုကော်မရှင်က  ရွေးချယ်ခန့်ထားသည်။ 
အောက်လွှတ်တော်  ရွေးကောက်ပွဲများအတွက် မဲရုံကော်မရှင်များ      ရွေးချယ်ရာတွင်       အောက် လွှတ်တော်ရွေးကောက်ပွဲကျင်းပရေး      ခရိုင် ရွေးကောက်ပွဲကော်မရှင်က  ရွေးချယ်ပေးရသည်။ လိုအပ်ချက်ပေါ်မူတည်၍   မဲရုံတစ်ရုံလျှင်   မဲရုံ ကော်မရှင်  အရေအတွက်အား  ငါးဦးနှင့်  ၁၉  ဦး ကြားတွင် ရွေးချယ်ထားသည်။ မဲရုံကော်မရှင်တစ်ခု တွင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့်  အတွင်းရေးမှူးတစ်ဦး တို့ ပါဝင်သည်။
ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်များ
ရွေးကောက်ပွဲ     ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာ သူများ၊ မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲကော်မရှင် ၏   ဆုံးဖြတ်ချက်ချမှတ်ပြီး    ဆယ်ရက်အတွင်း တာဂျစ်ကစ္စတန်  တရားလွှတ်တော်ချုပ်သို့ အယူခံ ဝင်နိုင်သည်။ တရားလွှတ်တော်ချုပ်သည် တိုင်ကြား စာရရှိပြီး သုံးရက်အတွင်း လုပ်ဆောင်မှုပြုရသည်။ ရွေးကောက်ပွဲကျင်းပရန် ခြောက်ရက်သာ ကျန်ရှိပါ က သုံးရက်  မစောင့်ဆိုင်းဘဲ    ချက်ချင်းလုပ်ဆောင်မှု ပြုလုပ်ရသည်။
မဲရုံများဖွဲ့စည်းခြင်း
မဲရုံများကို  မဲဆန္ဒရှင်များအဆင်ပြေစွာ ဆန္ဒမဲ ပေးနိုင်ရန်အတွက်  မဲဆန္ဒရှင်အရေအတွက်ပေါ်မူ တည်၍  ခရိုင်၊  မြို့နယ်၊  ခရိုင်နယ်နိမိတ်များတွင် တည်ဆောက်သည်။ မဲရုံတစ်ရုံကို မဲဆန္ဒရှင်ဦးရေ ၂၀ မှ   ၃၀၀၀  ကြား   သတ်မှတ်ထားသည်။    ခရိုင် ရွေးကောက်ပွဲကော်မရှင်များသည်  ခရိုင်နှင့်မြို့နယ် ဥက္ကဋ္ဌတို့၏ အဆိုပြုချက်များဖြင့် မဲရုံများကို ဖွဲ့စည်း သည်။ နိုင်ငံခြားတိုင်းပြည်များရှိ တာဂျစ်ကစ္စတန် သမ္မတနိုင်ငံကိုယ်စားပြုမဲရုံများကို  တာဂျစ်ကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပြုချက်ဖြင့် ဗဟို ကော်မရှင်က       ဖွဲ့စည်းသည်။    မဲရုံများကို ရွေးကောက်ပွဲရက်သတ်မှတ်ပြီး  ၂၅ ရက်အတွင်း ဖွဲ့စည်းသည်။ နိုင်ငံခြားတိုင်းပြည်များရှိ တာဂျစ် ကစ္စတန်ကိုယ်စားပြု  မဲရုံများနှင့်  ဝေးလံခေါင်သီပြီး သွားလာရန်ခက်ခဲသောနေရာများတွင်  မဲရုံများကို ရွေးကောက်ပွဲမကျင်းပမီ    ၁၀  ရက်ထက်  နောက် မကျစေဘဲ   ဖွဲ့စည်းသည်။    ခရိုင်ရွေးကောက်ပွဲ ကော်မရှင်များသည် မဲဆန္ဒရှင်များအား ၎င်းတို့နှင့် သက်ဆိုင်သော  မဲရုံတည်နေရာများအား  ကြိုတင် ညွှန်ပြအသိပေးထားရသည်။
မဲဆန္ဒရှင်စာရင်းပြုစုခြင်း
အောက်လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲစာရင်းကို    မဲရုံတစ်ခုစီအတွက်ပြုစုပြီး   မဲရုံ ကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်မှတ် ရေးထိုးရသည်။  ဒေသဆိုင်ရာ  အုပ်ချုပ်ရေးအဖွဲ့ များသည် သက်ဆိုင်ရာနယ်မြေများ၌ နေထိုင်သော မဲဆန္ဒရှင်များ၏ အချက်အလက်များကို ပြုစုတင် ပြသည်။ မဲဆန္ဒရှင်စာရင်းပြုစုရာတွင်  မဲဆန္ဒရှင် နေထိုင်ရာ သက်ဆိုင်သည့် မဲဆန္ဒနယ်မြေရှိ မဲစာရင်း တွင်   ထည့်သွင်းရမည်။  မဲပေးမှုအဆင်ပြေစေရန် မဲစာရင်းအား    အက္ခရာစဉ်အလိုက်   ပြုစုသည်။ မဲစာရင်းတွင် မဲဆန္ဒရှင်၏  အမည်၊ မွေးသက္ကရာဇ်နှင့် လိပ်စာတို့ကို   ဖော်ပြထားသည်။  တပ်မတော်တွင် အမှုထမ်းသူများနှင့် ၎င်းတို့အိမ်ထောင်စုဝင်များ၏ မဲဆန္ဒရှင်စာရင်းများကို    သက်ဆိုင်ရာတပ်မှူးမှ ပြုစုပေးသော စာရင်းကို အခြေခံရသည်။ တာဝန် အရ ပြင်ပတွင် ရောက်ရှိနေသော စစ်မှုထမ်းများအား ၎င်းတို့နေထိုင်ရာ   နေရာများအလိုက်   မဲဆန္ဒရှင် စာရင်းများတွင် ထည့်သွင်းပြုစုသည်။မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး သက်ဆိုင်ရာမဲစာရင်းတွင် ပါဝင်သူ ဖြစ်ရသည်။  မဲဆန္ဒရှင်တစ်ဦးသည်   မဲရုံ တစ်ရုံတွင် မဲစာရင်းတစ်နေရာသာ ပါဝင်ရသည်။ 
မဲဆန္ဒရှင်စာရင်းအား ရွေးကောက်ပွဲမကျင်းပမီ ၁၅ ရက် အလိုတွင် ပြည်သူလူထုအား ကြေညာပြီး ရွေးကောက်ခံ       ကိုယ်စားလှယ်စာရင်းအား ရွေးကောက်ပွဲမတိုင်မီ ခုနစ်ရက်အလိုတွင်  ပြည်တွင်း မီဒီယာများမှတစ်ဆင့်   ပြည်သူလူထုအား  အသိ ပေးသည်။ နိုင်ငံသားတိုင်းသည် မဲဆန္ဒရှင် စာရင်း မှန်ကန်မှု ရှိ/မရှိ စစ်ဆေးရန် လိုအပ်သည်။ နိုင်ငံသား တိုင်းသည် မဲစာရင်းတွင် မှားယွင်းသော ပါဝင်မှုများ၊ မဲစာရင်းမှ  ထုတ်ပယ်ခြင်းများအတွက်  တိုင်ကြား ပိုင်ခွင့်ရှိသည်။    ရွေးကောက်ပွဲကော်မရှင်သည် အဆိုပါတိုင်ကြားစာအား    နှစ်ရက်အတွင်းတွင် ဖြေရှင်းရသည်။    ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျှင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ တရားရုံးသို့  အယူခံဝင် နိုင်သည်။ တရားရုံး၏ အဆုံးအဖြတ်သည် အပြီး အပြတ် ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်သည် တရားရုံး၏ ဆုံးဖြတ်ချက်နှင့်အညီ မဲစာရင်းပြင်ဆင် ခြင်းအား ဆောင်ရွက်ရသည်။
(ဆက်လက်ဖော်ပြပါမည်)