
မေမြန်မာ
နိဒါန်း
တောင်ကိုရီးယားနိုင်ငံသည် အရှေ့အာရှတွင်ပါဝင်ပြီး ကိုရီးယား ကျွန်းဆွယ်၏ တောင်ဘက်ပိုင်းဖြစ်ကာ အနောက်ဘက်တွင် တရုတ် နိုင်ငံ၊ အရှေ့ဘက်တွင် ဂျပန်နိုင်ငံနှင့် မြောက်ဘက်တွင် မြောက် ကိုရီးယားနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ကိန်းဂဏန်း များအရ စုစုပေါင်းလူဦးရေ ၅၁၇၀၉၀၉၈ ဦး ရှိပါသည်။ မြို့တော်မှာ ဆိုးလ်ဖြစ်ပြီး လူဦးရေ ၂၅ သန်းကျော် (နိုင်ငံလူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်) နေထိုင်လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အာရှကျားလေးကောင် သို့မဟုတ် နဂါးလေးကောင်အဖြစ် စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့နှင့်အတူ ပူးတွဲသတ်မှတ်ခံရသည့် အာရှတိုက်၏ စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံသမ္မတသည် တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရအဖွဲ့ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ လက်ရှိသမ္မတမှာ မွန်းဂျေးအင်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ၁၉၁၉ ခုနှစ် မတ်လ ၁ ရက်နေ့တွင် လွတ်လပ်ရေးကြေညာခဲ့ပြီး ၁၉၁၉ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အစိုးရတစ်ရပ် စတင်ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် တောင်ကိုရီးယားသမ္မတနိုင်ငံအဖြစ် ထူထောင်ခဲ့သည်။ လက်ရှိကျင့်သုံးလျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေ အား ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အခြားသောဒီမိုကရေစီနိုင်ငံများကဲ့သို့ပင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်ကို ကျင့်သုံးသည်။ တောင်ကိုရီးယားနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ်ကြိမ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သမ္မတကို ပြည်သူများ က တိုက်ရိုက်ရွေးချယ်သည့်စနစ်ကို ကျင့်သုံးခဲ့သော်လည်း ၁၉၆၀ နှင့် ၁၉၈၀ ပြည့်နှစ်များ အကြားတွင် စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုများ ရှိခဲ့သည်။
ရွေးကောက်ပွဲအမျိုးအစားများနှင့် ရွေးကောက်ပွဲစနစ်
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊ လွှတ်တော် ရွေးကောက်ပွဲနှင့် ဒေသန္တရ ရွေးကောက်ပွဲများရှိသည်။ သမ္မတ ရွေးကောက်ပွဲအား ငါးနှစ်လျှင်တစ်ကြိမ် ကျင်းပပြီး လွှတ်တော် ရွေးကောက်ပွဲများနှင့် ဒေသန္တရရွေးကောက်ပွဲများအား လေးနှစ် တစ်ကြိမ် ကျင်းပပါသည်။ ဒေသန္တရ ရွေးကောက်ပွဲများမှာ မြို့တော် အုပ်ချုပ်ရေးမှူးများ၊ မက်ထရိုပိုလီတန်နှင့် မြူနီစီပယ်မြို့တော်ဝန်များ၊ ခရိုင်နှင့် မြူနီစီပယ်လွှတ်တော်များအား ရွေးချယ်တင်မြှောက်ရန် ကျင်းပခြင်းဖြစ်သည်။
သမ္မတအား ပြည်သူလူထုမှ တိုက်ရိုက်ရွေးကောက်တင်မြှောက် ခြင်းဖြစ်ပြီး နိုင်သူအကုန်ယူစနစ်ဖြင့် ရွေးချယ်ပါသည်။ တောင်ကို ရီးယား အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်နေရာ ၃၀၀ ရှိပြီး ၂၅၃ နေရာ(၈၄ ရာခိုင်နှုန်း)အား နိုင်သူအကုန်ယူစနစ်ဖြင့် ရွေးချယ် ခြင်းဖြစ်ကာ ကျန်နေရာ ၄၇ နေရာ (၁၆ ရာခိုင်နှုန်း) အား အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီများသည် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိရေးအတွက် နိုင်သူအကုန်ယူစနစ်ဖြင့် ရွေးချယ်သော ရွေးကောက်ပွဲတွင် စုစုပေါင်းဆန္ဒမဲ၏ ၃ ရာခိုင်နှုန်း သို့မဟုတ် အမတ် နေရာ အနည်းဆုံး ငါးနေရာ အနိုင်ရရှိရမည် ဖြစ်ပါသည်။
သို့ရာတွင် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် မူကြမ်းတင်သွင်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးဥပဒေအရ နိုင်သူအကုန်ယူစနစ် (FPTP) နှင့် Closed List အချိုးကျ ကိုယ်စားပြုစနစ်တို့အပြင် Additional Member System ကိုပါ ပေါင်းစပ်ကျင့်သုံးခဲ့သည်။
ရွေးကောက်ပွဲစနစ်အသစ် (လွှတ်တော်ရွေးကောက်ပွဲများအတွက်)
လွှတ်တော်ရွေးကောက်ပွဲများအတွက် ရွေးကောက်ပွဲစနစ်အသစ် ကို ၂၀၂၀ ပြည့်နှစ် လွှတ်တော်ရွေးကောက်ပွဲများမှ စတင်ကျင့်သုံးခဲ့ သည်။ ယခင်က လွှတ်တော်အမတ်နေရာ ၃၀၀ အနက် ၂၅၃ နေရာ အား နိုင်သူအကုန်ယူစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ကာ ကျန်နေရာ ၄၇ နေရာအား အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သော် လည်း ရွေးကောက်ပွဲစနစ်အသစ်အရ PR ၄၇ နေရာ အနက် ၃၀ နေရာအား Additional Member System ကိုအသုံးပြုပြီး ကျန် ၁၇ နေရာအတွက်သာ ယခင်ကကဲ့သို့ Parallel Voting Method ဖြင့် ရွေးချယ်ခြင်းဖြစ်သည်။ ပြောင်းလဲကျင့်သုံးသည့် စနစ်သစ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အသက်အရွယ်ကို ၁၉ နှစ်မှ ၁၈ နှစ်သို့ လျှော့ချခဲ့ပြီး ယင်းကြောင့် ၂၀၂၀ ပြည့်နှစ် လွှတ်တော် ရွေးကောက်ပွဲတွင် လူငယ် ငါးသိန်းခန့် မဲပေးခွင့်ရရှိခဲ့သည်။
ရွေးကောက်ပွဲနေ့
တောင်ကိုရီးယားနိုင်ငံတွင် ယခင်က ရွေးကောက်ပွဲကျင်းပရမည့် နေ့ရက်အား ဥပဒေတွင် သတ်မှတ်ဖော်ပြထားခြင်း မရှိခဲ့သဖြင့် အာဏာရအစိုးရ သို့မဟုတ် အာဏာရပါတီတွင် ရွေးကောက်ပွဲ နေ့ရက်အား ၎င်းတို့ဆန္ဒရှိသကဲ့သို့ သတ်မှတ်ခွင့်ရှိနေခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Public Official Election Act ကို ပြင်ဆင်ခဲ့ပြီးနောက် ရွေးကောက်ပွဲများ ကျင်းပရမည့်ရက်များကို သတ်မှတ်နိုင်ခဲ့သည်။ သို့သော်ငြားလည်း အကြောင်းတစ်စုံတစ်ရာကြောင့် သမ္မတနေရာ လစ်လပ်သွားသည့်အခါ သို့မဟုတ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ ရသည့်အခါ သို့မဟုတ် ဒေသန္တရအစိုးရများ ပေါင်းစည်းခြင်း၊ ဖျက်သိမ်း ခြင်းများ ဖြစ်ပေါ်သည့်အခါများတွင် ရွေးကောက်ပွဲနေ့အား သမ္မတ သို့မဟုတ် ယာယီသမ္မတ သို့မဟုတ် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သတ်မှတ်နိုင်သည်။ ရွေးကောက်ပွဲ ကျင်းပရမည့် နေ့ရက်များအား အောက်ပါအတိုင်း သတ်မှတ်ထား သည်-
၁။ သမ္မတရွေးကောက်ပွဲများ လက်ရှိသမ္မတသက်တမ်းမကုန်ဆုံးမီ ရက် ၇၀ အလို ပထမဦးဆုံးသော ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန်ဖြစ်သည်။
၂။ လွှတ်တော်ရွေးကောက် လက်ရှိ လွှတ်တော်သက်တမ်း
ပွဲများ မကုန်ဆုံးမီ ရက်ပေါင်း ၅၀ အလို ပထမဦးဆုံးသော ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် ဖြစ်သည်။
၃။ ဒေသန္တရရွေးကောက်ပွဲများ လက်ရှိ လွှတ်တော်သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း ၃၀ အလို ပထမဦးဆုံးသော ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် ဖြစ်သည်။
၄။ အထူးရွေးကောက်ပွဲများ/ ဧပြီလ၏ နောက်ဆုံး ဗုဒ္ဓဟူးနေ့တွင်
ပြန်လည်ကျင်းပရသော ကျင်းပရန် ဖြစ်သည်။ သို့သော်လည်း
ရွေးကောက်ပွဲများ ယင်းနေ့သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်လျှင် သို့မဟုတ် ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ရက် သို့မဟုတ် ရွေးကောက်ပွဲပြီး နောက် တစ်ရက်သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်လျှင် ရွေးကောက်ပွဲ များကို ယင်းသီတင်းပတ်၏ နောက် တစ်ပတ်တွင် ကျရောက်သည့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန်ဖြစ်သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ သမ္မတရွေးကောက်ပွဲ အတွက် ၂၃ ရက်ဖြစ်ပြီး လွှတ်တော်ရွေးကောက်ပွဲများ သို့မဟုတ် ဒေသန္တရရွေးကောက်ပွဲများအတွက် ၁၄ ရက် ဖြစ်သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအား ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းသည့် သတ်မှတ်နောက်ဆုံးရက်အပြီး နောက်နေ့မှ စတင်ကာ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုအထိ ခွင့်ပြုထားသည်။ ရွေးကောက်ပွဲနေ့တွင် မဲဆွယ်စည်းရုံးခွင့်မရှိပါ။
မဲပေးခွင့်သတ်မှတ်ချက်များ
အသက် ၁၉ နှစ်ပြည့်ပြီးသော တောင်ကိုရီးယားနိုင်ငံသားများ သည် သမ္မတရွေးကောက်ပွဲများနှင့် လွှတ်တော်ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိပါသည်။ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင်နေထိုင်ပြီး သက်ဆိုင် ရာဒေသန္တရအစိုးရက မဲစာရင်းပြုစုရန်အတွက် သတ်မှတ်ထားသည့် နေ့ရက်နှင့်အညီ အသက် ၁၉ နှစ် ပြည့်ပြီးသော တောင်ကိုရီးယား နိုင်ငံသားများသည် ဒေသန္တရ ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိပါ သည်။ မဲပေးခွင့်အသက်အရွယ်အား ၂၀၁၉ ခုနှစ်တွင် ၁၈ နှစ်သို့ လျှော့ချခဲ့သည်။ Immigration Control Act ပုဒ်မ ၃၄ (နိုင်ငံခြားသား များ မဲစာရင်းပုံစံပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်း)အရ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မှတ်ပုံတင်ထားပြီး အနည်းဆုံး သုံးနှစ်ကြာ နေထိုင် ပြီးသည့် တောင်ကိုရီးယားနိုင်ငံသား မဟုတ်သူများသည် မဲပေးခွင့် ရှိပါသည်။
အောက်ဖော်ပြပါပုဂ္ဂိုလ်များအား မဲပေးခွင့်မပြုပါ -
- စိတ်ပေါ့သွပ်သည်ဟု ကြေညာခံထားရသူများ
- အလုပ်ကြမ်း သို့မဟုတ် ကြီးလေးသော ပြစ်ဒဏ်မပါဘဲ ထောင်ဒဏ်ကျခံရသော်လည်း ၎င်း၏ ပြစ်ဒဏ်သတ်မှတ် ချက်အား ကင်းလွတ်ခွင့်မရရှိသေးသောသူများ သို့မဟုတ် ပြစ်ဒဏ်ကာလ မကုန်ဆုံးသေးသောသူများ
- ရွေးကောက်ပွဲပြစ်မှုကျူးလွန်သူများ၊ ရွေးကောက်ပွဲ အက်ဥပဒေ/ နိုင်ငံရေးပါတီရန်ပုံငွေ အက်ဥပဒေ ချိုးဖောက် သူများ၊ သမ္မတအနေဖြင့်သော်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်အနေဖြင့် သော်လည်းကောင်း၊ ဒေသန္တရကောင်စီအဖွဲ့ဝင်အဖြစ်သော်လည်းကောင်း၊ ဒေသန္တရ အစိုးရ အကြီးအကဲအဖြစ်သော်လည်းကောင်း၊ တာဝန် ထမ်းဆောင်နေစဉ်အတွင်း ပြစ်မှုကျူးလွန်သူများ
- တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တရားရုံးက ၎င်း၏ မဲပေးခွင့် ကို ရုပ်သိမ်းထားခြင်းခံရသူ သို့မဟုတ် ဆိုင်းငံ့ထားခြင်း ခံရသူများ
ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်များ
နိုင်ငံအတွင်းတွင် ရွေးကောက်ပွဲနေ့မတိုင်မီ အနည်းဆုံး ငါးနှစ်ကြာ အခြေချနေထိုင်ခဲ့ဖူးသူ အသက် ၄၀ နှစ်ပြည့်ပြီးသည့် တောင်ကိုရီးယား နိုင်ငံသားများသည် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိပါသည်။ အသက် ၂၅ နှစ် ပြည့်ပြီးသော တောင်ကိုရီးယား နိုင်ငံသား များသည် လွှတ်တော်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိပါသည်။ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် နေထိုင်သူအဖြစ် သက်ဆိုင်ရာ ဒေသန္တရအစိုးရထံတွင် မှတ်ပုံတင်ထားပြီး ယင်းမဲဆန္ဒနယ်တွင် တစ်ဆက်တစ်စပ်တည်း ရက်ပေါင်း ၆၀ အနည်းဆုံး နေထိုင်ထားသည့် တောင်ကိုရီးယားနိုင်ငံသားများသည် ဒေသန္တရကောင်စီ အဖွဲ့ဝင်အဖြစ် သော်လည်းကောင်း၊ ဒေသန္တရအစိုးရအဖွဲ့ အကြီးအကဲအဖြစ် သော်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါသည်။
မဲစာရင်းပြုစုခြင်း
ရွေးကောက်ပွဲများကျင်းပချိန်တွင် သက်ဆိုင်ရာ Gu/ Si/ Gun (ရပ်ကွက်/မြို့နယ်/ခရိုင်) အကြီးအကဲက ကွန်ပျူတာစနစ်ကို အသုံးပြု ပြီး မဲရုံတစ်ရုံချင်းစီအတွက် တောင်ကိုရီးယားနိုင်ငံသားများအတွက် မဲစာရင်းနှင့် တောင်ကိုရီးယားနိုင်ငံသားမဟုတ်သော်လည်း ပြည်တွင်း နေထိုင်ခွင့်ရရှိသူများ (ဒေသန္တရ ရွေးကောက်ပွဲများအတွက်သာ) အတွက် မဲစာရင်းတို့ကို ပြုစုရပါသည်။ မဲဆန္ဒရှင်တိုင်းသည် ၎င်းတို့၏ မဲစာရင်းအား လွတ်လပ်စွာ စစ်ဆေးနိုင်သည်။ အွန်လိုင်းမှ စစ်ဆေးမည်ဆိုပါက ၎င်းတို့ တစ်ဦးချင်းစီနှင့် သက်ဆိုင်သည့် အချက် အလက်များကိုသာ စစ်ဆေးခွင့်ရှိပါသည်။ မဲစာရင်းနှင့်စပ်လျဉ်းပြီး ပြင်ဆင်ချက် တစ်စုံတစ်ရာ ပြုလုပ်မည်ဆိုပါက မဲဆန္ဒရှင်များအနေဖြင့် ကန့်ကွက်လွှာ သို့မဟုတ် တောင်းဆိုလွှာ တင်သွင်းဆောင်ရွက်နိုင် သည်။ အကယ်၍ မဲစာရင်းတွင် မဲဆန္ဒပေးခွင့်ရှိသူတစ်ဦး၏ အမည် ပါဝင်နေခြင်းမရှိပါက အဆိုပါမဲဆန္ဒရှင်ကို မဲစာရင်းတွင် ထည့်သွင်းရန် အလို့ငှာ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြား ဆောင်ရွက်နိုင်သည်။
ကြိုတင်မဲပေးပိုင်ခွင့်ရှိသူစာရင်း ပြုစုခြင်း
မဲပေးခွင့်ရှိသော ပြည်တွင်းနေထိုင်သူတစ်ဦး (နိုင်ငံခြားသားများမှ အပ) သည် ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ သွားရောက်နိုင်ခြင်းမရှိပါက (နာမကျန်းသူများနှင့် မသန်စွမ်းသူများ အပါအဝင်) ယင်းပုဂ္ဂိုလ် သည် ကြိုတင်မဲပေးလိုကြောင်းကို စာဖြင့်ရေးသားပြီး ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုနေစဉ် ကာလအတောအတွင်းတွင် အကြောင်း ကြားရမည်။ သို့မှသာ ကြိုတင်မဲပေးသူများအတွက် သတ်မှတ်ထား သော မဲရုံ သို့မဟုတ် ၎င်းနေထိုင်ရာနေရာတွင် ကြိုတင်မဲပေးနိုင်မည် ဖြစ်သည်။
မဲစာရင်းမိတ္တူများထုတ်ပေးခြင်း
ကိုယ်စားလှယ်လောင်းများသည် မဲစာရင်းပြုစုသည့် သက်ဆိုင်ရာ အာဏာပိုင်များထံမှ မဲစာရင်းမိတ္တူကို တောင်းခံရရှိနိုင်ပြီး ယင်းမဲစာရင်းနှင့် ကြိုတင်မဲစာရင်းမိတ္တူများကို သော်လည်းကောင်း၊ ကွန်ပျူတာစနစ်ဖြင့် ထည့်သွင်းပြုစုထားသည့် မဲစာရင်းမိတ္တူကို သော်လည်းကောင်း၊ ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့် မဲဆွယ်စည်းရုံးခြင်းအတွက် အသုံးပြုခွင့်ရှိသည်။
ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း
ကိုယ်စားလှယ်လောင်းတစ်ဦးသည် နိုင်ငံရေးပါတီတစ်ခု၏ အဖွဲ့ဝင်ဖြစ်ပါက သက်ဆိုင်ရာပါတီက ၎င်းအတွက် အမည်စာရင်း တင်သွင်းရသည်။ ပါတီတစ်ခုခု၏ အဖွဲ့ဝင်မဟုတ်ပါက သတ်မှတ်ထား သည့် အရေအတွက်အလိုက် မဲဆန္ဒရှင်များထံမှ ထောက်ခံချက်များ ရှိရမည် ဖြစ်သည်။
အစိုးရအရာရှိများနှင့် ကိုယ်စားလှယ်လောင်းဖြစ်ရန် သတ်မှတ် တားမြစ်ထားခြင်းခံရသောသူများသည် ရွေးကောက်ပွဲနေ့မတိုင်မီ ရက်ပေါင်း ၉၀ အလိုမှစတင်ပြီး ၎င်းတို့၏ ရာထူးများမှ နုတ်ထွက်ရ ပါသည်။ ၎င်းတို့၏ ပိုင်ဆိုင်မှုအထောက်အထားများ၊ စစ်မှုထမ်းခြင်း ဆိုင်ရာ အထောက်အထားများ၊ ပြစ်မှုကျူးလွန်ခြင်းဆိုင်ရာ မှတ်တမ်း များ၊ ပညာရေးအထောက်အထားများ၊ လွန်ခဲ့သည့် ငါးနှစ်အတွင်းက အခွန်ပေးဆောင်မှုမှတ်တမ်းများနှင့် ၎င်းတို့၏ ကိုယ်ရေးရာဇဝင်များကို ကိုယ်စားလှယ်လောင်းမှတ်ပုံတင် စာရင်းသွင်းသည့် ကာလအတော အတွင်းတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်သွင်း ရပါသည်။
မှတ်ပုံတင်စာရင်းသွင်းပြီးသည့်နောက်တွင် ကိုယ်စားလှယ် လောင်းတစ်ဦးသည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မီခြင်းကို သော်လည်းကောင်း၊ သတ်မှတ်ချက် များအား ချိုးဖောက်သည်ကိုတွေ့ရှိရလျှင် သော်လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်သည် အဆိုပါကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်စာရင်းသွင်းခြင်းကို ပယ်ဖျက်နိုင် သည်။ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေတင်သွင်းရန် သတ်မှတ်ချက်မှာ သမ္မတနေရာအတွက် ကိုရီးယား ဝမ် သန်း ၃၀၀၊ လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ကိုရီးယား ဝမ် ၁၅ သန်း၊ Si/ Do (မြို့ကြီး/ပြည်နယ်) အုပ်ချုပ်ရေးမှူးနေရာအတွက် ကိုရီးယားဝမ် သန်း ၅၀ ၊ Gu/Si / Gun (ရပ်ကွက်၊ မြို့နယ်၊ ခရိုင်) အကြီးအကဲနေရာ အတွက် ကိုရီးယားဝမ် ၁၀ သန်းနှင့် Si/ Do ကောင်စီအဖွဲ့ဝင်နေရာ ကိုရီးယားဝမ် သုံးသန်းဖြစ်သည်။ အချိုးကျကိုယ်စားပြုစနစ်ဖြင့် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲနှင့် ဒေသန္တရကောင်စီ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေ ကို အပြည့်အဝ ပြန်လည်ပေးအပ်သော်လည်း အကယ်၍ ရွေးချယ်ခံရ မှုအား ကြေညာခံရခြင်းမတိုင်မီ ကိုယ်စားလှယ်လောင်းအဖြစ်မှ ရုပ်သိမ်းသူများနှင့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှု အား ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်းများအား ပြန်လည် ထုတ်ပေးခြင်းမပြုပါ။
သမ္မတရွေးကောက်ပွဲ၊ လွှတ်တော်ရွေးကောက်ပွဲနှင့် ဒေသန္တရကောင်စီရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စား လှယ်လောင်းများအနေဖြင့် ရွေးချယ်ခံရပါက သို့မဟုတ် ခိုင်လုံမဲ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းနှင့်အထက် ရရှိပါက ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေအား အပြည့်အဝရရှိမည်ဖြစ်ပြီး ခိုင်လုံမဲ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းအကြားတွင်ရရှိပါက ရွေးကောက်ပွဲ ဝင်ခွင့် အာမခံငွေတစ်ဝက်ကို ပြန်လည်ရရှိမည်ဖြစ်ပါသည်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်း
ရွေးကောက်ပွဲကာလစတင်ချိန်မှ ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ရက်အလိုအထိ မဲဆွယ်စည်းရုံးခွင့်ရှိပါသည်။ သမ္မတရွေးကောက်ပွဲ များတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် သတ်မှတ် ထားသည့် နောက်ဆုံးရက်၏ နောက်တစ်နေ့မှစပြီး ရွေးကောက်ပွဲ ကာလ စတင်ခြင်း ဖြစ်ပါသည်။ အခြားသော ရွေးကောက်ပွဲများအတွက် ရွေးကောက်ပွဲကာလ စတင်သည့်နေ့ရက်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် သတ်မှတ်ထားသည့် နောက်ဆုံးရက်နေ့ အပြီး ၆ ရက်မြောက်နေ့ ဖြစ်ပါသည်။ သမ္မတရွေးကောက်ပွဲအတွက် ၂၃ ရက်ကြာ မဲဆွယ်စည်းရုံးခွင့်ပြုထားပြီး အခြားရွေးကောက်ပွဲများ အတွက် ၁၄ ရက် ဖြစ်ပါသည်။
မည်သည့်တောင်ကိုရီးယားနိုင်ငံသားမဆို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအား လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိပါသည်။ သို့ရာတွင် သမ္မတ၊ ဒေသန္တရဥပဒေပြု လွှတ်တော်အဖွဲ့ဝင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမှ တရားသူကြီးများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရအရာရှိများ၊ အသက် ၁၉ နှစ် မပြည့်သေးသူများ၊ အစိုးရအေဂျင်စီ/ အဖွဲ့အစည်းများတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ သမဝါယမအသင်းအဖွဲ့များ၊ National Forestry Cooperative Federation၊ ဒေသန္တရအစိုးရအဖွဲ့ကော်ပိုရေးရှင်းများ၊ Homeland Reserve Forces မှ အကြီးတန်းအရာရှိများ၊ Tong/ Ri/ Ban အကြီးအကဲများ၊ လူထုအခြေပြုကော်မတီအဖွဲ့ဝင်များ၊ Society for Better Tomorrow၊ Korea Saemaul Undong Center ၊ Korea Freedom Federation တို့မှ ကိုယ်စားလှယ်များနှင့် အချိန်ပြည့်ဝန်ထမ်း များအား မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ခွင့်မပြုပါ။
မဲပေးခြင်း
မဲဆန္ဒရှင်များ၏ ကြိုတင်ပုံနှိပ်ထားသည့် မဲလက်မှတ်ပေါ်ရှိ ကိုယ်စားလှယ်လောင်းများ၏ အမည်များအနက် မိမိနှစ်သက်ရာ ကိုယ်စားလှယ်လောင်းအား အမှတ်အသားပြုကာ မဲပေးရခြင်းဖြစ်ပါ သည်။ လွှတ်တော်ရွေးကောက်ပွဲများနှင့် ဒေသန္တရကောင်စီအဖွဲ့ဝင် များအတွက် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်တစ်ဦးသည် ကိုယ်စား လှယ်လောင်းအတွက် တစ်မဲနှင့် နိုင်ငံရေးပါတီအတွက် တစ်မဲ စုစုပေါင်း ဆန္ဒမဲနှစ်မဲ ပေးရပါသည်။ မဲပေးချိန်မှာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲများအတွက် နံနက် ၆ နာရီမှ ည ၈ နာရီအထိ ဖြစ်သည်။ မဲရုံစတင်ဖွင့်ချိန် နံနက် ၆ နာရီ တိတိတွင် မဲရုံမှူးသည် စောင့်ကြည့်လေ့လာသူများ၏ ရှေ့တွင် မဲပုံး များကို စစ်ဆေးပြီးနောက် မဲရုံကို စတင်ဖွင့်လှစ်ပါသည်။ မဲပေးရာတွင် မဲဆန္ဒရှင်၏ သက်သေခံကတ်ပြားနှင့် မဲစာရင်းအား တိုက်ဆိုင်စစ်ဆေး ပြီးနောက် မဲလက်မှတ်များကို ထုတ်ပေးပြီး မဲရုံတွင်သာ မဲပေးရပါ သည်။ မဲရုံများကို ညနေ ၆ နာရီတွင်ပိတ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ များတွင်မူ ည ၈ နာရီတွင် မဲရုံပိတ်ပါသည်။ မဲရုံပိတ်ချိန်တွင် ဆန္ဒမဲပေး ရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်များကျန်ရှိနေပါက ယင်းမဲဆန္ဒရှင် များအား နံပါတ်စဉ်များပေးကာ မဲပေးစေပြီးနောက်မှသာ မဲရုံပိတ်ပါ သည်။
မဲရုံပိတ်ပြီးနောက်တွင် မဲပုံးများအား မဲရေတွက်သည့်စင်တာများ ရှိရာသို့ သယ်ဆောင်ပြီးနောက် မဲရေတွက်ပါသည်။ မဲလက်မှတ်များ အား Scan ဖတ်ပြီး မဲရေတွက်သည့်လုပ်ငန်းစဉ်အား ၂၀၀၂ ခုနှစ်တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်မှ စတင်ဆောင်ရွက်ခဲ့သည်။ မဲရေတွက်ရာတွင် မဲလက်မှတ် ခွဲခြားရေတွက်သည့်စက် (Optical Scan Ballot Sorting and Counting Machine ) များကို အသုံးပြုသည်။ ယင်းစက်များက မဲလက်မှတ်များအား ခွဲခြား၊ အတည်ပြု၊ ရေတွက်ပေးပြီး စက်ဖြင့် ရေတွက်ရာတွင် ခွဲခြားအတည်ပြုနိုင်ခြင်းမရှိသည့် အချို့သော မဲလက်မှတ်များအား ပုံမှန်စနစ်ဖြင့် (လက်ဖြင့်) ရေတွက်ပါသည်။ မဲရုံအလိုက် ရရှိလာသည့် ဆန္ဒမဲရလဒ်များ ရရှိပြီးနောက်တွင်၊ ခရိုင် အလိုက်ရလဒ်များ ကြေညာပြီးနောက်တွင် မဲဆန္ဒနယ်အလိုက် ရလဒ် များအား ထုတ်ပြန်ကြေညာပါသည်။
မဲရုံများအား အများအားဖြင့် စာသင်ကျောင်းများတွင် ဖွင့်လှစ် သည်။ ကြိုတင်မဲပေးရန် သတ်မှတ်ကာလအတွင်းတွင် မဲဆန္ဒရှင်များ သည် နိုင်ငံအတွင်း၌ မဲပေးရန်ပြင်ဆင်ထားသည့် မည်သည့်မဲရုံနေရာ၌ မဆို မဲပေးခွင့်ရှိသည်။ ရွေးကောက်ပွဲနေ့တွင်မူ ၎င်းတို့၏ မဲစာရင်းရှိရာ မဲဆန္ဒနယ်အတွင်းရှိ မဲရုံနေရာများတွင်သာ မဲပေးနိုင်သည်။ မဲပေး ရာတွင် မဲလက်မှတ်ပေါ်၌ မင်အနီရောင် အသုံးပြုထားသည့် ရော်ဘာ တံဆိပ်တုံးဖြင့် အမှတ်အသားပြု မဲပေးခြင်းဖြစ်သည်။ တစ်ပြိုင်နက် တည်းတွင် ရွေးကောက်ပွဲ တစ်မျိုးထက်ပို၍ ကျင်းပရသည့်အချိန်မျိုး၌ မဲလက်မှတ်များအား အရောင်များဖြင့် ခွဲခြားသတ်မှတ်ပြီး မဲဆန္ဒရှင် များအနေဖြင့် ရွေးကောက်ပွဲတစ်မျိုးစီအတွက် မဲလက်မှတ်အရောင် တစ်မျိုးစီဖြင့် မဲပေးရပါသည်။ (ဆက်လက်ဖော်ပြပါမည်)
- Log in to post comments