ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း (တူရကီသမ္မတနိုင်ငံ)

Type

လင်းခက်

=====

နိဒါန်း
တူရကီနိုင်ငံသည် အာရှတိုက်အနောက်ပိုင်းရှိ အာရှ မိုင်းနားကျွန်းဆွယ်တစ်ခုလုံးနှင့်          ဥရောပ တောင်ပိုင်း       အရှေ့ဘက်အစွန်းတို့ပါဝင်သော သမ္မတနိုင်ငံတစ်ခုဖြစ်ပြီး ဥရောပဒေသနှင့် အာရှ ဒေသအား ပေါင်းကူးထားသည့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုဖြစ်သည်။      နိုင်ငံ၏အနောက်မြောက် ဘက်တွင်      ဘူလ်ဂေးရီးယားနိုင်ငံနှင့်      ဂရိနိုင်ငံ၊ မြောက်ဘက်တွင်    ပင်လယ်နက်၊     အရှေ့မြောက် ဘက်တွင်    ဂျော်ဂျီယာနိုင်ငံ၊    အရှေ့ဘက်တွင်   အာမေးနီးယားနိုင်ငံ၊  အဇာဘိုင်ဂျန်နိုင်ငံနှင့်  အီရန် နိုင်ငံ၊ အရှေ့တောင်ဘက်တွင် အီရတ်နိုင်ငံ၊ တောင် ဘက်တွင်   ဆီးရီးယားနိုင်ငံနှင့်     မြေထဲပင်လယ်၊ အနောက်ဘက်တွင် မြေထဲပင်လယ်အော်တို့တည်ရှိ သည်။   နိုင်ငံ၏အကျယ်အဝန်းမှာ    စတုရန်းမိုင် ၃၀၂၄၅၅ (၇၈၃၃၅၆ ကီလိုမီတာ) ကျယ်ဝန်းပြီး ၂၀၂၁   ခုနှစ်   စာရင်းများအရ   လူဦးရေစုစုပေါင်း ၈၅၄၈၉၀၀၂   ဦးဖြစ်သည်။    နိုင်ငံ၏မြို့တော်မှာ   အန်ကာရာဖြစ်ပြီး စီးပွားရေးမြို့တော်မှာ အစ္စတန် ဘူလ်ဖြစ်သည်။
တူရကီနိုင်ငံသည် ၁၉၂၃ ခုနှစ်   သမ္မတနိုင်ငံ ထူထောင်ချိန်မှစ၍ ကယ်မားလ်အတာတွရ်(Kemal Atatürk)   ဦးဆောင်ခဲ့သည့်    ပြည်သူ့သမ္မတပါတီ (CHP)က  အုပ်ချုပ်ခဲ့ရာ ၁၉၄၆ ခုနှစ်တွင် အတိုက် အခံ ဒီမိုကရက်တစ်ပါတီ ပေါ်ပေါက်လာပြီး အဆိုပါ ပါတီသည်   ၁၉၅၀   ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ   အုပ်ချုပ်ရေးအာဏာရရှိ လာခဲ့ချိန် မှစ၍ ပါတီစုံဒီမိုကရေစီစနစ်သက်ဝင်လာခဲ့သည်။ ၁၉၂၃  ခုနှစ်   သမ္မတနိုင်ငံ   ထူထောင်ချိန်မှစ၍ လွှတ်တော်တစ်ရပ်သာထားရှိသည့်   ဥပဒေပြုရေး စနစ်အား ကျင့်သုံးခဲ့ပြီး ၁၉၆၁ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်နှစ်ရပ်ကျင့်သုံးသည့် ဥပဒေ ပြုရေးစနစ်ပေါ်ပေါက်လာသည်။ ထို့နောက် ၁၉၈၂ ခုနှစ်   ဖွဲ့စည်းပုံအခြေခံဥပဒေ   ထပ်မံပေါ်ပေါက် လာပြီး   အထက်လွှတ်တော်အား  ဖျက်သိမ်းခဲ့ကာ လွှတ်တော်တစ်ရပ်သာထားရှိသည့် ဥပဒေပြုရေး စနစ်ကို ကျင့်သုံးခဲ့သည်။ ၂၀၀၇၊ ၂၀၁၀၊ ၂၀၁၇ ခုနှစ်   ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဆန္ဒခံယူပွဲအတည်ပြုချက်နှင့်အတူ သမ္မတစနစ်ကို ကူးပြောင်းခဲ့ရာ  ၂၀၁၄   ခုနှစ်မှစတင်၍   သမ္မတ ရွေးကောက်ပွဲများ ပေါ်ပေါက်လာခဲ့ပါသည်။ 
အုပ်ချုပ်ရေး
နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ် ရေးအကြီးအကဲသည်       နိုင်ငံတော်သမ္မတဖြစ်သည်။ နိုင်ငံတော်သမ္မတသည် လိုအပ်ပါက ဥပဒေပြုနှစ်၏ ပထမနေ့တွင် လွှတ်တော်၌ မိန့်ခွန်းပြောကြားနိုင် သည်။  နိုင်ငံတော်သမ္မတသည်   နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတော်၏မူဝါဒများကို လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခွင့်၊        သဝဏ်လွှာပေးပို့ခွင့်ရှိသည်။  နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြီးအကဲဖြစ်ပြီး          ဒုတိယသမ္မတအပါအဝင် ပြည်ထောင်စုအစိုးရဝန်ကြီးများအား   ခန့်အပ်ခြင်း၊   တာဝန်မှရပ်စဲခြင်းများ ဆောင်ရွက်နိုင်သည်။ နိုင်ငံ တော်သမ္မတသည်   ဝန်ထမ်းအဖွဲ့အစည်းအကြီး အမှူးများကို   ခန့်အပ်ခြင်း၊   ထုတ်ပယ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး နိုင်ငံ၏သံတမန်များကို ခန့်အပ် ခြင်း၊  ပြန်လည်ခေါ်ယူခြင်းများလည်း  ဆောင်ရွက် နိုင်သည်။  နိုင်ငံတော်သမ္မတသည်   အသက်အရွယ် ကြီးရင့်သူ၊ မသန်စွမ်းသူ၊ နာတာရှည်ရောဂါခံစားနေရ သူများ၏ချမှတ်ခံထားရသည့်     ပြစ်ဒဏ်တို့အား လျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများဆောင်ရွက် နိုင်သည်။
ဥပဒေပြုရေး
နိုင်ငံ၏   ဥပဒေပြုရေးအာဏာအား   ဥပဒေပြု လွှတ်တော် (Grand National Assembly of Turkey) ထံ အပ်နှင်းထားပြီး   မဲဆန္ဒနယ်   ၈၇ ခုမှ  လွှတ်တော် ကိုယ်စားလှယ်   ၆၀၀  ဖြင့်    ဖွဲ့စည်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုလွှတ်တော်သည် ဥပဒေများပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ   အသုံးစရိတ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊   အတည်ပြုခြင်း၊   ငွေကြေးဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊  စစ်ကြေညာခြင်း၊   နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာသဘောတူညီချက်ကို      အတည် ပြုခြင်း၊   အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်များနှင့် စပ်လျဉ်း၍ သဘောတူဆုံးဖြတ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအားပြင်ဆင်ခြင်း၊ အစိုးရအဖွဲ့အား  ထိန်းကျောင်း ခြင်း၊ ဖွံ့ဖြိုးရေးအစီအစဉ်များအတည်ပြုခြင်း၊ နိုင်ငံ တော်သမ္မတ၏ အရေးပေါ်အခြေအနေကြေညာချက် အားအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊    ငြင်းပယ်ခြင်း       စသည်တို့ဆောင်ရွက်နိုင်သည်။  လွှတ်တော်ကိုယ်စား လှယ်များ၏သက်တမ်းသည် ငါးနှစ်ဖြစ်ပြီး အနိမ့်ဆုံး ခိုင်လုံမဲသတ်မှတ်ချက် ၁၀ ရာခိုင်နှုန်းရှိသည့် အချိုး ကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက် သည်။ 
တရားစီရင်ရေး
တရားစီရင်ရေးအာဏာအား အမှီအခိုကင်းပြီး သမာသမတ်ကျသော တရားရုံးများထံ ခွဲဝေအပ်နှင်း သည်။     တရားရုံးများ၏တရားစီရင်ပိုင်ခွင့်အား     အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုသ ည်လည်းကောင်း၊  လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည်လည်းကောင်း ဝင်ရောက်စွက်ဖက်ခြင်း၊    လမ်းညွှန်ခြင်း၊     ဆွေးနွေး ညှိနှိုင်းခြင်းများ မဆောင်ရွက်နိုင်ပေ။ တရားရုံးများ၏ စစ်ဆေးစီရင်ဆဲအမှုများနှင့်စပ်လျဉ်း၍     ဥပဒေပြု လွှတ်တော်တွင် မေးခွန်းများမေးမြန်းခြင်း၊ ဆွေးနွေး ပွဲများ ကျင်းပခြင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်း များ မဆောင်ရွက်နိုင်ပေ။  ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားရုံးချုပ်လေးရုံးထားရှိပြီး   ၎င်းတို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး၊ Cassation တရားရုံး၊ နိုင်ငံတော်ကောင်စီနှင့်  တရားစီရင်ရေးဆိုင်ရာအငြင်း ပွားမှုများ ဖြေရှင်းရေးတရားရုံးတို့ဖြစ်သည်။   အဆိုပါ တရားရုံးများသည်    သက်ဆိုင်ရာနယ်ပယ်အလိုက် တရားစီရင်ရေးကိစ္စများ ဆောင်ရွက်သည်။ 
ရွေးကောက်ပွဲစနစ်များ
တူရကီနိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲများ၊ သမ္မတရွေးကောက်ပွဲများနှင့် ဒေသန္တရရွေးကောက်ပွဲ များကို ငါးနှစ်တစ်ကြိမ် ကျင်းပပါသည်။ နိုင်ငံ၏တစ်ခု တည်းသော ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားပြုခွင့် ရရှိရန်  အနိမ့်ဆုံးအဆင့်   ခိုင်လုံမဲသတ်မှတ်ချက်သည်  ၁၀     ရာခိုင်နှုန်းဖြစ်ပြီး    ကမ္ဘာ့နိုင်ငံများအနက် အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည်။
တူရကီနိုင်ငံတွင်  ကျင်းပသောရွေးကောက်ပွဲ များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က)        လွှတ်တော်ရွေးကောက်ပွဲများ -   လွှတ်တော် ရွေးကောက်ပွဲများတွင်     ပါတီကိုယ်စားပြု အချိုးကျကိုယ်စားလှယ် ရွေးချယ်သည့်စနစ် (PR) ကို ကျင့်သုံးပါသည်။ 
(ခ)     သမ္မတရွေးကောက်ပွဲများ   -     သမ္မတ ရွေးကောက်ပွဲတွင်   နှစ်ကျော့ပြိုင်စနစ်ကို ကျင့်သုံးပါသည်။         သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့်   ကိုယ်စားလှယ် လောင်းများအနက် ကနဦး (ပထမအကျော့)  ယှဉ်ပြိုင်သည့်ရွေးကောက်ပွဲတွင် မည်သည့် ကိုယ်စားလှယ်လောင်းမျှ   ၅၀    ရာခိုင်နှုန်း အထက်   ခိုင်လုံမဲမရရှိခဲ့လျှင်   မဲအများဆုံး ရရှိသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးအား ရွေးချယ်၍  ပြန်လည်ယှဉ်ပြိုင်ရသည့်စနစ် ဖြစ်သည်။
(ဂ)     ဒေသန္တရရွေးကောက်ပွဲများ   -   ဒေသန္တရ ရွေးကောက်ပွဲများတွင်    နိုင်သူအကုန်ယူ စနစ် (FPTP) ကို ကျင့်သုံးပါသည်။
လွှတ်တော်ရွေးကောက်ပွဲများ
တူရကီနိုင်ငံ၏ဥပဒေပြုလွှတ်တော် (Grand National Assembly) တွင် လွှတ်တော်ကိုယ်စား လှယ် ၆၀၀ ရှိပြီး   ၎င်းတို့အား    ပါတီကိုယ်စားပြု အချိုးကျကိုယ်စားလှယ်   ရွေးချယ်သည့်စနစ်အား   ကျင့်သုံး၍       ရွေးကောက်တင်မြှောက်ပါသည်။ လွှတ်တော်တွင် ကိုယ်စားပြုခွင့်ရရှိရန်မှာ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်  အနိမ့်ဆုံးအဆင့်    ခိုင်လုံမဲ သတ်မှတ်ချက်   ၁၀    ရာခိုင်နှုန်းနှင့်အထက်   ရှိရန် လိုအပ်သည်။        နိုင်ငံရေးပါတီများအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်အတွင်းရှိ   ဒေသအချို့တွင် မဲအများစုဖြင့်  အနိုင်ရရှိစေကာမူ  သတ်မှတ်ထား သည့် အနိမ့်ဆုံးခိုင်လုံမဲ လိုအပ်ချက်အား မပြည့်မီ ပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြု ခွင့်ရရှိမည်မဟုတ်ပေ။ အနိမ့်ဆုံးခိုင်လုံမဲ  သတ်မှတ် ချက်ဖြစ်သည့် ၁၀ ရာခိုင်နှုန်းသည်  မြင့်မားသော သတ်မှတ်ချက်တစ်ခုဖြစ်ပြီး  အဆိုပါသတ်မှတ်ချက် အောက်လျော့နည်းရရှိပါက      နိုင်ငံရေးပါတီများ အနေဖြင့် လွှတ်တော်တွင်ကိုယ်စားပြုခွင့်ရရှိမည် မဟုတ်ဘဲ   ၁၀   ရာခိုင်နှုန်းနှင့်အထက်ရရှိသည့် နိုင်ငံရေးပါတီများသည် ကိုယ်စားလှယ်အချိုးအစား ပိုမိုရရှိမည်ဖြစ်သည်။   အနိမ့်ဆုံးခိုင်လုံမဲသတ်မှတ် ချက်သည်   တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း များအတွက်  သတ်မှတ်ထားခြင်းမရှိဘဲ    ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲအများဆုံး ရရှိမှသာ         ရွေးကောက်တင်မြှောက်ခံရမည် ဖြစ်သည်။
မဲဆန္ဒနယ်များသတ်မှတ်ခြင်း
ဥပဒေပြုလွှတ်တော်ရှိ ကိုယ်စားလှယ် ၆၀၀ အား သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ် ၈၇ ခုမှ ရွေးကောက်တင်မြှောက်သည်။    သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ လူဦးရေအချိုးအစားအပေါ်မူတည် ၍ ကိုယ်စားလှယ်အရေအတွက် ကွဲပြားခြားနားမည် ဖြစ်သည်။    တူရကီနိုင်ငံ၏ဗဟိုရွေးကောက်ပွဲ ကျင်းပရေးကောင်စီ(SEC) သည် ရွေးကောက်ပွဲများ မကျင်းပမီကာလ၌  သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လူဦးရေစာရင်းများ  စိစစ်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ် အချိုးအစားအား   တိုးချဲ့ခြင်း၊   လျှော့ချခြင်းများဆောင်ရွက်နိုင်သည်။
၂၀၁၈  ခုနှစ်   အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၅၉၃၆၇၄၆၉ ဦး (၅၉ သန်းကျော်) ရှိပြီး မဲဆန္ဒရှင် ၉၈၉၄၅  ဦးလျှင် ကိုယ်စားလှယ်တစ်ဦးနှုန်း ဖြစ်သည်။   ရွေးကောက်ပွဲစနစ်အရ    မဲဆန္ဒနယ် တစ်ခုနှင့်တစ်ခုတွင်  မဲဆန္ဒရှင်ဦးရေနှင့်  ကိုယ်စား လှယ်အချိုးသည်   တူညီမှုမရှိနိုင်ပေ။   မဲဆန္ဒနယ် တစ်ခုတွင် ကိုယ်စားလှယ်အချိုးအစားသတ်မှတ် ခြင်းသည် မဲဆန္ဒရှင်အရေအတွက်အပေါ်  မူတည် ခြင်းမရှိဘဲ ၎င်းဒေသရှိလူဦးရေကို အခြေခံ၍သာ ဆုံးဖြတ်သတ်မှတ်သည်။   v စာမျက်နှာ ၆ မှ
မဲဆန္ဒနယ် ၈၇  ခုတွင်   သက်ဆိုင်ရာမဲဆန္ဒနယ် အလိုက်ရရှိသည့်  ကိုယ်စားလှယ်အချိုးအစားအား အောက်ပါအတိုင်းတွေ့ရှိရသည်။ 
မဲဆန္ဒရှင်စာရင်းပြုစုခြင်း
ဗဟိုရွေးကောက်ပွဲကျင်းပရေး    ဘုတ်အဖွဲ့ သည်  မဲစာရင်းပြုစုခြင်းအား    ဗဟိုမဲစာရင်းပြုစုရေး စနစ်မှတစ်ဆင့်   ပြုစုဆောင်ရွက်သည်။     မဲစာရင်း ပြုစုရာတွင် မဲဆန္ဒရှင်များ၏    မှတ်ပုံတင်ကတ်အမှတ် များကိုအခြေခံ၍ ၎င်းတို့၏အမြဲတမ်းနေရပ်လိပ်စာ တည်ရှိရာနေရပ်ဒေသတွင်  တစ်ကြိမ်သာ   စာရင်း ရေးသွင်းပြုစုသည်။ မဲဆန္ဒရှင်များ၏   ကိုယ်ရေး အချက်အလက်များနှင့်စပ်လျဉ်း၍    ၎င်းတို့၏ လုပ်ငန်းခွင်/  ကုမ္ပဏီများမှ   စုစည်းတင်ပြစေ၍    ပြင်ဆင်ဖြည့်စွက်ခြင်းများ ဆောင်ရွက်သည်။ ဒေသ ဆိုင်ရာ/   ခရိုင်အာဏာပိုင်များမှလည်း    အခြား ကိုယ်ရေးအချက်အလက်များဖြစ်သည့်   မွေးစာရင်း၊     သေစာရင်း၊   အိမ်ထောင်ရှိ/မရှိ   စသည့်ကိုယ်ရေး အချက်အလက်များကိုလည်း    ကောက်ယူပြုစုကြ သည်။
ရွေးကောက်ပွဲကာလတွင်  ဗဟိုရွေးကောက်ပွဲ ကျင်းပရေးဘုတ်အဖွဲ့သည်   ပြုစုထိန်းသိမ်းထားရှိ သည့်မဲစာရင်းများအား ခရိုင်ရွေးကောက်ပွဲကျင်းပရေး ဘုတ်အဖွဲ့များထံပေးပို့၍ အများပြည်သူထံ ထုတ်ပြန် ကြေညာသည်။ မဲဆန္ဒရှင်များအနေဖြင့်   ၎င်းတို့၏ မဲစာရင်းပါအချက်အလက်များနှင့်စပ်လျဉ်း၍  ဗဟို ရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့ website တွင် လည်း  ဝင်ရောက်ကြည့်ရှုနိုင်သည်။ ဗဟိုရွေးကောက် ပွဲကျင်းပရေးဘုတ်အဖွဲ့သည်     မဲစာရင်းများကို ရွေးကောက်ပွဲကာလမတိုင်မီ   နိုင်ငံရေးပါတီများထံ သို့လည်း   ဖြန့်ဝေဆောင်ရွက်သည်။   မဲစာရင်းများ ထုတ်ပြန်ကြေညာစဉ်ကာလအတွင်း  မဲဆန္ဒရှင်များ အနေဖြင့်   ၎င်းတို့၏ကိုယ်ရေးအချက်အလက်များ ပြင်ဆင်ဖြည့်စွက်ရန် တောင်းဆိုနိုင်သည်။ သတ်မှတ် ကာလကျော်လွန်ပါက  ပြင်ဆင်ဖြည့်စွက်ခြင်းများ  ဆောင်ရွက်ပေးမည်မဟုတ်ဘဲ      နေရပ်လိပ်စာ ပြောင်းလဲသည့် မဲဆန္ဒရှင်များသည် ၎င်းတို့၏မဲစာရင်း ပါရှိရာ  မူလနေရပ်ဒေသတွင်ပင်   ဆန္ဒမဲပေးနိုင်မည် ဖြစ်သည်။
အခြေခံပညာပြီးမြောက်ထားခြင်း   မရှိသူ၊ ဥပဒေအရမသန်စွမ်းသူ၊ စစ်မှုထမ်းများ၊ စစ်ဘက် ဆိုင်ရာ သင်တန်းကျောင်းများတွင် တက်ရောက်နေ သည့်သင်တန်းသူ သင်တန်းသားများ၊  ထောင်ဒဏ် ချမှတ်ထားခြင်းခံရသူ၊ ထောင်ဒဏ်ကျခံနေရသူများ သည် ဆန္ဒမဲပေးခွင့်ရရှိမည်မဟုတ်ဘဲ အသက် (၁၈) နှစ်ပြည့်ပြီး   ဥပဒေနှင့်မဆန့်ကျင်သော  တူရကီနိုင်ငံ သားတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။
ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း
အသက် (၁၈) နှစ်ပြည့်ပြီး  ဥပဒေနှင့်မဆန့်ကျင် သော  အခြေခံပညာတတ်မြောက်ပြီးသူ   နိုင်ငံသား တိုင်းသည်       ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိ သည်။ စစ်မှုမထမ်းမနေရဥပဒေအရ    စစ်မှုမထမ်း ရသေးသူများ၊   ပြည်သူ့ဝန်ထမ်းအဖြစ်   တာဝန် ထမ်းဆောင်ရန်   ဥပဒေအရတားမြစ်ခြင်းခံရသူ၊   တရားရုံးမှချမှတ်ထားသည့်    ပြစ်မှုပြစ်ဒဏ်ကျခံဖူး သူများ သည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိပေ။ 
နိုင်ငံရေးပါတီဗဟိုရုံးများသည်        ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်း   အမည်စာရင်း အား   ဗဟိုရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့သို့   တင်သွင်းရပြီး   ဗဟိုရွေးကောက်ပွဲကျင်းပရေးဘုတ် အဖွဲ့သည်   အဆိုပါကိုယ်စားလှယ်လောင်းစာရင်း များရရှိသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာပြည်နယ် ရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့များထံ  ပေးပို့ အကြောင်းကြားရသည်။  ထို့နောက်ကိုယ်စားလှယ် လောင်းအမည်စာရင်းများအား        နိုင်ငံတော် ပြန်တမ်းနှင့် ရေဒီယိုတို့တွင် ထည့်သွင်းကြေညာပြီး သက်ဆိုင်ရာမဲဆန္ဒနယ်များတွင်လည်း  ပြည်နယ် ရွေးကောက်ပွဲ         ကျင်းပရေးဘုတ်အဖွဲ့များက ထပ်ဆင့်ကြေညာရသည်။
တစ်သီးပုဂ္ဂလ  ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲတွင်    ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီကြောင်း    လျှောက်ထားလွှာနှင့် အတူ ၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်မည့်      မဲဆန္ဒနယ်ရှိ သက်ဆိုင်ရာ      ပြည်နယ်ရွေးကောက်ပွဲကျင်းပ ရေးဘုတ်အဖွဲ့များထံ             လျှောက်ထားရမည်။ ပြည်နယ်ရွေးကောက်ပွဲကျင်းပရေး       ဘုတ်အဖွဲ့ များသည်    လျှောက်လွှာများ   စိစစ်အတည်ပြု ပြီးသည်နှင့်တစ်ပြိုင်နက်          ဗဟိုရွေးကောက်ပွဲ ကျင်းပရေးဘုတ်အဖွဲ့ထံ      ပေးပို့တင်ပြရပြီး   သက်ဆိုင်ရာမဲဆန္ဒနယ်တွင်လည်း       ကိုယ်စားလှယ် လောင်းအမည်စာရင်းအား       ကြေညာထားရှိ ရသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း      အမည် စာရင်းများ   ကြေညာပြီးနောက်   နှစ်ရက်အတွင်း သက်ဆိုင်ရာ    ပြည်နယ်ရွေးကောက်ပွဲကျင်းပရေး ဘုတ်အဖွဲ့များထံ     ကန့်ကွက်လွှာတင်သွင်းနိုင်ပြီး ပြည်နယ်ရွေးကောက်ပွဲ   ကျင်းပရေးဘုတ်အဖွဲ့သည် နှစ်ရက်အတွင်း   ကန့်ကွက်လွှာအား    စစ်ဆေး ဆုံးဖြတ်ရသည်။ ကန့်ကွက်လွှာတင်သွင်းသူသည် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍   ကျေနပ်မှုမရှိပါက ဗဟိုရွေးကောက်ပွဲကျင်းပရေးဘုတ်အဖွဲ့ထံ အယူခံ တင်သွင်းနိုင်သည်။ ဗဟိုရွေးကောက်ပွဲကျင်းပရေး      ဘုတ်အဖွဲ့သည် ကိုယ်စားလှယ်လောင်းအမည် စာရင်းများ   အပြီးသတ်ကြေညာမည့်ရက်ထက် နောက်မကျစေဘဲ ကန့်ကွက်လွှာအား   သုံးရက် အတွင်း အပြီးသတ်ဆုံးဖြတ်ရသည်။
                           ဆက်လက်ဖော်ပြပါမည်