ဝါစိုက်ပျိုးမှုဧက တိုးမြှင့် သတ်မှတ်အထွက်နှုန်းရရန် ကြိုးပမ်း

စက်မှုသီးနှံတစ်ခုဖြစ်သည့် ဝါသည် မြန်မာနိုင်ငံအတွက် အရေးပါ သည့် သီးနှံများတွင်ပါဝင်ပြီး ဝါစိုက်ပျိုးရေးကို နှစ်အလိုက်တိုးမြှင့် သွားရန် ကြိုးပမ်းလျက်ရှိသည်။ ဝါသီးနှံစိုက်ပျိုးရေး စီမံကိန်းကာလ ကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ သတ်မှတ်ထားပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ် နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ လက်ရှိဝါစိုက်ပျိုးမှုမှာ ဧကငါးသိန်းဖြစ်ရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြို၊ မိုးတွင်းနှင့် မိုးနှောင်း ဝါစိုက်ပျိုး ရာသီများအတွင်း စီမံကိန်းဝင်ဒေသများရှိ ဝါသီးနှံစိုက်ပျိုးရေးဇုန် ၁၉ ခုတို့တွင် ဝါစိုက်ဧက စုစုပေါင်း ၆၁၂၇၁၂ ဧက စိုက်ပျိုးသွား မည်ဖြစ်သည်ဟု သိရသည်။ တိုးတက်လျက်ရှိသည့် လူဦးရေ၏ ဝတ်ရေးလိုအပ်ချက်အတွက် ဝါသီးနှံကို တိုးချဲ့စိုက်ပျိုးသွားရမည် ဖြစ်ရာ  ဝါစိုက်ပျိုးရေးစီမံကိန်းကာလပြီးသည့်နောက်  ၂၀၂၇-၂၀၂၈ ခုနှစ်တွင်  ဝါစိုက်ပျိုးရေး  ဧရိယာဧက ၇၄၇၀၀၀ အထိ စိုက်ပျိုးသွားနိုင်ရေးနှင့်  တစ်ဧကဝါအထွက်နှုန်း  ပိဿာ ၇၀၀ ထွက်ရှိရေးတို့ကို ဝါသီးနှံစိုက်ပျိုးရေးဇုန်အလိုက် တာဝန်ပေးအပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်    ချည်မျှင်နှင့်အထည်အလိပ် လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး  ညှိနှိုင်းဆွေးနွေးပွဲကို ယခုနှစ်  မတ်လ    ၇    ရက်က    ကျင်းပခဲ့ရာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်ဆွေးနွေးခဲ့ရာတွင် “ပြည်တွင်းမှ ထွက်ရှိသည့်ဝါဂွမ်းများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချ နိုင်ရေးနှင့်    ချည်ကုန်ချောများ၊     အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့်  ချည်မျှင်နှင့်အထည်ချုပ်လုပ်ငန်းများ    ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဦးစွာ အရည်အသွေးကောင်းသော   (A) အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် ထွက်ရှိလာသည့်    ဝါကုန်ကြမ်းများကို    ချည်မျှင်ထုတ်လုပ်နိုင် ရေးနှင့် ပိတ်အဖြစ်ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာများ လိုအပ်ကြောင်း”  ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။   ဤ သည်မှာ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါစိုက်ပျိုးထုတ်လုပ် မှု၊ အရည်အသွေးကောင်းအဆင့်မီ ချည်မျှင်နှင့် ချည်ချောထည် များ၊ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်များတစ်လျှောက် ဖွံ့ဖြိုး တိုးတက်မှုရရှိရေးနှင့်    တစ်ဆက်တည်းမှာပင်    ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာရန် အရေးပါသည့် အချက်များပင်ဖြစ်သည်။
ဝါစိုက်ပျိုးထုတ်လုပ်မှု၏ နောက်ဆက်တွဲတွင် ဝါကြိတ်စက် များ၊ ချည်မျှင်နှင့် အထည်စက်များ၊ အထည်ချုပ်လုပ်ငန်းများ စသည်ဖြင့် စီတန်းတည်ရှိနေသည်၊၊ ဝါကြိတ်ခွဲစက်များမှ ဂွမ်းနှင့် ဝါ‌စေ့တို့ထွက်ရှိလာပြီး     ဝါစေ့မှ  ဝါစေ့ဆီနှင့်  တိရစ္ဆာန်အစာ  ဝါကြိတ်ဖတ်တို့ ထုတ်လုပ်နိုင်ရာ ဝါစိုက်ပျိုးမှုနှင့် ဆက်စပ်၍ သေး၊ ငယ်၊ လတ်စီးပွားရေးလုပ်ငန်း(MSME) များစွာတို့ ဖြစ်ထွန်းနိုင် ခြင်းကြောင့်   အောင်အောင်မြင်မြင်   ရေရှည်တည်တံ့   ရှင်သန် နိုင်စေရန်     ဆောင်ရွက်သွားကြရမည်ဖြစ်သည်၊၊   သို့ဖြစ်ရာ နိုင်ငံတော်က ရည်မှန်းဆောင်ရွက်နေသည့် ဝါစိုက်ပျိုးဧကများ နှစ်စဉ်တိုးမြှင့်  စိုက်ပျိုးရေး၊ တစ်ဧက  ပန်းတိုင်ရည်မှန်းချက် ဝါပိဿာ ၇၀၀ ထွက်ရှိရေး၊   ဝါကြိတ်စက်များ၊   ချည်မျှင်နှင့် အထည်စက်များ    ဖွံ့ဖြိုးရေး၊     အထည်ချုပ်လုပ်ငန်းများ    ဖွံ့ဖြိုးရေးတို့ကို ဌာနတာဝန်ရှိသူများ၊ တောင်သူများ၊ လုပ်ငန်းရှင် များအားလုံးက ကျရာကဏ္ဍမှ ကျေပွန်စွာ ဆောင်ရွက်ကြရပါမည့် အကြောင်း။       ။