
တတိယ အကြိမ်မြောက်အဖြစ် အောက်တိုဘာ ၁၀ ရက် နံနက် ပိုင်းက လတ်ဗီးဂတ်စ်၌ ထိုးသတ် ကြသည့် တိုင်ဆန်ဖျူရီနှင့် ဒီယွန် တေ ဝီလ်ဒါတို့ ပွဲစဉ်တွင် ဖျူရီက ၁၁ ချီမြောက်၌ ဝီလ်ဒါကို အလဲ ထိုးဖြင့် အနိုင်ရရှိပြီး WBC ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ ဖျူရီနှင့် ဝီလ်ဒါတို့သည် ယခု ပွဲစဉ်မတိုင်မီ ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် ထိုးသတ်ခဲ့ပြီး သရေကျခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့် နှစ်တွင် ထိုးသတ်ခဲ့ကြပြီး ဖျူရီက ခုနစ်ချီမြောက်တွင် ဝီလ်ဒါကို အလဲထိုးဖြင့် အနိုင်ယူထားသည်။
ထို့ကြောင့် ဖျူရီနှင့် ဝီလ်ဒါ တို့၏ ယခုအကြိမ် တတိယမြောက် ထိုးသတ်ပွဲက အကြိတ်အနယ် ရှိခဲ့ပြီး ကြိုးဝိုင်းအတွင်းမှာ နှစ်ဦး စလုံးလဲကျခဲ့သည်အထိ ပြိုင်ဆိုင် မှုပြင်းထန်ခဲ့သည်။ တတိယအချီ တွင် ဝီလ်ဒါလဲကျခဲ့သလို စတုတ္ထ အချီတွင် ဝီလ်ဒါ၏ အားပါပြင်းထန်သည့် ညာလက်သီးချက် ကြောင့် ဖျူရီနှစ်ကြိမ်တိုင်တိုင် လဲကျခဲ့ကာ အမှတ်စဉ် ရေတွက်ခံခဲ့ရသည်။ သို့သော်လည်း နောက်ပိုင်းအချီများတွင် ဖျူရီက ပွဲကို အကောင်းဆုံးထိန်းချုပ်သွား နိုင်ခဲ့ပြီး ဝီလ်ဒါကို ဖိအားပေး ထိုးသတ်နိုင်ခဲ့သည်။ ၁၁ ချီမြောက် တွင် ဖိအားပေးထိုးသတ်နိုင်ခဲ့ သည့် ဖျူရီက ဝီလ်ဒါကို အလဲထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဝီလ်ဒါသည် ယခု အကြိမ်တွေ့ဆုံသည့် တတိယ အကြိမ်မြောက်တွင် ပြိုင်ဘက် ဖျူရီကို အနိုင်ယူထိုးသတ်နိုင်ခြင်း မရှိဘဲ ရှုံးပွဲနှင့် ထပ်မံကြုံတွေ့ခဲ့ ရခြင်းဖြစ်သည်။ ယနေ့ပွဲစဉ်တွင် ဖျူရီသည် ဝီလ်ဒါကို အလဲထိုးအနိုင် ယူခဲ့သောကြောင့် ၎င်း၏ ကစား သမားဘဝ ၂၂ ပွဲမြောက် အလဲထိုး နိုင်သည့် မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့သလို ထိုးသတ်ခဲ့သည့် ၃၂ ပွဲတွင် ၃၁ ပွဲနိုင်၊ တစ်ပွဲသရေ ဖြင့် ရှုံးပွဲမရှိ မှတ်တမ်းတစ်ရပ်ကို လည်း ပိုင်ဆိုင်ခဲ့သည်။
အောင်ဇော်