ဝမ်းတွင်းမြို့နယ်၌ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန်ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်   ဒီဇင်ဘာ   ၉


မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ အကြမ်းဖက်လက်နက် ကိုင်အဖွဲ့များက လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ  ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ် ထန်းပင်ကုန်းကျေးရွာအနီးရှိ ရန်ကုန်-မန္တလေးမီးရထားလမ်း တံတား အမှတ်(၆၉၁)အနီး သပြေတောင်းဘူတာနှင့် စမုံဘူတာကြား၌ ရထားလမ်းအား    အကြမ်းဖက်လက်နက်ကိုင်အဖွဲ့    (စိစစ်ဆဲ)  က မိုင်းထောင်၍   ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသတင်းအရ   လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ  မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါရထားသံလမ်း ၂ ပေခန့်   ပျက်စီးခဲ့ကာ  ရထားသွားလာမှု ပြတ်တောက်လျက်ရှိပြီး   သက်ဆိုင်ရာတာဝန်ရှိသူများက   အမြန် ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


အထက်ပါဖြစ်စဉ်မှ လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား ဖော်ထုတ်ဖမ်းဆီး အရေးယူ နိုင်ရေး    လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                                                  

သတင်းစဉ်