ဝင်ဘယ်ဒန်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် ဆွီယာတက်ခ်၊ ကိုကိုဂါ့ဖ်တို့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ၊ ဝက်ဆန် နောက်တစ်ဆင့်တက်ရောက်

 

ဝင်ဘယ်ဒန် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် နာမည်ကြီး ဆွီယာ တက်ခ်၊ ကိုကိုဂါ့ဖ်တို့ ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရပြီး ဝက်ဆန်      နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

 


ဖလားဆွတ်ခူးရန်     ထင်ကြေးပေး ခြင်းခံနေရသည့် ကမ္ဘာ့နံပါတ်တစ် ပိုလန် တင်းနစ်မယ်        ဆွီယာတက်ခ်သည် ပြိုင်ဘက် ပြင်သစ်တင်းနစ်မယ်ကော်နက် ကို ၆-၄၊ ၆-၂ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ    ထွက်ခွာခဲ့ရခြင်း   ဖြစ်သည်။    ထို့အပြင် ဆွီယာတက်ခ်သည် ယခုပွဲစဉ် ရှုံးနိမ့်မှု ကြောင့် ၎င်း၏ ၃၇ ပွဲဆက်  နိုင်ပွဲရရှိမှု စံချိန်လည်း     ကျိုးပျက်ခဲ့ရပြီဖြစ်သည်။     အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ   တတိယ အဆင့်မှ     အခြားသော    ပွဲစဉ်အဖြစ်       အမေရိကန်တင်းနစ်မယ် ကိုကိုဂါ့ဖ်နှင့် အနစ်ဆီမိုဗာ တို့ပွဲစဉ်တွင်လည်း နာမည် ကြီး  ကိုကိုဂါ့ဖ်သည် ပြိုင်ဘက်ကို ၇-၆ (၇-၄)၊ ၂-၆၊ ၁-၆ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲ မှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ 

 


သို့သော်လည်း နာမည်ကြီး ဗြိတိန် တင်းနစ်မယ်  ဝက်ဆန်သည်  စလိုဗေး နီးယားတင်းနစ်မယ်   ဂျူဗန်ကို   ၇-၆ (၈-၆)၊ ၆-၂ ဖြင့် အနိုင်ရရှိကာ သမိုင်း တစ်လျှောက် ဂရင်းဆလမ်းပြိုင်ပွဲစတုတ္ထ အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။

 

အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ  တတိယအဆင့်တွင် နာမည်ကြီးတင်းနစ် ကစားသမားများဖြစ်သည့်   နာဒယ်၊   ဒီဂျိုကိုဗစ်၊  နော်ရီတို့  နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။        

အောင်ဇော်