
နေပြည်တော် ဇူလိုင် ၁၃
၂၀၂၂ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပလျက် ရှိရာ ယနေ့နံနက် ၈ နာရီတွင် အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်၌ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ် တို့ဖြင့် အနိုင်ရရှိသည်။
အနိုင်ရရှိ
အမျိုးသားပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို သုံးပွဲပြတ်၊ ပြည်ထောင်စုရာထူးဝန်အသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ ပညာရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရရှိသည်။
အခမဲ့ကြည့်နိုင်
အဆိုပါ ဘော်လီဘောပြိုင်ပွဲကို ဇူလိုင် ၁၈ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ နေ့စဉ်နံနက် ၈ နာရီမှစတင်၍ ယှဉ်ပြိုင်မည် ဖြစ်ရာ အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်း ရရှိသည်။
အားကာမောင်