
နေပြည်တော် ဇူလိုင် ၉
၂၀၂၂ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီ ဘောပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၈နာရီမှစတင်၍ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များတွင် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက အားကစား နှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့်လည်း ကောင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းက ကျန်းမာ ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ ပြတ်ဖြင့်လည်းကောင်း၊ အမျိုး သားပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ် ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်အသင်းက ပြည်ထောင်စု ရာထူးဝန်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းက သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး ဝန်ကြီးဌာနအသင်းကို သုံးပွဲ-တစ်ပွဲဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဝန်ကြီးဌာန ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီ ဘော ပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၁၈ ရက်အထိ ဝဏ္ဏသိဒ္ဓိအား ကစားကွင်း(B)ရုံ၌ နေ့စဉ်နံနက် ၈ နာရီမှ စတင်၍ ဆက်လက် ယှဉ်ပြိုင် ကစားမည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်သည်။
အားကာမောင်