ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲ ပြည်ထဲရေးနှင့် စီမံ/ဘဏ္ဍာတို့ အနိုင်ရရှိ

 

နေပြည်တော်  ဩဂုတ်  ၁၉


မြန်မာ့ဘောလုံး     အားကစား လောကအဆင့်အတန်း  တိုးတက် မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်မှု     အဆင့်အတန်း မြှင့်တင်ရေးနှင့်   မျိုးဆက်သစ် ဘောလုံး  အားကစားသမားများစွာ ပေါ်ထွက်လာစေရန်   ရည်ရွယ်၍ “၂၀၂၂ ခုနှစ်  ဝန်ကြီးဌာနပေါင်းစုံ အသက်      (၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို  ယနေ့  မွန်းလွဲ  ၃  နာရီခွဲတွင် နေပြည်တော်    ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် (၃)တို့၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ရာ   အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ   တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ  လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 


ယနေ့  အုပ်စုပတ်လည်ပြိုင်ပွဲ  ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊   လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို    လေးဂိုး -  ဂိုးမရှိဖြင့်လည်း ကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

 


ဩဂုတ် ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ် အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း အမှတ်(၃)၌ သယံဇာတနှင့်     သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းနှင့်  ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို    အခမဲ့လာရောက်ကြည့်ရှု      အားပေးနိုင်ကြောင်း  သိရ သည်။                               

အားကာမောင်