
နေပြည်တော် ဇူလိုင် ၂၈
၂၀၂၂ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ကို ယနေ့နံနက် ၉ နာရီမှစတင် ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ ဆက် လက်ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံပိုက် ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ များနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။
ယနေ့ ပိုက်ကျော်ခြင်း (အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်း က ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်း ကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက စက်မှုဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း အသီးသီးယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြသည်။
အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ဇူလိုင် ၂၉ ရက် (ယနေ့) နံနက် ၉ နာရီမှစတင် ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံ၌ တတိယ လုပွဲအဖြစ် စက်မှုဝန်ကြီးဌာန အသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာနအသင်း၊ ဗိုလ်လုပွဲပြိုင်ပွဲအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲ ရေး ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွား မည်ဖြစ်သဖြင့် ပြိုင်ပွဲများအပြီး ဆုပေးပွဲ အခမ်းအနားအား ဆက်လက် ကျင်းပသွားမည်ဖြစ် ရာ ပိုက်ကျော်ခြင်း အားကစား နည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။
အားကာမောင်