
နေပြည်တော် ဇူလိုင် ၂၆
၂၀၂၂ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B) ရုံ၌ ဆက် လက်ကျင်းပရာ ပထမအဆင့် ရှုံး/ထွက် ပြိုင်ပွဲများအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်း က အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အသင်းက နေပြည်တော်စည်ပင် အသင်းကို နှစ်ပွဲပြတ်၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းက ပညာရေးဝန်ကြီး ဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အသင်းက နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်း က စွမ်းအင်ဝန်ကြီးဌာနအသင်း ကို နှစ်ပွဲပြတ်၊ နေပြည်တော် ကောင်စီအသင်းက ပြန်ကြားရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ စက်မှုဝန်ကြီးဌာန အသင်းက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း က လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အသင်းကို နှစ်ပွဲပြတ်တို့ဖြင့် အနိုင် ရရှိသည်။
အဆိုပါပြိုင်ပွဲကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (B) ရုံ၌ ဆက် လက်ယှဉ်ပြိုင်မည်ဖြစ်ရာ မည်သူ မဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
အားကာမောင်