
ကျော်ထွန်း
ဖတ်လိုက်မိတဲ့ စာတစ်မျက်နှာကို ပြန်လည်ဖော်ပြပါရစေ။ “ဘဝဆိုတာ ခရီးစဉ်တစ်ခုပါ။ ခရီးဆက်ကြရမှာ သတိရပါ။ အိုးအိမ်တစ်လုံးမဟုတ်ပါဘူး။ ဘဝဟာ လမ်းမကြီး တစ်ခုပါ။ မှီတင်းနေထိုင်စရာ မြို့တော်ကြီးတစ်မြို့ မဟုတ်ပါ။ ဆက်လက်ချီတက်နေရဦးမှာနော်။
ဒါ့အပြင် ကိုယ်တို့ရရှိထားတဲ့ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ဖွယ်ရာများနဲ့ ဂုဏ်ပြုချီးကျူး ထောမနာပြုမှုတွေက ကိုယ်တို့ဘဝနိဂုံးချုပ် အဆုံး သတ်တဲ့အချိန်အထိ အင်သစ်အားသစ်နဲ့အတူ တက်သုတ်ရိုက် ရှေ့သို့ရွေ့လျားအောင် တွန်းပို့ပေး မယ့်အရာတွေပဲ။ ဘာနဲ့တူသလဲဆိုတော့ အဝေးပြေး အမြန်လမ်းမကြီးဘေးက တည်းခိုခန်းငယ်၊ စားသောက်နားနေဖွယ်ရာလေးတွေမျိုးပေါ့။
အဲဒီဘဝကို လူတစ်ယောက်က မရေမရာ အချည်းနှီးအချိန်ကို ဖြုန်းတီးပစ်လိုက်ဖို့ မဟုတ်ပါ ဘူး။ ဘဝဆိုတာ တဒင်္ဂအချိန်တိုတိုလေးပါ။
မကောင်းမှုဒုစရိုက်တွေကလည်း အနီးနားမှာ တင် ရှိနေကြပါတယ်။ အချိန်နာရီတွေကို ဝင့်ဝါ ပလွှားမြူးတူးပျော်ပါး ဆော့ကစားပစ်လောက် အောင်တော့ မရူးမိုက်သင့်ဘူး။
ကမ္ဘာလောကကြီးတစ်ခုထဲမှာ အားလုံးက ကိုယ်တို့လိုပဲ အလေးအနက်ထား စိတ်အားထက် သန်ပြီး ဇွဲကောင်းနေရမှာဖြစ်ပါတယ်။
ဟိုရာကပ်(စ်)ဘန်နာ (၁၈၀၈- ၁၈၈၉) စကော့တလန်နိုင်ငံသား ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါး ရေးထားတဲ့စာအုပ်ကိုဖတ်ရင်း သူရေးထား တာ နှစ်ပေါင်းတစ်ရာကျော် ကြာခဲ့ပါသော်လည်း သူ့ရဲ့အားပေးသံဟာ စာရေးသူရဲ့ ခေါင်းထဲကို ကြေးစည်သံတစ်ခုလို ကြည်ကြည်လင်လင် ပြတ်သားစွာ ကြားလိုက်ရသလိုပါပဲ။
အတွေးပေါ်ရာ ရေးမိတာ အောက်ပါအချက်များ
ကျွန်တော်တို့ပြည်သူတွေရဲ့ အများစုလိုလား ချက်အရ တစ်ပါတီစနစ်ကို ဖျက်သိမ်းပြီး ပါတီစုံ စနစ်ရေးဆွဲပေးရန် အုန်းအုန်းကျွက်ကျွက်နဲ့ ၁၉၈၈ ခုနှစ် ဩဂုတ်လမှာ တောင်းဆိုခဲ့ကြတာကို တပ်မတော်က အကောင်အထည်ဖော်နိုင်အောင် စနစ်တကျ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ တပ်မတော်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့အမျိုးသား အကျိုးစီးပွားကိုပဲ အဓိကထားတာလေ။
ဒီမိုကရေစီ။ တစ်ပါတီစနစ်ကို ပြည်သူ့ဆန္ဒနဲ့ အညီ ဖျက်သိမ်းပေးတယ်။ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်လာအောင် နိုင်ငံရေးပါတီစုံ ပါဝင်တဲ့အပြင် အလွှာပေါင်းစုံကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားလှယ်တွေနဲ့ တတ်သိပညာရှင်တွေ ပါဝင်စေပြီး အမျိုးသားညီလာခံ အချိန်ယူကျင်းပ ခဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲပြုစု ခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ ပြည်သူလူထုဆန္ဒ ထောက်ခံမဲ ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ (Referendun)နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ သိကြပါတယ်။
အခြေခံဥပဒေအရ တပ်မတော်က တာဝန်ယူ ကာကွယ်ခဲ့လို့သာ ပြည်ထောင်စုမပြိုကွဲဘဲ အချုပ် အခြာ ပြည်ထောင်စုသမ္မတနိုင်ငံအနေနဲ့ ဆက်လက် ရပ်တည်နေနိုင်တာဖြစ်တယ်။ အကျယ်အားလုံး သိပြီးသားမို့ မပြောတော့ပါ။ လူတစ်စုတစ်ဖွဲ့ ကောင်းစားရေးအတွက် ဥပဒေမဲ့စည်းလွတ် ဝါးလွတ် လုပ်လာရင်တော့ တားရမယ့်တာဝန်ရှိတယ်။ အကြိမ်ကြိမ်သတိပေးပါတယ်။ ဟန့်တားခဲ့ပါတယ်။ သို့သော် တစ်ပါတီအာဏာရှင်စနစ်ဖြစ်ပေါ်လာရေးကို မသမာတဲ့နည်း ၊ မတရားတဲ့နည်း၊ ဖဲခိုးရိုက်သလို နည်းမျိုးစုံနဲ့ မဲခိုးတဲ့အဓမ္မနည်းတွေနဲ့ ဥပဒေကို ကျူးလွန်ချိုးဖောက်မှုတွေရှိလာခဲ့လို့ ဥပဒေနှင့်အညီ ပါတီစုံစနစ်၊ စနစ်တကျပြန်ဖြစ်အောင် ကျွန်တော်တို့ အားလုံး ပါဝင်လုပ်ဆောင်နေကြရတယ်။
တပ်မတော်ဆိုတာ နိုင်ငံရေးပါတီ မဟုတ်ဘူး။ အမျိုးသားရေးကို၊ အမိနိုင်ငံတော်ကို အပြည့်အဝ သစ္စာခံတဲ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့လို ဘယ်ပါတီနိုင်ငံရေးမှ မပါဝင်ဘဲ (ချစ်ခြင်း မုန်းခြင်း၊ ဘက်လိုက် မျက်နှာ လိုက်ခြင်းမရှိဘဲ) ပါတီနိုင်ငံရေး ကင်းကင်းရှင်းရှင်း ရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေပါပဲ။ လက်ရှိအစိုးရက ကျွန်တော်တို့အစိုးရ။
ဘယ်ပါတီ၊ ဘယ်အဖွဲ့ပြောင်းပြောင်း ဆရာတို့၊ ဆရာမတို့ ကျွန်တော်တို့က တက်လာတဲ့ အစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားကြရမယ့် ဝန်ထမ်းတွေ ပါပဲ။ ဖေဖော်ဝါရီလကစပြီး ပါတီနိုင်ငံရေးလုပ်တဲ့ လူတွေ ဆန္ဒပြသပိတ်မှောက် ဆန့်ကျင်ပြီး အလုပ် ခွင်က ထွက်သွားခဲ့ကြပြီ။ လေထဲကပါတီ။
ယခင်ဝန်ထမ်းတွေထဲမှာ အနည်းနဲ့အများ မတူ ညီကြတဲ့ အမျိုးအစားတွေရှိကြပါတယ်-
၁။ နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာရှိရှိနဲ့ တာဝန် ကျေပွန်စွာ အကောင်းဆုံး ကြိုးစား ဆောင်ရွက်ကြသူများ လူတော်လူကောင်း တွေပါ။ စည်းကမ်းလည်း ကောင်း၊ စိတ်ဓာတ်လည်း ကောင်းကြတယ်။ (၂၅%)
၂။ တိုင်းပြည်အတွက်လည်း မစဉ်းစားမိပါ ဘူး။ ပါတီနိုင်ငံရေးတွေလည်း စိတ်မဝင် စားပါဘူး။ လခနဲ့ တန်အောင် ပေးတဲ့ တာဝန်ကျေပွန်အောင်လုပ်မယ်။ ဝန်ထမ်း အလုပ်ကို ကြိုက်ပါတယ်။ မတော်လှပေ မယ့် လူကောင်းတွေပါ။ စည်းကမ်းရှိကြ တယ်။ (၄၀%)
၃။ ဘယ်အစိုးရတက်တက် မကျေနပ်ဘူး။ ဒါပေမယ့် လခစားဘဝက မထွက်နိုင်ဘူး၊ ပေကပ်နေရင်း ဝတ်ကျေတမ်းကျေ ရေစုန် မျှောလိုက်နေရမှာပဲ။ လူညံ့တွေပါ။ လူဆိုး တော့လည်း မဟုတ်ကြပါဘူး။ နီးစပ်ရာ ဆွဲရာပါချင်ကြတယ်။ (၂၅%)
၄။ အရည်အချင်းတော်တာ ညံ့တာထက် စိတ်နေစိတ်ထားက ညံ့ဖျင်းတယ်။ အလုပ် ကို မရိုသေဘူး၊ တာဝန်ကို အလေးမထား ဘူး။ ဝန်ထမ်းကျင့်ဝတ် စည်းကမ်းကို မလိုက်နာချင်ဘူး။ ရသမျှခိုးမယ်၊ (ဘာမှ ခိုးစရာမရှိရင် အချိန်ကိုခိုးပြီး ရေသာခို မယ်) ကတိသစ္စာ ဘာမှတန်ဖိုးမထားဘူး။ ဘနဖူးသိုက်တူးမယ်ဆိုတဲ့ လူညစ် လူကောက်တွေ။ အစိုးရ(CDM) ဆန့်ကျင် ရေး သပိတ်ဆန္ဒပြပွဲနဲ့ ဆူပူမှုတွေမှာ ပါသွားကြပြီ။ အလုပ်က ထွက်သွားခဲ့ကြပြီ။ (၁၀ % ဝန်းကျင်ပေါ့)။
ယခင် ဝန်ထမ်း ၁၀၀ ရှိခဲ့တဲ့ဌာနဟာ ယခု ၉၀ ပဲရှိတော့တယ်။ သူတို့မရှိတော့ရင် တိုင်းပြည် ပျက်မယ် ထင်ခဲ့ကြတယ်။ မပျက်တာတွေ့ရတော့ ပိုမကျေမနပ်ဖြစ်ပြီး လူသတ်၊ မီးရှို့ ၊ ဗုံးခွဲ၊ ဖျက်ဆီး၊ ဥပဒေမဲ့ အကြမ်းဖက်ကျူးလွန်တာတွေ ဆက်လုပ် ပြန်တယ်။ သူ့လမ်းသူ သွားပါစေတော့။ ဝန်ထမ်း လောကမှာ အရင်ကထက် လူပိုပြီး သန့်သွားခဲ့ပါပြီ။ လုပ်ဖော်ကိုင်ဖက်အချို့ ခွဲခွာထွက်ခွာသွားတာ စိတ်မကောင်းစရာဖြစ်ပေမယ့် သူ့ဆုံးဖြတ်ချက်နဲ့ ထွက်သွားကြတာ ရှိပါစေပေါ့။
လက်ရှိဝန်ထမ်းတွေကတော့ ပိုပြီး အလုပ်လုပ် ကြဖို့ လိုမှာပေါ့။ ပိုကြိုးစားရင် ဘာများထူးခြား မှာလဲ? ရာထူးနေရာတွေ ခန့်အပ်တာဝန်ပေးခံရပေ လိမ့်မယ်။
ဘယ်လိုအရည်အချင်းတွေနဲ့ စစ်ဆေးအကဲဖြတ်ပြီး ရွေးချယ်ရာထူးတိုးပေးမှာလဲ
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့မှာ အတိ အကျ ပြဋ္ဌာန်းထားပြီးသား ရှိနေပါတယ်။ လက်တွေ့ ကျင့်သုံး လိုက်နာဆောင်ရွက်နေကြဆဲပါ။
ရာထူးတိုးမြှင့်ရေးအကဲဖြတ်တဲ့ အချက် ၇ ချက်
၁။ လုပ်ငန်းကျွမ်းကျင်မှုနဲ့ အထူးကြိုးစား ထမ်းဆောင်ခြင်း၊
၂။ အထက်အရာရှိနဲ့ လုပ်ဖော်ကိုင်ဖက်များ အပေါ် သစ္စာရှိခြင်း၊
၃။ စိတ်ဓာတ်ကောင်းမွန်ခြင်းနှင့် နိုင်ငံတော် နဲ့ ဌာနအကျိုးအတွက် စေတနာထားခြင်း၊
၄။ တီထွင်ကြံဆ လုပ်ကိုင်တတ်ခြင်း၊
၅။ ကျွမ်းကျင်မှုအရည်အချင်း ထူးကဲ သာလွန်ခြင်း၊
၆။ ခေါင်းဆောင်မှုကောင်းခြင်း၊
၇။ အကျင့်စာရိတ္တကောင်းခြင်း၊
(ကြိုးစား၊ သစ္စာ၊ စိတ်ဓာတ်ပါ၍
စေတနာကောင်း၊ ခေါင်းဆောင်ကောင်းပြင်
ကျွမ်းကျင်သာလွန်၊ စာရိတ္တမွန်ပြီး
ထူးချွန်ကြံဆ၊ တီထွင်ပြသော်၊ ရလိမ့် ရာထူးအဆင့်ဆင့်။)
ဝန်ထမ်းအချို့က ကိုယ့်ဘဝကို အဆင့်ဆင့် တိုးမြှင့်ဖို့အခွင့်အလမ်းတွေ ရှိနေမှန်းလည်းမသိ၊ ကြည့်လည်းမကြည့်၊ ကျင့်လည်းမကျင့်၊ သံကို သံဖျက် သံချေးတက်နေရှာတယ်။
ဝန်ထမ်းကောင်းလေလေ တိုင်းပြည်ကောင်း လေလေ။
ဒါက ပကတိအမှန်တရား အခြေအနေပဲ။
တစ်ခါတစ်ရံ ဝန်ထမ်းက ကောင်းချင်ပေမယ့် နိုင်ငံရေးအာဏာ ရယူထားသူအချို့က အခွင့်အရေး ယူဖို့ကိုသာ ပူးပေါင်းကူညီစေပြီး နိုင်ငံနဲ့ လူမျိုး အကျိုးကို ကြိုးစားထမ်းဆောင်ခြင်းကိုတော့ အားမပေး၊ မချီးမြှောက်၊ မထောက်ပံ့တဲ့အပြင် ဟန့်တားရှုတ်ချတာမျိုးတောင် ရှိတတ်ပါသေး တယ်။ ရှိစေ။ ပြီးခဲ့တာတော့ ရှိပါစေပေါ့။
နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းက ဦးဆောင်တာဝန် ယူပြီး အချိန်ကာလ နှစ်နှစ်၊ သုံးနှစ် ပြုပြင်ပြောင်းလဲ အောင် အားစိုက်ခွန်စိုက် ထူထောင်တည်ဆောက် ကြရမယ့်အချိန်ကာလကို ရောက်နေပါပြီ။ နောက် ကြောင်းပြန်ရမယ့် အခြေအနေမဟုတ်တော့။ ဝန်ထမ်းတွေက ဦးဆောင်စံပြ ရှေ့ဆုံးက နမူနာ ကောင်းပြသပြီး ပြည်သူတစ်ရပ်လုံး လက်ရုံး မြားမြောင်၊ ဉာဏ်မြားမြောင်နဲ့ ခေတ်သစ်တစ်ခု ပြောင်းလဲတိုးတက်အောင် တက်ညီလက်ညီ ကြိုးစားအားထုတ်ကြရမယ့် သမိုင်းပေးတာဝန်ပါ။
ဝန်ထမ်းကောင်းသာ ခေါင်းဆောင်ပါ
(က) မြန်မာဟာ အခြားနိုင်ငံပေါင်း ၂၀၀နဲ့
လုံးဝမတူတဲ့ သီးခြားလက္ခဏာတွေ
ရှိနေတယ်။
(၁) ဥပမာ- ကမ္ဘာ့အမြင့်ဆုံးထဲက ပေ ၁၉၀၀၀ ရေခဲဖုံးတောင် ခါကာဘိုရာဇီ၊
(၂) ပင်လယ်ကမ်းရိုးတန်း မိုင်အလျား ၁၃၈၅ မိုင်ရှည်၊
(၃) အေဒီ ၁ ရာစုမှစပြီး ပျူခေတ်၊ ၁၁ ရာစုမှ ၁၃ ရာစု ပုဂံခေတ်၊ စသည်မှ ၁၉ ရာစု ၁၈၈၅ ဒီဇင် ဘာ ၃၁ ရက်နေ့အထိ ကိုယ့်ရေ၊ ကိုယ့်မြေ၊ ကိုယ့်လူမျိုး၊ ကိုယ့် တိုင်းပြည်နိုင်ငံကို ကိုယ်ပိုင် ထီးနန်းနဲ့အုပ်ချုပ်ခဲ့တဲ့ အမျိုးသား စိတ်နိုးကြားတဲ့ လူမျိုး။ မျိုးချစ် စိတ်မပါဘဲ ခေါင်းဆောင် တက်လုပ်လို့မရ။ တရုတ်နဲ့၊ ယိုးဒယားနဲ့၊ အင်္ဂလိပ်နယ်ချဲ့နဲ့ စစ်ပွဲတွေ နိုင်လိုက် ရှုံးလိုက် တိုက်ခိုက် ကာကွယ်ခဲ့ပေမယ့် ၁၈၈၆ ဇန်နဝါရီလ ၁ ရက်နေ့ မှာတော့ ဂရိတ်ဗြိတိန် နေမဝင် အင်ပါယာရဲ့ ကိုလိုနီ လက်အောက်ခံ အိန္ဒိယရဲ့ တစ်ဆင့်ခံ (ကျွန်အောက် သပေါက်ဘဝ) ကျရောက်ခဲ့ရတဲ့ နိုင်ငံ။ ၁၉၄၈ ဇန် ၄ မှာမှ ပြန်လည် လွတ်လပ်ရေးရခဲ့။ သူ့ကျွန်ဘဝ ၆၂ နှစ် နေခဲ့ရဖူး တယ်။ မြင်ကွင်းကျယ် ရှုမြင် ကြည့်ပါ-
(ခ) သမိုင်းနမူနာ။ ကုန်းဘောင်ခေတ် သမိုင်းနောက်ခံဇယား- နောက်ဆက်တွဲ (က)
(ဂ) ပထဝီနိုင်ငံရေး။ လက်ရှိပထဝီနိုင်ငံရေးအခြေအနေဇယား- နောက်ဆက်တွဲ (ခ)
ယဉ်ကျေးမှုကိုယ်ပိုင်ရှိခဲ့တယ်
ဓလေ့ထုံးစံ ကိုယ်ပိုင်အစဉ်အလာ ရှိခဲ့တယ်။ အုပ်ချုပ်ရေးအဆင့်ဆင့်စနစ်၊ သူ့ခေတ်နဲ့သူ ခိုင်ခိုင် မာမာ ရှိခဲ့တယ်။ စာပေဘာသာစကား၊ ဘာသာ တရား၊ အနုပညာ ကိုယ့်မူကိုယ့်ဟန်နဲ့ ရပ်တည်ခဲ့။ အမျိုးသားရေးလက္ခဏာ။ ဥပမာနမူနာ သာဓက တစ်ခုပဲ တင်ပြပါမယ်-
လူကိုအမည်ပေးတာ မွေးတဲ့နေ့အရ ပေးလေ့ ပေးထရှိတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မရှိဘူး။ မြန်မာရဲ့ဝိသေသဓလေ့။ မောင်တင်ဝင်း လား စနေသား။ ကိုစိန်လှဆို အင်္ဂါသား။ ဦးသန်းဖေက သောကြာသား။ အမျိုးသမီးတွေ လည်း အလားတူပဲ။ ဒေါ်မြမြဝင်း ကြာသပတေး သမီး။ မအောင်မေကြည် တနင်္ဂနွေသမီးနေမှာ။ ဘာကြောင့်လဲ။ တနင်္ဂနွေသားသမီး အ,ဥ၊ တနင်္လာနံ တနင်္လာနေ့မွေးရင် က၊ ခ၊ ဂ၊ ဃ၊ င ၊ အင်္ဂါ စ၊ ဆ၊ ဇ၊ ဈ၊ ည၊ ကိုအယ်ဒီ ဆိုတာ တနင်္ဂနွေသားလား၊ မဟုတ်။ ဘာနေ့ သားလဲ၊ မသိ။ စတယ်လာဆိုတာ အင်္ဂါသမီး လား၊ မဟုတ်၊၊ ဒေးဗစ်ဆိုတာ အင်္ဂါသားလား၊ ဟုတ်မဟုတ် မသေချာ။ သူတို့က ဘယ်နေ့ သားလဲမသိ၊၊
နာမည်ကို နေ့နဲ့နံနဲ့ ပေးတာမြန်မာ၊ ဗမာ။ နမူနာတစ်ခုပဲပြောတာ။ လူတွေ လက်ဗွေမတူဘူး။ DNA မတူဘူး၊ မျက်စိသူငယ်အိမ် မတူဘူး။ လူတိုင်း ဟာ သီးသန့်ဝိသေသလက္ခဏာ ရှိနေကြတယ်။ မြန်မာနိုင်ငံဟာ ကိုယ့်အခြေအနေ ကိုယ့်ရေမြေနဲ့ ဆီလျော်ကိုက်ညီအောင် ထူထောင်တည်ဆောက် ရမယ်။ အစဉ်အလာထဲက ကောင်းတာယူ၊ မကောင်းတာ ပယ်ရပေမယ်။ ဆရာမင်းသိင်္ခစကားနဲ့ ပြောရရင် ပွေ့စရာရှိပွေ့၊ မေ့စရာရှိမေ့။ အစွဲမထားနဲ့။ စျင်ပုံပြင်။ ရဟန်းနှစ်ပါး ခရီးသွားကြတယ်။ မာတု ဂါမတစ်ယောက်ကို ညအိပ်ခါနီးအထိ စိတ်ထဲမှာ စွဲပါနေတဲ့ ရဟန်းကလွဲတာ။
ကျွန်တော်တို့ လွတ်လပ်ရေးရပြီးရင် အနှစ် ၂၀-၃၀၊ ကြိုးစားပြီးကုန်းရုန်းလုပ်နိုင်မှ တော်ကာ ကျမယ်လို့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို ကြားစ မှာ “ဟာ ဒီလောက်ကြာမှာလား” ဇဝေဇဝါခံစားခဲ့ ဖူးတယ်၊၊ အခု နှစ် ၇၀ ကျော်လာပြီ။ သူ့ကျွန်ဘဝ ပြန်မကျခဲ့တာပဲ ကံကောင်း။ တိုးတက်ဖွံ့ဖြိုးမှုမှာ သူများထက် များစွာနိမ့်ကျ ကျန်ရစ်ခဲ့။ နေ့ချင်း ညချင်း ခုရေတွင်းတူး ခုရေကြည်သောက်ချင် လို့တော့ မရဘူးဆိုတာ နားလည်ကြပါပြီ၊၊ ဘာပဲ ဖြစ်ဖြစ် တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့ ယုံကြည်ချက်နဲ့ ဇွဲတော့ရှိရမယ်၊၊ နိုင်ငံလူမျိုး တိုးတက်အောင် အဆက်မပြတ်ကြိုးစားကြမယ်။ မိုင်တစ်ထောင်၊ လီတစ်သောင်း ကွာဝေးတဲ့ တောင်ထိပ်ကိုရောက်ဖို့ ပထမဦးဆုံးစပြီးလှမ်းတဲ့ ခြေလှမ်းဟာ အရေးကြီးဆုံးပဲ။ ကနေ့ကစပြီး မနေ့ ကထက် ပိုကြိုးစားကြမယ်၊၊ Work harder ကြိုးကြိုးစားစား ပိုလုပ်ရုံသာမက Work Smarter ပိုထိရောက်အောင် ထူးခြားအောင် အာရုံစိုက်ပြီး လုပ်ကြမယ်။
ကိုယ့်အခန်းကဏ္ဍ (Role) ကို အကောင်းဆုံးလုပ်ပါ
တရုတ်ရှေးဟောင်းပညာရှိ ကွန်ဖြူးရှပ်က ပြောတယ်။ “အဖေက အဖေနေရာနေ၊ အဖေ အလုပ်လုပ်။ သားက သားလိုနေ၊ သားအလုပ်ကိုလုပ်။ အုပ်ချုပ်သူက အုပ်ချုပ်သူလုပ်၊ ပြည်သူက ပြည်သူ့ အလုပ်လုပ်။ ငါဘာလဲ၊ ငါ့တာဝန်ဘာလဲ၊ ငါဘာလုပ် ရမှာလဲ၊ အကောင်းဆုံးလုပ်မယ်။ ဒီသဘော တိုက်တွန်းခြင်းပါ။ ကိုယ့်တာဝန်ကို အစွမ်းကုန် လုပ်နေကြရပါမယ်။
ယေဘုယျ အခန်းကဏ္ဍ ၃ မျိုးရှိကြတယ်။ တာဝန်ခံရပုံက (၁) ကွပ်ကဲသူ၊ (၂) အကြံကောင်း ဉာဏ်ကောင်းပေးရသူ၊ ကူညီစီမံသူ၊ (၃) လေ့ကျင့် သင်ပြရသူ။ သဘောသဘာဝကွဲကြတယ်။
ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ကိုရီးယား၊ အာရှမှာ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်သွားကြပြီ။
သွားမှာပေါ့။ အလုပ်ကြိုးစားကြတယ်။ အချိန်ကို တန်ဖိုးထားတယ်။ စည်းကမ်းရှိတယ်။ စနစ်ကျတယ်။ အမိန့်နာခံတယ်။ စည်းလုံးညီညွတ် တယ်၊၊ တာဝန်ကို လေးစားတယ်၊၊ Duty is duty၊ ကောင်းတာတွေကို အတုယူကြရမယ်။ တပ်မတော် မှာ စီမံခန့်ခွဲရာမှာ ဦး၊ ရေး၊ ထောက်ဆိုတာ ကွဲပြားတယ်။
ဦး ၁ စစ်ဆင်ရေး၊ ဦး ၂ လေ့ကျင့်ရေး၊ ဦး ၃ တာဝန်စီမံ၊ ဦး ၄ ရန်သူ့သတင်း၊ ဦး ၅ စည်းရုံးရေး၊ စိတ်ဓာတ်ရေးရာ။ ရေး ၁ အင်အား၊ ရေး ၂ လစာ၊ သက်သာ၊ ဆုနဲ့ ဘွဲ့ထူးဂုဏ်ထူးကိစ္စစသဖြင့်။
အလုပ်ကို အကြွေးမထားရဘဲ နေ့နေ့ညည အဆက်မပြတ် လည်ပတ်အောင် လုပ်ကြရ။ တိုက်နေခိုက်နေတဲ့ကြားက လေ့ကျင့်မှုလည်းလုပ်၊၊ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းရည်ကောင်းအောင်လည်း ပျိုးထောင်၊ အစဉ်မြှင့်တင်ပြုပြင်၊၊ ဣဒ္ဓိပါဒ် ၄ ပါး။ အဓိပတိ ၄ ပါး။
ကျွန်တော်တို့ဟာ ဥပဒေအရ၊ တာဝန်ယူရ
ဖွဲ့စည်းပုံအခြေအနေအရ စည်းကမ်းဥပဒေနဲ့ မညီညွတ်တာတွေ ဖြစ်လာရင် ဒီမိုကရေစီစနစ် လမ်းကြောင်းကို မပျက်စီး မတိမ်းစောင်းအောင် ထိန်းကျောင်းရမယ့် တာဝန်ရှိလို့ လုပ်ဆောင်ကြခြင်း ပဲ၊ နိုင်ငံ့ဝန်ထမ်းအစိုးရ။ အချိန်တန်ရင် ရွေးကောက် ပွဲကျင်းပပေးပြီး ဥပဒေနဲ့အညီ ပြည်သူ့ကိုယ်စား လှယ်တွေဆီ တာဝန်ပြန်လွှဲပေးဖို့ အတိအလင်း ပြောထားပြီးသား။ ၂၀၂၃ ဇန် ၃၁ အထိပေါ့။ ကိုယ်တာဝန်ယူရတဲ့အချိန်မှာ ဘယ်လိုအခက်အခဲ ရှိရှိ၊ ဘယ်လို အကျပ်အတည်းပဲတွေ့တွေ့၊ ဘယ်လို အန္တရာယ်တွေပဲ ကြုံရကြုံရ၊ ပြည်သူနဲ့အစိုးရဟာ စည်းစည်းလုံးလုံး ခိုင်ခိုင်မာမာနဲ့ နိုင်ငံတော်ကို တိုးတက်ကောင်းမွန်အောင် အစွမ်းကုန်ကြိုးစား ကြရပါမယ်။
(က) သောမနဿ သဟ ဂုတ်။ ပျော်ရွှင် ကြည်လင်တဲ့ စိတ်ထားနဲ့အတူ၊
(ခ ) ဉာဏသမ္ပယုတ်။ မြော်မြင်ကျွမ်းကျင် ပညာကို ပြည့်စုံစွာ အားပြုလျက် လုပ်တတ်ကိုင်တတ်ခြင်း
(Professional Skill) ၊
( ဂ ) သ သင်္ခရရိက။ တက်တက်ကြွကြွ ထက်ထက်သန်သန် ကိုယ်တိုင် စိတ်ပါ လက်ပါ (Enthusiasm) (Will) ညီညီ ညွတ်ညွတ် တိုင်တိုင်ပင်ပင်နဲ့ အလုပ် လုပ်ကြမယ်။ ပစ္စုပ္ပန်တည့်တည့်ကို အာရုံစူးစိုက်ပြီး အားထည့်လုပ်ကြစို့။
နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ရဲ့ မိန့်ကြားချက်အချို့
(က) လူငယ်တွေကို စနစ်တကျ ပြုစု ပျိုးထောင်ရန် အလေးထားဆောင်ရွက် ကြရမယ်၊၊
(ခ) နိုင်ငံချစ်စိတ် အမျိုးသားရေး ခံယူချက် ကောင်းအောင် ဖြည့်တင်းကြရမယ်။ ကျေးလက်မြို့ပြအားလုံး စနစ်တကျ တိုးတက်ရမယ်။
(ဂ) စည်းကမ်းကောင်းအောင်၊ စီမံလေ့ကျင့် နေသင့်တယ်။
(ဃ) တာဝန်သိစိတ်၊ အလုပ်ကို တန်ဖိုးထား စိတ်ရှိအောင် ပျိုးထောင်လေ့ကျင့်ရမယ်။
(င) ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာစေချင် တယ်။ ပြည်ထောင်စုဟာ ခိုင်မာနေရပေ မယ်။
နိုင်ငံတစ်ခု ထူထောင်ရာမှာ ဦးတည်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်အတိုင်း ဘက်ပေါင်းစုံ အားကောင်း ရပါမယ်။ ကောင်းသထက်ကောင်းအောင် စီမံကြ မယ်-
(က) စီးပွားရေး။ ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုများ တိုးတက်စေ။
(ခ ) လူမှုရေး။ ပညာ၊ ကျန်းမာ၊ ဘာသာ၊ ယဉ်ကျေးမှု၊ အားကစား။
(ဂ) အုပ်ချုပ်ရေး။ စနစ်ကျ၊ ထိရောက်၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းလုံခြုံ၊ တက်ကြွပျော်ရွှင်။
(ဃ) နိုင်ငံရေး။ ဒီမိုကရေစီစနစ်၊ စည်းကမ်း စနစ်တကျ ထွန်းကား၊ ကျင့်သုံး၊ အောင်မြင်။
(င) နိုင်ငံတကာ။ ဂုဏ်ရှိန်ဝင့်ထည်စွာရှိရ။
စေတနာ
စေတနာကောင်းရင် ကံကောင်းမယ်။ စေတနာ မြင့်ရင် ကံမြင့်မယ်။ စေတနာပါပါစံနမူနာပြပြီး စီမံအုပ်ချုပ်၊ အလုပ်လုပ်ကြ စေချင်ပါတယ်။ ခေါင်းဆောင်တွေ စံနမူနာပြလေ အောင်မြင်လေပဲ၊၊
နိဂုံးချုပ်
အောင်မြင်ကြပါစေ၊၊ နိုင်ငံ့ဝန်ထမ်းတွေ ကောင်းလေလေ နိုင်ငံတော်ကြီး စည်ပင်သာယာ တိုးတက်ကြွယ်ဝ ဘေးကင်းကြမှာ သေချာတယ်။ သဗ္ဗေသတ္တာ အဝေရာဟေန္တု။ ။
- Log in to post comments