
တောင်ကြီး နိုဝင်ဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့နှင့်အတူ ဟိုပုံးမြို့ မဲနယ်တောင်ဒေသ ကျောက္ကချား ကျေးရွာသို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြား ရေးလုပ်ငန်းများ ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
လှည့်လည်ကြည့်ရှု
ရှေးဦးစွာ ဟိုပုံးမြို့ မဲနယ် တောင်ဒေသ ကျောက္ကချားကျေးရွာ ရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိသော နမ်းဟုတ် တိုင် ၁၀၀ ကျောင်းသို့ရောက်ရှိရာ ဆရာ တော် ဦးမေဓိယက ရှေးဟောင်း ကျောင်းတော်ကြီး၏ သမိုင်း ကြောင်းနှင့် ပြုပြင်ဆောင်ရွက် ပေးရန် လိုအပ်နေမှုအခြေအနေ များကိုလည်းကောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ၎င်း ကျောင်းတော်ကြီးနှင့် ဆက်စပ်၍ ခရီးသွားဧည့်သည်များကို ဆွဲ ဆောင်နိုင်မည့် အခြေအနေများ နှင့် ဒေသစီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက တိုင်းရင်းသားလူမျိုး များ၏ ဘာသာ၊ စာပေ၊ သဘင်၊ ဂီတ အစရှိသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက် အောင် ထိန်းသိမ်းဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်း ညွှန်ထားပါကြောင်း၊ ယခု ရှေး ဟောင်းကျောင်းတော်ကြီး ရေရှည် တည်တံ့ရေးနှင့် ထိန်းသိမ်းရေး အတွက် မီဒီယာနည်းလမ်းများဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး အတွက် ခရီးသွားဧည့်သည်များကို ဆွဲဆောင်၍ ဒေသထွက်ကုန်များ ရောင်းချနိုင်ရန် ဆောင်ရွက်သင့် ကြောင်း ဆွေးနွေးပြီး ကျောက္ကချား ရွာ၏ သဘာဝပတ်ဝန်းကျင် လှပမှုများနှင့် စိုက်ပျိုးရေးလုပ်ငန်း များကို လှည့်လည်ကြည့်ရှု သည်။
ကျောက္ကချားကျေးရွာသည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၅၇၂၀ တွင် တည်ရှိပြီး အိမ်ခြေ ၇၀၀ နှင့် လူဦးရေ ၃၅၀၀ ခန့် ရှိကာ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သော သာယာလှပသည့် ရွာကြီးတစ်ရွာဖြစ်သည်။ ၎င်း ကျေးရွာရှိ နမ်းဟုတ် တိုင် ၁၀၀ ဘုန်းတော်ကြီးကျောင်းသည် လွန် ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်က ရှေးဟောင်းအနုပညာ လက်ရာ များဖြင့် တည်ဆောက်ခဲ့သော ကျောင်းတော်ကြီး ဖြစ်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဟိုပုံးမြို့ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးအား ကြည့်ရှုစစ်ဆေး၍ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း များ မြှင့်တင်ဆောင်ရွက်ရေးနှင့် ပြည်သူများအား မှန်ကန်သည့် သတင်း အချက်အလက်များကို စနစ်တကျ ဖြန့်ဝေပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ပေး ရန် မှာကြားသည်။
သွားရောက်တွေ့ဆုံ
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပအိုဝ်းတိုင်းရင်းသား ခေါင်းဆောင် အဂ္ဂမဟာ သီရိ သုဓမ္မ မဏိဇောတဓရ ဝဏ္ဏ ကျော်ထင် ဦးအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ၍ ကျန်းမာ ရေးနှင့် လူမှုရေးအခြေအနေများ ကို မေးမြန်းဆောင်ရွက်ခဲ့သည်။
ညနေပိုင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံဝန်ထမ်းများ၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကိုယ်ပွားသတင်း စာတိုက် (တောင်ကြီး)မှ ဝန်ထမ်း များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ပြန်ကြားရေးဝန်ကြီး ဌာန ဝန်ထမ်းများသည် ခေတ် အဆက်ဆက် နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရဘက်မှ ရပ်တည် ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့ဝန်ထမ်းများသည် နိုင်ငံ ချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ ဖြင့် စိတ်ဓာတ်ခံယူချက် ပြည့်ဝစွာ ပေးအပ်သည့်တာဝန်များကို ထမ်း ဆောင်ခဲ့သည့် အစဉ်အလာများ ရှိခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် ဝန်ထမ်းများအား ပုံသဏ္ဌာန်မျိုးစုံ ဖြင့် ခြိမ်းခြောက်ကာ လုပ်ငန်း များ ရပ်ဆိုင်းသွားအောင် လုပ် ဆောင်နေကြသည်ကို သတိပြု ကြရမည်ဖြစ်ကြောင်း၊ မသမာသူ အဖျက်သမားများ၏ သွေးထိုး လှုံ့ဆော်မှုများကို နားမယောင်ရန် လိုအပ်သကဲ့သို့ ပြည်သူများ နားမယောင်စေရန်လည်း သတင်း မှန်များဖြင့် အသိပေးကြရမည် ဖြစ်ကြောင်း။
အထူးသဖြင့် မိမိတို့ဝန်ကြီး ဌာန၏ တာဝန်ကြီး (၃) ရပ် ဖြစ်သည့် ပြန်ကြားပေးရန်၊ အသိ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန် ဆိုသည့် လုပ်ငန်းတာဝန်များကို အရည်အသွေးပြည့်ဝစွာ လုပ် ဆောင်ရမည်ဖြစ်ကြောင်း၊ ယခင် က လုပ်ဆောင်ခဲ့သည့် လုပ်နည်း လုပ်ဟန်ဟောင်းများကို ခေတ်မီ သစ်လွင်အောင် ကြိုးစားဆောင် ရွက်၍ ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို နိုင်ငံတော် အစိုးရနှင့် အတူတကွ ထမ်းဆောင် ကြရန် တိုက်တွန်းလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပွင့်လင်းစွာ တင်ပြ၍ အတူတကွ ဖြေရှင်းကျော် လွှားကြရန်လိုကြောင်း ပြောကြား သည်။
သတိပြုဆောင်ရွက်
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က စက်ကိရိယာများ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေးနှင့် လုံခြုံ ရေး သတိပြုဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်