ဝန်ထမ်းနှင့် CDM

Type

စွမ်းထက်နိုင် (အင်းတိုင်)

 

လူသားတိုင်းသည် စိတ်ခံစားမှုကိုယ်စီရှိကြသည်။ ယုံကြည်ချက်၊ ခံယူချက်အပေါ် မူတည်ပြီး စိတ်ခံစားချက်များ ရှိသကဲ့သို့ ပတ်ဝန်းကျင်စေ့ဆော်မှုကြောင့်လည်း စိတ်ခံစားမှုများ ပြောင်းလဲတတ်ကြသည်။ စိတ်ခံစားချက်ကြောင့် ချစ်ခြင်း၊ မုန်းခြင်း၊ နှစ်သက်ခြင်း၊ သက်ဝင်ယုံကြည်ခြင်း၊ မလိုမုန်းထားခြင်း၊ ဆန့်ကျင် ခြင်း၊ ပေါင်းစုခြင်း၊ ဒေါသဖြစ်ခြင်း စသည်တို့ ကိန်းအောင်းလာတတ်ကြသည်။ စိတ်ခံစားချက်ကိုသာ ဦးစားပေး၍ အမှားနှင့်အမှန်ကို ခွဲခြားသိမြင်နိုင်သော ဉာဏ်ပညာဆိုသည့်ချွန်း အုပ်ပြီး မဆောင်ရွက်နိုင်ပါက စစ်မှန်သည့် ကောင်းကျိုးချမ်းသာရရှိမည် မဟုတ်ပါ။
 

ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားသုံးသပ်


စိုက်ပျိုးသည့်အပင်ကို ပြန်လည်ရိတ်သိမ်းရမည် ဖြစ်သည်။ အချဉ်ပင်စိုက်ပြီး   အချိုသီးစားချင်၍ မရပါ။ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်အားလုံး သည် အကြောင်းတရားများဖြစ်ပြီး   ရရှိလာသည့် ရလဒ်သည်   အကျိုးတရားဖြစ်ပါသည်။    ရလဒ် ကောင်းခြင်း၊ ဆိုးခြင်းသည်   လုပ်ဆောင်ခဲ့သမျှ အကြောင်းအရာများအပေါ်တွင်သာ    မူတည်ပါ သည်။ ထို့ကြောင့် ရလဒ်တစ်ခုပေါ်ထွက်လာလျှင် စိတ်ခံစားချက်ကို  ဦးစားပေးပြီး အလိုဆန္ဒနှင့် မကိုက်ညီ၍ လက်သင့်မခံနိုင်ဟု ငြင်းပယ်ဆန့်ကျင် နေပါက အဖြေမှန်နှင့် ဝေးသထက်ဝေးနေမည်သာ ဖြစ်သည်။ ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားသုံးသပ်ပြီး ပကတိ အမှန်တရားရလဒ်ကို လက်ခံကြရပါမည်။

အကြောင်းတရားများကို မျက်ကွယ်ပြုပြီး အကျိုး တရားကိုသာ ဦးတည်ပုံဖော်နေသရွေ့ ပကတိ အမှန် တရားကို ဥပက္ခာပြုသည့် အဓမ္မဝါဒီများ ဖြစ်မှန်း မသိ ဖြစ်နေကြမည်မှာ သေချာပါသည်။ အကြောင်း တရားများ မရှိခဲ့ဘဲ မည်သည့်အကျိုးတရားမှ မဖြစ် နိုင်သည်ကို သတိချပ်စေလိုပါသည်။


ယနေ့မြန်မာနိုင်ငံ၏    နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်သင့်သည်။ ပါတီစုံ ဒီမိုကရေစီစနစ်အရ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီး ပြည်သူများ၏    ဆန္ဒနှင့်အညီ အစိုးရတစ်ရပ်ကို    ရွေးချယ်ကြသည်။   ပါတီစုံ ဒီမိုကရေစီစနစ်၏အသက်မှာ     ရွေးကောက်ပွဲ တရားမျှတရေးပင်ဖြစ်သည်။ တပ်မတော်နှင့်  နိုင်ငံ ရေးပါတီများက ရွေးကောက်ပွဲ မသမာမှုများရှိခဲ့သည် များကို တိုင်ကြားခြင်း၊ ပြည်တွင်းပြည်ပ မီဒီယာ များကို ဖိတ်ခေါ်၍ ခိုင်မာသော အထောက်အထား များဖြင့် ရှင်းလင်းအသိပေး ဆောင်ရွက်ခဲ့ကြသည်။ မဲမသမာမှုများကို ဖြေရှင်းပေးရန်   အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သန့်ရှင်းပြီး တရားမျှတသော ရွေးကောက်ပွဲကို       ကျင်းပပေးခဲ့သည်ဆိုပါက ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရှင်းလင်းချေပ ရမည်ဖြစ်သည်။ ကော်မရှင်က မရှင်းလင်းနိုင်ပါက သမ္မတက   ရှင်းလင်းပေးရန်    တာဝန်ရှိပါသည်။ မဲမသမာမှုများကို    မသိကျိုးကျွန်လျစ်လျူရှုပြီး အစိုးရဖွဲ့၍  နိုင်ငံတော်အာဏာကို ရယူရန်   ဦးတည် ဆောင်ရွက်ခဲ့ခြင်းသည် ဒီမိုကရေစီစနစ်၏ အနှစ် သာရကို  ဖျက်ဆီးခဲ့ခြင်းပင်ဖြစ်သည်။   စာမေးပွဲ တစ်ရပ်တွင် ရမှတ်အပြည့်ရသော်လည်း   စာခိုးချ ဖြေဆိုထားသည်ကို   အထောက်အထားခိုင်လုံစွာ ဖြင့်မိပါက  စာမေးပွဲကျရှုံးမည့်အပြင် ကျောင်းမှ ထုတ်ပယ်သည့်ပြစ်ဒဏ်ခံရတတ်သည်ကို အားလုံး သိရှိလက်ခံကြပြီး ဖြစ်သည်။ 


အတိအလင်းကြေညာခဲ့ပြီးဖြစ်


ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်နှင့် နိုင်ငံတော်သမ္မတတို့က     မဲမသမာမှုများကို ဖြေရှင်းခြင်းမပြုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့် မလျော် ညီသော နည်းလမ်းများဖြင့် နိုင်ငံတော်အချုပ်အခြာ အာဏာကို   ရယူရန်အတွက်   တတိယအကြိမ် လွှတ်တော်ခေါ်ယူကာ အစိုးရတစ်ရပ်  ဖွဲ့စည်းနိုင် ရေးကိုသာ အဓမ္မနည်းလမ်းဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လာကြသည်။ ထိုသို့ မလွှဲမရှောင် နိုင်သော  အခြေအနေဖြစ်ပေါ်လာပြီး   မည်သို့မျှ ညှိနှိုင်းအဖြေရှာ၍   မရတော့သဖြင့် တပ်မတော် သည် (၁.၂.၂၀၂၁) ရက်နေ့မှစတင်၍   နိုင်ငံတော် အာဏာအရပ်ရပ်ကို ခေတ္တလွှဲပြောင်းရယူခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) အရေးပေါ်ကာလ ပြဋ္ဌာန်းချက်နှင့်အညီ စစ်မှန်သောရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပ ကာ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟု    ကမ္ဘာသိ ကြေညာခဲ့ပြီး       ကတိကဝတ်ပြုခဲ့ပြီးဖြစ်သည်။ အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ခေတ္တလွှဲပြောင်းရယူခဲ့ခြင်း သာဖြစ်ကြောင်း     အတိအလင်း   ကြေညာခဲ့ပြီး ဖြစ်ပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီး နိုင်ငံတော်ယန္တရားလည်ပတ်နိုင်ရေး       မြန်မာ့ တပ်မတော်က          ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။ ထိုသို့ မလွှဲသာ၍ ဆောင် ရွက်ခဲ့သည်ကို   လျစ်လျူရှုပြီး   တပ်မတော်က နိုင်ငံတော်အာဏာသိမ်းသည်ဟု   မဟုတ်မမှန် စွပ်စွဲကာ သွေးထိုးလှုံ့ဆော်၊ ဆူပူအကြမ်းဖက်မှုများ ဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် စနစ်တကျအကွက်ချပြီး  စီစဉ်လာကြသူ   အချို့ ကြောင့် ဆန္ဒပြမှုများရှိလာခဲ့သည်။   ဌာနဆိုင်ရာ ဝန်ထမ်းများကို အဓိကဦးတည်ကာ Civil Diso-bedience Moment (CDM) ပြုလုပ်လာကြသည်။ လုပ်ငန်းခွင် မဝင်ရောက်ရေးအတွက် ဝန်ထမ်းများ ကို လှုံ့ဆော်စည်းရုံးကြသည်။ ဝန်ထမ်းများ လုပ်ငန်း ခွင် မဝင်ရောက်လျှင် အစိုးရယန္တရား ပျက်ယွင်းမည် ဖြစ်သည့်အတွက် ဝန်ထမ်းများ  လုပ်ငန်းခွင် မဝင် ရောက်နိုင်ရေးနည်းမျိုးစုံဖြင့် ဆောင်ရွက်ကြသည်။ CDM ဆိုသည်မှာ   ကာလတိုဆောင်ရွက်ရသည့် သဘောဖြစ်သည်။ ကာလတိုအတွင်း မဆောင်ရွက် နိုင်ပါက အောင်မြင်စရာ အကြောင်းမရှိနိုင်ပါ။ ယခု လည်း မည်သည့်ဝန်ကြီးဌာနမှ လုပ်ငန်းများရပ်တန့် သွားခြင်းမရှိဘဲ   ပုံမှန်ဆောင်ရွက်လျက်   ရှိကြပါ သည်။


သက်သာခွင့်ရရှိမည်ဖြစ်


ဒီမိုကရေစီကျင့်စဉ်အရ  လူတိုင်းသည်   မိမိ သဘောဆန္ဒအလျောက် လွတ်လပ်စွာပြောဆိုခွင့်၊ လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်ရှိကြသည်။ ထိုလွတ်လပ်မှု များသည် သူတစ်ပါးအား ထိပါး၍မရပါ။ မိမိနှင့် သဘောထားအယူအဆ    မတူသူများကိုလည်း ကွဲလွဲခွင့် ပေးရသည်။ တားဆီးထိပါးခြင်း မပြုရပါ။ သို့ရာတွင် CDM ဆောင်ရွက်သူများသည် ဒီမိုကရေစီ လူ့အခွင့်အရေးကို လိုရာပုံဖော်ကာ တာဝန်ကျေပွန် စွာ ထမ်းဆောင်နေသည့်ဝန်ထမ်းများအား အုပ်စုဖွဲ့ အတင်းအကျပ် ဖိအားပေးခြင်း၊  နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရှက်ရစေရန် ပြုမူပြောဆိုခြင်း များအထိ ဥပဒေများကို ချိုးဖောက်မှုပြုသည်များ ရှိလာခဲ့ပါသည်။ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြသူများဖြစ်ပါသည်။ ဝန်ထမ်းတိုင်း သည် မည်သည့်ပါတီ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက် တာဝန်ထမ်းဆောင်နေကြသူများ မဟုတ် ပါ။ CDM တွင် ပါဝင်ကြသော ဝန်ထမ်းအနည်းစုသာ ရှိပါသည်။ ထိုသို့ CDM တွင် ပါဝင်နေသည့် ဝန်ထမ်း များသည်လည်း  ဌာနဆိုင်ရာ  စည်းကမ်း၊   ဥပဒေ များနှင့်အညီ အရေးယူခံကြရမည်  ဖြစ်ပါသည်။ ဆွဲဆောင်စည်းရုံးမှုကြောင့် CDM တွင် ပါဝင်နေကြ သူ ဝန်ထမ်းအချို့ကိုလည်း လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခွင့်ပြုထားပြီးဖြစ်သဖြင့် သတ်မှတ်ရက် အတွင်း ပြန်လည်ဝင်ရောက်ကာ လုပ်ငန်းတာဝန် များကို  ထမ်းဆောင်ပါက ဌာနဆိုင်ရာ  အရေးယူ ခြင်းမှ သက်သာခွင့်ရရှိကြမည် ဖြစ်ပါသည်။


အထူးဂရုပြုကြရမည်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့ လုပ်ငန်းစဉ်(၅)ရပ်၊  ဦးတည်ချက်(၉)ရပ်   ချမှတ် အကောင်အထည်ဖော်လျက်ရှိပါသည်။ ရှေ့လုပ်ငန်း စဉ်(၅)ရပ်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်”ဟု အတိအလင်းကတိပြု ကြေညာထားရှိ ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ ပါတီစုံဒီမိုကရေစီစနစ်ကို လိုလားနှစ်သက်သော ပြည်သူများအနေဖြင့်   ဒီမို ကရေစီလမ်းကြောင်းမှ    သွေဖည်မသွားစေရန် အတွက်  ဒီမိုကရေစီစံနှုန်းများကို အလေးဂရုပြု  လိုက်နာ ပြုမူကြဖို့ လိုအပ်ပါသည်။   ယခုကာလသည် ဒီမိုကရေစီစနစ်   ဆိတ်သုဉ်းသွားခြင်းမဟုတ်ပါ။ ဒီမိုကရေစီစံနှုန်းနှင့်ကျင့်စဉ်များ   စစ်မှန်အားကောင်း ပြီး စည်းကမ်းတကျဖြစ်စေရန်    အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေခြင်းသာ ဖြစ်ပါသည်။   ချစ်ခြင်း၊  မုန်းခြင်းဖြင့်    နိုင်ငံ တည်ဆောက်၍မရပါ။ သွေးထိုးလှုံ့ဆော်မြှောက်ပင့် စည်းရုံးပြီး အဖျက်အမှောင့် လုပ်ဆောင်နေကြသူ များသည် နိုင်ငံတော်အကျိုးစီးပွားအတွက် ဆောင် ရွက်နေကြခြင်းမဟုတ်ဘဲ ပုဂ္ဂလိကအကျိုးစီးပွား အတွက်   ဆောင်ရွက်နေကြသူများ   ဖြစ်သည်ကို အထူးဂရုပြုကြရပါမည်။


CDM တွင် ပါဝင်ဆောင်ရွက်နေသည့်  ဝန်ထမ်း အချို့သည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲရှိကြသူများလည်း ပါဝင် နေကြမည်ဖြစ်သည်။   နိုင်ငံ့ဝန်ထမ်းသည် ကျင့်ဝတ် စည်းကမ်းနှင့်အညီ   ဌာနဆိုင်ရာ  လုပ်ငန်းတာဝန် များကို   နိုင်ငံတော်နှင့်   ပြည်သူ့ အကျိုးစီးပွားအတွက် ထမ်းဆောင်ကြရမည် ဖြစ်ပါသည်။ တာဝန်ကျေပွန် စွာ  ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို CDM တွင်   ပါဝင်ခြင်းမရှိသဖြင့်        ဝေဖန်တိုက်ခိုက် ခြိမ်းခြောက်ကြသူများလည်း ရှိပါသည်။  ကိုယ်ရေး ကိုယ်တာ    အရှက်ရစေရန်       မဟုတ်မမှန်သော အကြောင်းများဖြင့် လုပ်ကြံဖန်တီးပြီး လူမှုကွန်ရက် တွင် ဖော်ပြကြသည်များလည်း ပြုလုပ်ကြပါသည်။ အင်မတန်သေးသိမ်နုံချာသည့် လုပ်ရပ်များဖြစ်ပြီး ဒီမိုကရေစီကျင့်ဝတ်နှင့်    ဆန့်ကျင်ဆောင်ရွက် နေကြခြင်းဖြစ်ပါသည်။ ဆင်ခြင်ဉာဏ်မရှိဘဲ အလို မတူသူကို    ရန်ပြုတိုက်ခိုက်ဆဲဆိုနေ ကြသူများသည်   ယိုသူမရှက်၊   မြင်သူရှက်ဆိုသလို ဖြစ်နေပါသည်။


နိုင်ငံတော်နှင့်   ပြည်သူ့အကျိုးစီးပွားအတွက် မိမိတို့လုပ်ငန်းတာဝန်များကို       ကျေပွန်စွာ ထမ်းဆောင်နေကြသည့်        ဝန်ထမ်းများသည် ဂုဏ်သိက္ခာရှိကြသူများ ဖြစ်ပါသည်။ CDM တွင် ပါဝင်သည့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် နှင့်မညီဘဲ  နိုင်ငံတော်နှင့်    ပြည်သူ့အကျိုးကို လျစ်လျူရှုကြသူများဖြစ်ပါသည်။  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည်  ကျောသား  ရင်သား   မခွဲခြားဘဲ  ဝန်ထမ်းများ  လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်ရန်၊     ကျင့်ဝတ်စည်းကမ်းနှင့်အညီ   ဆောင်ရွက်ကြရန် အသိပေးထားရှိပါသည်။ 


အကြောင်းတရားများစွာရှိ၍ အကျိုးတရား ဆိုသောရလဒ်ကို ရရှိလာခြင်းဖြစ်ပါသည်။ ဖြစ်တည် လာသော ကွင်းဆက်များကို ချိတ်ဆက်သုံးသပ်ပြီး ဘက်ပေါင်းစုံမှ ရှုမြင်နိုင်မှသာ အမှား၊    အမှန်ကို  ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ပါသည်။ တစ်ဖက်ဖက် ကို လျစ်လျူရှုပြီး အတ္တကိုအခြေခံ၍ လိုလားနှစ်သက် မှုကို ဦးစားပေးရပ်တည်နေသူများဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်ရရှိမည်မဟုတ်ပါ။ ဒီမိုကရေစီစံနှုန်း များနှင့်ညီညွတ်သော နိုင်ငံတော်ဖြစ်တည်လာစေ ရေးအတွက် ပြည်သူများ၊ ဝန်ထမ်းများအားလုံးသည် ဆိုင်ရာကျင့်ဝတ်များကို လိုက်နာ၍ ဥပဒေနှင့်အညီ နေထိုင်ပြုမူ ဆောင်ရွက်သွားကြရမည် ဖြစ်ပေသည်။