WTA Finals ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ပြိုင်ဘက်ကို အနိုင်ယူပြီး ပြင်သစ်တင်းနစ်မယ်ကာရိုလိုင်း ဂါစီယာ ဖလားဆွတ်ခူးနိုင်ခဲ့

 

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ရာသီပိတ် ယှဉ်ပြိုင်ကစားသည့် WTA Finals ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် တွင်  ပြင်သစ်တင်းနစ်မယ်   ကာရိုလိုင်း ဂါစီယာက ဘယ်လာရုစ်တင်းနစ်မယ်      စဘယ်လင်ကာကို အနိုင်ရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။

 

 
အဆိုပါ ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် အသက် ၂၉ နှစ် အရွယ်ရှိ ဂါစီယာသည် ပြိုင်ဘက်ကို  ၇-၆ (၇-၄)၊ ၆-၄ ဖြင့် အနိုင်ရရှိကာ  ၎င်း၏   ကစားသမားဘဝ တစ်လျှောက် တစ်ဦးချင်းဆုဖလားကို  ၁၁  ကြိမ် အထိ ဆွတ်ခူးရရှိလာပြီဖြစ်သည်။  ဂါစီယာသည် ဇွန်လ၌ ထိပ်ဆုံး ၇၀ စာရင်းတွင် ဝင်ရောက်ခွင့်နှင့် လွဲချော်ထားသူဖြစ်သော်လည်း ဆုဖလားလေးလုံးနှင့် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင်         ဆီမီးဖိုင်နယ်သို့ တက်လှမ်းခွင့်ရရှိပြီးနောက် အဆင့်  (၄) နေရာအထိ တက်လှမ်းခွင့် ရရှိလာပြီလည်း ဖြစ်သည်။ 

 


၎င်းသည် WTA Finals ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဂရိတင်းနစ်မယ် ဆက်ကရီကို ၆-၃၊ ၆-၂ ဖြင့် အနိုင်ယူ ကျော်ဖြတ်ကာ   ဗိုလ်လုပွဲသို့   ထိုက်ထိုက်တန်တန် တက်လှမ်းလာသူ   ဖြစ်သည်။   ကမ္ဘာ့နံပါတ် (၁) တင်းနစ်မယ်  ဆွီယာတက်ခ်သည်  ဆီမီးဖိုင်နယ်တွင် စဘယ်လင်ကာကို ရှုံးနိမ့်ထားပြီး ဗိုလ်လုပွဲတက်လှမ်း ခွင့် လွဲချော်ခဲ့သည်။ 


အောင်ဇော်