
တူနီးရှားတင်းနစ်မယ် ဂျေဘီယာသည် WTA Finals ပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ်အဖြစ် အမေရိကန် တင်းနစ်မယ် ပီဂူလာနှင့်ပွဲစဉ်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ၁-၆၊ ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိကာ အဆိုပါ ပြိုင်ပွဲ၌ ၎င်း၏ ပထမဆုံးနိုင်ပွဲကို ရှာတွေ့ခဲ့သည်။
ဂျေဘီယာသည် အဆိုပါပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ဘယ်လာရုစ် တင်းနစ်မယ် စဘယ်လင်ကာနှင့် တွေ့ဆုံခဲ့ပြီး ၆-၃၊ ၆-၇ (၅-၇)၊ ၅-၇ ဖြင့် ရှုံးနိမ့်ထားသည်။ ဂျေဘီယာသည် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဆက်ကရီနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အခြားတစ်ဖက်တွင် ဆက်ကရီနှင့် စဘယ်လင်ကာတို့ ယှဉ်ပြိုင် ကစားခဲ့ပြီး ဆက်ကရီက ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သောကြောင့် ဆီမီး ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါ WTA Finals ပြိုင်ပွဲသည် ထိပ်တန်းတင်းနစ်မယ် ရှစ်ဦး သာ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ရရှိပြီး အုပ်စုနှစ်အုပ်စုခွဲကာ ထိပ်ဆုံးမှ ကစားသမားနှစ်ဦးသာလျှင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင် ခွင့်ရှိကြောင်း သိရသည်။
မိုးဇက်