
ဝုဖ်အသင်းနှင့် လက်စတာအသင်း တို့၏ ပရီမီယာလိဂ်ပွဲစဉ် (၂၆) ကို တနင်္ဂနွေနေ့ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့ရာ ဝုဖ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဝုဖ်အသင်းသည် ယခုပွဲစဉ်အနိုင်ရရှိခဲ့သောကြောင့် ပရီမီယာလိဂ် ၂၄ ပွဲကစားပြီး ရမှတ် ၄၀ ဖြင့် အဆင့် (၄) အတွင်း ဝင်ရန် အားကောင်းလာခဲ့ပြီ ဖြစ်သည်။ ပြိုင်ဘက် လက်စတာအသင်းက ၂၃ ပွဲကစားပြီး ၂၇ မှတ်ဖြင့် အဆင့် (၁၁) နေရာတွင်သာ ရပ်တည်နေ သည်။
လက်စတာအသင်းသည် ဝုဖ် အသင်းကို ဖိအားပေးကစားနိုင်ခဲ့ သော်လည်း ရရှိလာသည့် အပိုင် အခွင့်အရေးများကို အသုံးမချနိုင် ခဲ့သည့်အတွက် ရှုံးပွဲနှင့်ကြုံတွေ့ ခဲ့ရသည်။ ထို့အပြင် လက်စတာ အသင်းသည် ယခုပွဲ ရှုံးနိမ့်မှု ကြောင့် ပရီမီယာလိဂ် ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီ ဖြစ်သည်။ ဝုဖ်အသင်းသည် ပြီးခဲ့သည့် ပွဲစဉ်တွင် နာမည်ကြီး စပါး အသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိ ထားသလို ယခုပွဲစဉ်တွင်လည်း ကစားရခက်ခဲသည့် လက်စတာ အသင်းကို ထပ်မံအနိုင်ရရှိခဲ့သည်။ ဝုဖ်အသင်းသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် နာမည်ကြီး အာဆင်နယ်အသင်းနှင့် ထပ်မံ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ဦးဆောင်ဂိုးကို ဝုဖ်အသင်း က စတင်ရရှိခဲ့ပြီး ပွဲချိန် ၉ မိနစ် တွင် နီဗက်စ်က သွင်းယူပေးခဲ့ သည်။ လက်စတာအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၄၁ မိနစ်တွင် လွတ်ခ်မန်းက သွင်းယူနိုင်ခဲ့သော ကြောင့် ပထမပိုင်းကို တစ်ဖက် တစ်ဂိုးစီဖြင့် အဆုံးသတ်ခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၆၆ မိနစ်တွင် ပိုဒန့်စ်က ဝုဖ်အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့သည့် အတွက် ဝုဖ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အခြားသောပွဲစဉ်တွင် လိဒ်စ် အသင်းနှင့် မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်း က လေးဂိုး- နှစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
မန်ယူအတွက် ဂိုးများကို မက် ဂွိုင်းဟား၊ ဖာနန်ဒက်စ်၊ ဖရက်ဒ် နှင့် အီလန်ဂါတို့က သွင်းယူပေးပြီး လိဒ်စ်အတွက် ရိုဒရီဂိုနှင့် ရာဖင် ဟာတို့က သွင်းယူပေးသည်။
အောင်ဇော်