ယူ - ၂၃ ဘော်လီဘော ချန်ပီယံရှစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

Image not available

 

နေပြည်တော်  ဩဂုတ် ၁၁           

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် SMM 3rd Asian ''Asia World Foundation''Men's U-23 Volleyball Championship  ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေး ပွဲအခမ်းအနားကို    ယနေ့ညနေ  ၆ နာရီခွဲ တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌   ကျင်းပ သည်။ 

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယ ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံ အမျိုးသားအိုလံပစ်ကောင်စီ အတွင်းရေးမှူး၊ ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာ နိုင်ငံ အမျိုးသား  အိုလံပစ်ကောင်စီအဖွဲ့ဝင် များဖြစ်ကြသော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်း၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အာရှဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန   ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးကျော်ဆန်းနှင့်    တာဝန်ရှိသူများ တက်ရောက်သည်။

ယနေ့နံနက်   ၁၁ နာရီတွင် အဆင့် (၇-၈) ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌   သီရိလင်္ကာအသင်းနှင့် ဩစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဩစတြေးလျ အသင်းက(၂၄-၂၆)မှတ်၊ (၁၆-၂၅)မှတ်၊ (၁၅-၂၅)မှတ်ဖြင့်      သုံးပွဲပြတ်ဖြင့်   လည်းကောင်း၊ အဆင့်(၅-၆)ပွဲစဉ်အဖြစ်     မွန်းလွဲ ၁ နာရီခွဲတွင် တရုတ်အသင်းနှင့် ကာဇက်စတန်အသင်းတို့  ယှဉ်ပြိုင်ကစားကြ ရာ တရုတ်အသင်းက (၂၂-၂၅)မှတ်၊ (၂၅-၁၄)မှတ်၊ (၂၅-၁၇)မှတ်၊       (၂၂-၂၅)မှတ်၊ (၁၁-၁၅)မှတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်အဖြစ် ညနေ ၄ နာရီတွင် ဂျပန်အသင်းနှင့် ပါကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂျပန်အသင်းက (၂၅-၁၈)မှတ်၊ (၂၅-၂၃)မှတ်၊ (၂၅-၁၈)မှတ်ဖြင့်   လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ ၆ နာရီခွဲတွင် တရုတ်(တိုင်ပေ) အသင်းနှင့် အိန္ဒိယအသင်း တို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ)အသင်းက (၂၅-၂၁)မှတ်၊ (၂၅-၂၀)မှတ်၊ (၁၉-၂၅)မှတ်၊    (၂၅-၂၃)မှတ်သုံးပွဲ တစ်ပွဲဖြင့်လည်းကောင်း     အသီးသီး အနိုင်ရရှိသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမအကောင်းဆုံး အစွန်ရိုက်ဆုရရှိသော ပါကစ္စ တန်အသင်းမှ Ali Usman Faryad(No.7)၊ ဒုတိယ အကောင်းဆုံး အစွန်ရိုက်ဆုရရှိသော ဂျပန် အသင်းမှ Arai Yudai (No.4)၊ ပထမ အလယ်ပိတ်ဆို့မှု အကောင်းဆုံး ဆုရရှိသော ဂျပန်အသင်းမှ Murayama Go(No.7) တို့အား အာရှဘော်လီဘောအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ Mr. Shanirt Wongpraset က လည်းကောင်း၊   ဒုတိယအလယ်ပိတ်ဆို့မှု အကောင်းဆုံးဆုရရှိသော အိန္ဒိယအသင်းမှ Prince(No.9)၊ စွယ်စုံရိုက်အကောင်းဆုံးဆု ရရှိသော တရုတ်(တိုင်ပေ)အသင်းမှ Chang Yu-Sheng (No.10)တို့အား အိန္ဒိယနိုင်ငံ Technical Delegate Mr. Mamoud Afshardoust ကလည်းကောင်း၊ ပင့်ထောင် အကောင်းဆုံးဆုရရှိသော အိန္ဒိယအသင်းမှ Appavu Muyhudsmy(No.6)၊ လီဗရိုအကောင်းဆုံးဆုရရှိသော  တရုတ် (တိုင်ပေ)အသင်းမှ Jhang Yun-Liang (No.2)တို့အား ပြိုင်ပွဲကျင်းပရေးဒိုင်ချုပ်         Mr. Dean Turnerက လည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုရရှိသော တရုတ်(တိုင်ပေ) အသင်းမှ Chan Minhan (No.6)တို့အား  မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဝင်းကလည်း ကောင်း၊  တတိယဆုရရှိသော   ဂျပန် ကလပ်အသင်းအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း၊ ဒုတိယဆုရရှိသော အိန္ဒိယကလပ်အသင်းအား ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လည်းကောင်း၊ ပထမ ဆုရရှိသော တရုတ်(တိုင်ပေ) ကလပ် အသင်း အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊  မြန်မာနိုင်ငံအမျိုးသားအိုလံပစ် ကောင်စီအတွင်း ရေးမှူး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က   လည်းကောင်း  ဆုများအသီးသီး    ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံအလိုက်အဆင့်   သတ်မှတ်ချက်များအဖြစ်  အဆင့်(၁)- တရုတ်(တိုင်ပေ)အသင်း၊  အဆင့်(၂) အိန္ဒိယအသင်း၊ အဆင့်(၃) ဂျပန် အသင်း၊ အဆင့်(၄) ပါကစ္စတန်အသင်း၊ အဆင့်(၅) ကာဇက်စ တန်အသင်း၊ အဆင့်(၆) တရုတ်အသင်း၊ အဆင့်(၇) ဩစတြေးလျ အသင်း၊ အဆင့်(၈) သီရိလင်္ကာအသင်း၊ အဆင့်(၉) ဗီယက်နမ်အသင်း၊ အဆင့်(၁၀) မြန်မာအသင်း၊ အဆင့်(၁၁) ထိုင်းအသင်း၊ အဆင့်(၁၂)ဘာရိန်းအသင်း၊ အဆင့်(၁၃)ကာတာအသင်း၊   အဆင့်(၁၄)တရုတ် (ဟောင်ကောင်)အသင်း၊ အဆင့်(၁၅) ဆော်ဒီအာရေဗျအသင်း၊ အဆင့်(၁၆) နယူးဇီလန် အသင်းများသည် နိုင်ငံလိုက် အဆင့်နေရာ သတ်မှတ်ချက်များဖြစ်ကြောင်း သိရသည်။

လူထုအားကစားနှင့်ပညာပေးဌာနခွဲ