
ယူအက်စ်အိုးပင်း တင်းနစ် ပြိုင်ပွဲကို ဆက်လက်ကျင်းပလျက် ရှိရာတနင်္ဂနွေနေ့က လူးဝစ်အမ်း စထရောင်း အားကစားကွင်း၌ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ကနေဒါတင်းနစ် မယ်ဖာနန်ဒက်ဇ်(ယာပုံ)က ၂၀၁၆ ယူအက်စ်အိုးပင်း တင်းနစ် ချန်ပီယံ ဂျာမနီတင်းနစ်မယ် ကာဘာကို ၄-၆၊ ၇-၆ (၇-၅)၊ ၆-၂ ဖြင့် အနိုင်ယူပြီး ကွာတား ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဖာနန်ဒက်ဇ်သည် ယနေ့ ပွဲစဉ်တွင် ခက်ခက်ခဲခဲယှဉ်ပြိုင် ကစားခဲ့ရပြီး အနိုင်ရရှိ၍ ပျော်ရွှင်မိကြောင်း၊ တင်းနစ်ကို စတင်ကစားစဉ် ကတည်းက ကြိုးစားကစားခဲ့ကြောင်း ပြော ကြားသည်။ ၎င်းသည် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ပထမပွဲစဉ်တွင် ကွန်ဂျူကို ၇-၆ (၇-၃)၊ ၆-၂၊ ဒုတိယပွဲစဉ်တွင် ကာနီပီကို
၇-၅၊ ၇-၅၊ တတိယပွဲစဉ်တွင်လည်း အိုဆာကာကို ၅-၇၊ ၇-၆ (၇-၂)၊ ၆-၄ဖြင့်အနိုင်ရရှိခဲ့သလို ၁၆ဦး အဆင့်တွင်လည်း၄-၆၊၇-၆(၇-၅)၊ ၆-၂ကို အနိုင်ရရှိကာ ကွာတား ဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခြင်း ဖြစ်သည်။ ဖာနန်ဒက်ဇ်သည် လက်ရှိကမ္ဘာ့အဆင့် သတ်မှတ် ချက် ၇၃ နေရာတွင် ရှိသူဖြစ်သည်။ အသက် ၁၉ နှစ်အရွယ် ဖာနန် ဒက်ဇ်သည် ၎င်း၏ ပထမဆုံး WTA ဆုဖလားကို ယခုနှစ် အစောပိုင်းတွင် ရရှိထားသူဖြစ် သည်။
ဖာနန်ဒက်ဇ်သည် ကွာတား ဖိုင်နယ်တွင် ဆီဒင် ၅ သတ်မှတ်ခံ ထားရသည့် ယူကရိန်းတင်းနစ် မယ် အယ်လီနာ စဗစ်တိုလီနာနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ စဗစ်တိုလီနာသည် တတိယပွဲစဉ် တွင် ကာဆက်ကီနာကို၆-၄ ၆-၂၊ ၁၆ ဦး အဆင့်တွင် ဟာလက်ကို ၆-၃ ၆-၃ ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လာနိုင် ခြင်း ဖြစ်သည်။ အောင်ဇော်