
ကိယက်ဗ် နိုဝင်ဘာ ၂၃
ယူကရိန်းနိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်မှုမှာ အရှိန်နှေး လာသည့် လက္ခဏာများ ပြသလာပြီဟု အစိုးရက နိုဝင်ဘာ ၂၂ ရက်တွင် ပြောသည်။
ကူးစက်မှုနှုန်းနှင့် ဆေးရုံ တက် ကုသရမှုနှုန်း ကျဆင်းလာ သည့်အတွက် အကောင်းဘက်သို့ ဦးတည်လာပြီ ဖြစ်သည်။ ပြီးခဲ့ သည့် သီတင်းပတ်အတွင်း ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၂၄၄၁၉ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးနိုင် ခဲ့သည်။
ယခင်က တစ်ပတ်အတွင်း ဆေးရုံတက်ရမှုနှုန်းမှာ ၃၂၀၀၀ ရှိခဲ့သည်ဟု ကြေညာချက်အရ သိရသည်။ ပြီးခဲ့သည့် ၇ ရက် တာကာလအတွင်း ကိုဗစ်- ၁၉ ကြောင့် သေဆုံးမှုနှုန်းမှာလည်း ပြီးခဲ့သည့် သီတင်းပတ်များနှင့် နှိုင်းယှဉ်လျှင် ကျဆင်းလာပြီဖြစ် သည်။
သုံးလတာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ယခုလို ကျဆင်းခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံး ရေ ၁ ဒသမ ၇သန်းကို ထိုးပေးနိုင် ခဲ့သည်။ ဖေဖော်ဝါရီမှ စတင်၍ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံ မှုစတင်ခဲ့ရာ ကာကွယ်ဆေး အလုံးရေ ၂၂ ဒသမ ၇သန်း ထိုးနှံ ပေးနိုင်ခဲ့ပြီဖြစ်သည်။
ဆင်ဟွာ