
ယူရို ၂၀၂၄ ခြေစစ်ပွဲမှ စကော့ တလန်နှင့် စပိန်အသင်းတို့ပွဲစဉ် တွင် မက်တွန်မီနေး ခြေစွမ်းပြမှု နှင့်အတူ စကော့ တလန်အသင်းက နှစ်ဂိုးပြတ်အနိုင်ရရှိပြီး အမှတ် ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။ အဆိုပါပွဲစဉ်ကို မတ် ၂၉ ရက် နံနက်အစောပိုင်းက စကော့ တလန်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ပြီး ပွဲကြည့်ပရိသတ် ၄၇၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။
ပြီးခဲ့သည့်ပွဲစဉ်တွင် နော်ဝေ အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သောစပိန်အသင်းသည် ယခုပွဲစဉ်တွင် စကော့တလန်အသင်းကို ခြေစွမ်း အသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးပြတ်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ စကော့တလန် ကစားသမား တွန်မီနေးသည် ဆိုက်ပရပ်စ်အသင်း နှင့်ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ယခုပွဲစဉ်တွင်လည်း နှစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့သည်။
စပိန်အသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် စကော့တလန် အသင်းကို ပွဲချိန်တစ်လျှောက် ထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း ဂိုးရရှိ နိုင်သည့် အခွင့်အရေးများကို ဖြုန်းတီးပစ်ခဲ့သည့်အတွက် ဂိုးပြတ်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ စကော့တလန်အသင်းသည် လာမည့်ပွဲစဉ်တွင် နော်ဝေအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး စပိန်အသင်း၊ အီတလီ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အခြားသော ပွဲစဉ်ရလဒ် များတွင် ခရိုအေးရှားအသင်းက တူကီယဲအသင်းကို နှစ်ဂိုးပြတ် အနိုင် ရရှိခဲ့သလို ဝေးလ်အသင်းကလည်း လတ်ဗီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အောင်ဇော်