ယူရိုပါလိဂ်ပွဲစဉ် (၅) တွင် ဝါးစ်ဇာဝါကို အနိုင်ယူပြီး အုပ်စုပထမရယူနိုင်ခဲ့သည့် လက်စတာ

 

ယူအီးအက်ဖ်အေ ယူရိုပါလိဂ် အုပ်စုပွဲစဉ် (၅) အဖြစ် အုပ်စု (C) မှ လက်စတာ အသင်းနှင့် ပိုလန်ကလပ် ဝါးစ်ဇာဝါအသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ ၂၆ ရက် နံနက် ပိုင်းက ကင်းပါဝါအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လက်စတာအသင်းက သုံး ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

 


လက်စတာအသင်းသည် ယခုအနိုင်ပွဲကြောင့် အုပ်စု (C) တွင် ရမှတ် ရှစ်မှတ် ဖြင့် အုပ်စု ပထမနေရာတွင်   ရပ်တည်နိုင်ခဲ့သည်။  အဆိုပါ အုပ်စုတွင် စပါးတပ်၊ နာပိုလီအသင်းတို့ပါဝင်ပြီး နောက်တစ်ဆင့်တက်ရောက်ရန် အဖြေထွက်ပေါ်ထားခြင်း မရှိသောကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်သွားရမည် ဖြစ်သည်။ 

 


ယခုပွဲစဉ်တွင် ဦးဆောင်ဂိုးကို လက်စတာအသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၁၁ မိနစ်တွင် ဒါကာက သွင်းယူပေးခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၂၁ မိနစ်တွင် မက်ဒီ ဆင်က သွင်းယူပေးခဲ့သည်။ ဝါးစ်ဇာဝါအသင်းကလည်း ချေပဂိုးရရှိရေးကြိုးစား လာခဲ့ရာ ပွဲချိန် ၂၈ မိနစ်တွင် အမ်လာဒင်နိုဗစ်က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် လက်စတာအသင်းက တတိယဂိုးရရှိခဲ့ပြီး ပွဲချိန် ၃၃ မိနစ်တွင် အင်ဒီဒီက သွင်းယူ ပေးနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိ သောကြောင့်   လက်စတာအသင်းက  သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း  ဖြစ် သည်။ 

မိုးဇက်