မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့၏ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ပြုစုထုတ်ဝေရေးဆိုင်ရာ အစည်းအဝေးကျင်းပ

 မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့၏ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ပြုစုထုတ်ဝေရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ (၂၂-၁၂-၂၀၂၁) ရက်နေ့ မွန်းလွဲ ၁ : ၃၀ က စာပေဗိမာန်ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာမျိုးသန့်တင်၊ အတွင်းရေးမှူး၊ စာပေဗိမာန်စာတည်းမှူးချုပ် ဦးတိုးကျော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစိန်လှိုင် (သူရဇော်)၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)၊ ဦးထွန်းအုံ (အေးထွန်းမင်း)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ပါမောက္ခကိုကိုအောင် (သိပ္ပံစာရေးဆရာကိုကိုအောင်)၊ ဒေါ်နုနုယဉ် (နန်းညွန့်ယဉ်ခမ်း) နှင့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် စာတည်းအဖွဲ့ဝင်များတက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ကို စောလျဉ်စွာ ပြုစုထုတ်ဝေရေးနှင့် စာတည်းအဖွဲ့က ပြုစုထားသည့် စာမူများအပေါ် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့က အကြံပြုလမ်းညွှန်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

1-91

2-75

3-43

4-16

5-8

အကြံပြုစာ/တိုင်ကြားစာ