စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ အတွဲ(၄၉)၊ အမှတ်(၄) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်း ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “သိမှတ်စရာ ဒီမိုကရေစီရေးရာ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါး ကဏ္ဍတွင် ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီမဟုတ်ပါ၊ နောက်ဆုံးတော့လည်း သမိုင်းကြောင်းအခြေခံ တဲ့ ဒီမိုကရေစီပါပဲ၊ ဒီမိုကရေစီ၊  လူငယ်ရေးရာကဏ္ဍတွင် ဆင်ခြင်အတွေးများ၊ ကြက်ဟင်းခါးသီးနှင့် ဂုရုဆရာကြီး၊ လူငယ်များအတွက် ပိုမိုကောင်းမွန်သော ဘဝနေနည်း၊ D လေးလုံးကို အကောင် အထည်ဖော်၊ ပီသကြည်မြ ဂီတသံစဉ်များရဲ့ ဖန်တီးရှင် ဂျော့ဂါ့ရှ်ဝင်၊ မိုးခေါင်ရေရှားရပ်ဝန်းထဲက အိုအေစစ်၊ အောင်မြင်ရေးမှာ အရေးပါတဲ့ ခံစားချက်အဆင့်၊ လူငယ်များအတွက် စကားပြောခြင်း အတတ်ပညာ၊ အိုမီခရွန်ကူးစက်ခံရတိုင်း မကြောက်သင့်၊ ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေး သက်ရောက်မှုများ၊ ကဗျာကဏ္ဍတွင် သက်တံ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အကောင်းဆုံးအရည်အသွေးကို ဖန်တီးပါ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် စိန်ဘုရင်ကို စိန်ခေါ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍတွင် မဲအများဆုံးရရှိသူ အနိုင်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်တို့၏ အားသာချက် အားနည်းချက်များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၄၄)၊ အဏုဇီဝပိုးမွှားဈေးကွက်၊ အူကို ထိုးတယ်၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် အင်ပါရာပင်ဂွင်များ၊ လေထုညစ်ညမ်းမှု၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် အမုန်းစကား နှလုံးသားမှာ မနားခိုစေရာ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဦးနှောက်ခွဲစိတ်မှု ခံခဲ့ရစဉ်က၊ ဝတ္ထုတိုကဏ္ဍတွင် တွယ်မှီရာ၊ အထွေထွေကဏ္ဍတွင် အိမ်တွင်းအကြမ်းဖက်မှု ဆိုသည်မှာ၊ အချိန် (၁)၊ ဖတ်သမျှ ဒဿနနှင့် ဟာသ စသည်ဖြင့်ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
    
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ