ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စာပေဗိမာန်အရောင်းဆိုင် (ရန်ကုန်) သို့ လာရောက် ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန် အရောင်းဆိုင်သို့ (၂၂-၆-၂၀၂၂) ရက် နေ့လယ်ပိုင်းတွင် လာရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးအား စာပေဗိမာန်၊ စာတည်းမှူးချုပ် ဦးတိုးကျော်၊ စာပေဗိမာန်စာအုပ်အရောင်း ဆိုင်မှ ဒေါ်ချိုချိုမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်ခိုင်စန္ဒာမင်း (ဦးစီးအရာရှိ၊ ထုတ်လုပ်)တို့က စာပေဗိမာန်အရောင်းဆိုင်တွင် စာအုပ်ရောင်းချနေမှု အခြေအနေ၊ ခင်းကျင်းပြသထားမှု အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

1231

1232

1237

1239

1243

1253

အကြံပြုစာ/တိုင်ကြားစာ