၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ပြဇာတ်စာပေ အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၁၉ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် ဆန်ခါတင်အဆင့် စိစစ် ရွေးချယ်ခြင်း များ ဆောင်ရွက်လျက်ရှိရာ ပြဇာတ်စာပေ အဖွဲ့ငယ် အစည်းအဝေးကို ၂ဝ၂၀ ခုနှစ် ဩဂုတ်လ ၅ ရက် မွန်းတည့် ၁၂ : ၀၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြဇာတ်စာပေ အဖွဲ့ငယ် ဆန်ခါတင်အဆင့်  အစည်းအဝေးသို့ ဦးလေးမြတ် (ကိုလေးမြတ်)၊ ဦးဇော်လင်း (လင်းအေး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း) တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ပြဇာတ်စာပေ များ ဆန်ခါတင်အဆင့် စိစစ်ဖတ်ရှုနေမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

 

အကြံပြုစာ/တိုင်ကြားစာ