၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၃ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက် လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကို ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် နံနက် ၁၀ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိလည်းကောင်း၊ နံနက် ၁၁ : ၀၀ နာရီမှ မွန်းတည့်  ၁၂ : ၀၀ နာရီအထိလည်းကောင်း ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂ဝ၂၃ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ် ဆိုင်ရာစာမူများ ပဏာမအဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

1-291

2-260

အကြံပြုစာ/တိုင်ကြားစာ