၃၁ - ၈ - ၂၀၂၄ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၅) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၃၅)၌ မောင်နှမအချင်းချင်း ချစ်ချစ်ခင်ခင်နေကာ မိခင်ကို ဒုက္ခပေးသည့်မြွေကို စိတ်ဆိုး     ဒေါသဖြစ်နေသော ဇီးကွက်လေးများအကြောင်းကို ရေးဖွဲ့ထားသည့် “သတ္တိရှင် ဇီးကွက်လေးများ” မျက်နှာဖုံးဇာတ်လမ်း၊ ယာခင်းများကို ဖျက်ဆီးနေသော ဝက်ကို တောဝက်ဟုထင်ကာ နှိမ်နင်းခဲ့သော ဖိုးချွန်းနှင့် ဝိတ်ပေါတို့နှစ်ဦး၏ အလွဲလွဲအမှားမှား လုပ်ဆောင်ချက်များကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် တောဝက်” နှစ်မျက်နှာကာတွန်း၊ ဆွဲကြိုးဖြတ်ပြေးသူကို အမိဖမ်းနိုင်ရန် လုပ်ဆောင် ခဲ့သော ဖြတ်ထိုးဉာဏ်ကောင်းသည့် ဖိုးကဲအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးကဲ- သမ္မာအာဇီဝ” နှစ်မျက်နှာကာတွန်း၊ တစ်စုံတစ်ရာကို တွေ့ရှိပါက မိမိ၏ ထင်မြင်ယူဆချက်အတိုင်း မပြောဆို၊ မလုပ်ဆောင်ဘဲ လက်တွေ့လေ့လာပြီးမှသာ ပြောဆိုလုပ်ကိုင်သင့်ကြောင်း အတုယူဖွယ် ရေးဖွဲ့ထားသည့် “အထင်အမြင် မစောသင့်ပါ” နှစ်မျက်နှာကာတွန်း၊ မည်သည့်ကိစ္စ၌မဆို အကောင်းမြင်တတ်သော ကီးကီအကြောင်းကို ရေးဖွဲ့ထားသည့် “ကီးကီ၊ ဂျိုးဂျိုးနဲ့ တော်သေးတာပေါ့” တစ်မျက်နှာကာတွန်း၊ မိကေတို့ သူငယ်ချင်းများ အပြန်အလှန် ဉာဏ်စမ်းမေးခွန်းမေးကြပုံကို ရေးဖွဲထားသည့် “မိကေ” မျက်နှာဝက်ကာတွန်း၊ သူငယ်ချင်းဖြစ်သူအတွက် နယ်မှအပြန်လက်ဆောင် အုန်းသီးမှာ လေးလံလှ၍ မယူခဲ့နိုင်ပုံကို ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

မြန်မာ့ရိုးရာ ကစားနည်းတစ်မျိုးဖြစ်သည့် ဂျင်ပေါက်ကစားနည်းအကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “မြန်မာ့ရိုးရာ ဂျင်ပေါက်ကစားနည်း” သုတဆောင်းပါး၊  လယ်သမားမိသားစု၏ ဇွဲ၊ လုံ့လ၊ ဝီရိယထားကာ ကြိုးစားလုပ်ကိုင်မှုကြောင့် စွန့်ပစ်ထားသော မြေကွက်ရိုင်းကြီးမှ ရွှေဝါရောင်မြေကွက်ကြီး ဖြစ်လာပုံကို အတုယူဖွယ် ရေးဖွဲ့ထားသည့် “လယ်သမားကြီးနဲ့ ရွှေရောင်မြေကွက်” ပုံပြင်နှင့် ပြဿနာတစ်ခုခုနှင့် ကြုံတွေ့လာပါက တစ်ဦးနှင့်တစ်ဦး ကူညီဖေးမကာ ဖြေရှင်းတတ်သော ဇော်တိုးတို့ သူငယ်ချင်းများအကြောင်းကို ရေးဖွဲ့ထားသည့် “ပလုံကောက်သော ကလေးများ”  ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ”ကဏ္ဍ၊ ပေးထားသော ရုပ်ပုံများကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍနှင့် ဝါခေါင်လရာသီ၏ သာယာလှပပုံနှင့် စာရေးတံမဲပွဲ ကျင်းပပုံကို ရေးဖွဲထားသည့် “ဝါခေါင်အလှ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကို  ရေးသားပြောဆိုရာ၌ အသုံးပြုလေ့ရှိသည့် Idioms အသုံးအချို့ကို နမူနာဝါကျများဖြင့် ရေးသားထားသည့် “Useful Everyday Idioms” အင်္ဂလိပ်စာသင်ခန်းစာတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ