နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

Jan 11, 2020

အတိတ်၊ အနာဂတ်နဲ့ ပတ်သက်နေတဲ့ တာဝန်တွေကို ပစ္စုပ္ပန်မှာ ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ အရေးကြီး ပစ္စုပ္ပန်မှာ လက်ထဲမှာရှိတဲ့အခွင့်အရေးတွေကို ကောင်းသော အနာဂတ်ထူထောင်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ ကြိုးစားပေး စေချင်
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
(၇၂) နှစ်မြောက်၊ ကချင်ပြည်နယ်နေ့ အခမ်းအနားတွင်
ပြောကြားသည့် မိန့်ခွန်း
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်)

Jan 09, 2020

မြစ်ကြီးနား ဇန်နဝါရီ ၉

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိကြသည်။

Jan 08, 2020

နေပြည်တော် ဇန်နဝါရီ ၈

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပရာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။

Jan 07, 2020

နေပြည်တော် ဇန်နဝါရီ ၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံ သံအမတ်ကြီး အာကူရာ ဆီကီဝါ အာဟန်ကော်ရာ အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

Jan 03, 2020

နေပြည်တော် ဇန်နဝါရီ ၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည့်  မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များကိုယ်စား သံတမန်များအဖွဲ့နာယက တီမောလက်စ်တေ သံအမတ်ကြီး မစ္စတာ ဂျူဝေါင်း ဖရေးတက်စ် ဒေ ကာမာရာ က တည်ခင်းဧည့်ခံသည့် နှစ်သစ်ကူးအခါသမယနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယကို ကြိုဆိုသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

Jan 01, 2020