ဒုတိယသမ္မတ ၂

Feb 03, 2020

ရန်ကုန် ၃ ဖေဖော်ဝါရီ

ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး ၂၀၂၀ (Peace, Security and Human Development World Summit 2020)သို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တာဝန်ရှိသူများနှင့်အတူ ယနေ့ ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ပို့ဆောင်နှုတ်ဆက်

Feb 01, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်မုခ်ဦးနှင့် တိုင်းရင်းသားပြခန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကားပြောကြားသည်။

Jan 30, 2020

နေပြည်တော် ဇန်နဝါရီ ၃၀

 

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့တွင်ညောင်ဦးလေဆိပ်အား CIQ လေဆိပ်အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံဘုရားများ ပြန်လည်ပြုပြင် မွမ်းမံနေမှုအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

Jan 28, 2020

နေပြည်တော် ဇန်နဝါရီ ၂၈

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်ဟွာ အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Jan 28, 2020

နေပြည်တော် ဇန်နဝါရီ ၂၈

 

“2020 Seed Fair” မျိုးစေ့ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ၌ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

Jan 23, 2020

 

နေပြည်တော်  ဇန်နဝါရီ  ၂၃

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ၂၀၂၀” ပွဲတော်နှင့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်တို့နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့် ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

Jan 17, 2020

ရန်ကုန် ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံကျမ်းစာအသင်းတိုက် ဆက်ကပ်ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ အဆိုပါ မြန်မာနိုင်ငံ ကျမ်းစာအသင်းတိုက်တွင် ကျင်းပသည်။

Jan 01, 2020

ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-

ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့ နှစ်သစ်ကူးမင်္ဂလာနေ့ရက်မှသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပြီးကောင်းချီးမင်္ဂလာ အဖြာဖြာကို ရရှိခံစားနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။