ဒုတိယသမ္မတသတင်းများ

Feb 14, 2020

ထန်တလန် ဖေဖော်ဝါရီ  ၁၄

မြန်မာနိုင်ငံ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်          ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးကျော်မျိုး၊ ဦးမြင့်ကြိုင် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြသည်။

ဒုတိယသမ္မတနှင့် အဖွဲ့အား ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် တာဝန်ရှိသူများက ကလေးလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

Feb 12, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၂

၂၀၂၀ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ကျင်းပရာ ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

Feb 07, 2020

ရန်ကုန် ဖေဖော်ဝါရီ ၇


ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသား ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၅၀ တွင် မော်တော် ယာဉ်များဖြင့် ခေတ္တတည်းခိုသည့် Lotte Hotel Seoul မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ UPF ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Mr. Ek Nath Dhakal ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ကြသည်။

Feb 04, 2020

ဆိုးလ် ဖေဖော်ဝါရီ ၄

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်ရီဗန်ထီးယူ သည် ယနေ့တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ (Peace , Security and Human Development World Summit 2020) ; Assembly  and International Summit Council for Peace  မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားပြီး Dr. Hak Ja Han Moon ၏ အတ္ထုပတ္တိမိတ်ဆက်ခြင်းနှင့် Mother Foundation ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်သည်။

Feb 03, 2020

ဆိုးလ် ဖေဖော်ဝါရီ ၃

ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ သို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံ သို့ ထွက်ခွာရာ ဖေဖော်ဝါရီ ၃ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ဆိုးလ်မြို့သို့ ရောက်ရှိသည်။

Feb 03, 2020

ရန်ကုန် ၃ ဖေဖော်ဝါရီ

ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး ၂၀၂၀ (Peace, Security and Human Development World Summit 2020)သို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တာဝန်ရှိသူများနှင့်အတူ ယနေ့ ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ပို့ဆောင်နှုတ်ဆက်

Feb 01, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁

“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်မုခ်ဦးနှင့် တိုင်းရင်းသားပြခန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကားပြောကြားသည်။

Jan 30, 2020

နေပြည်တော် ဇန်နဝါရီ ၃၀

 

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့တွင်ညောင်ဦးလေဆိပ်အား CIQ လေဆိပ်အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံဘုရားများ ပြန်လည်ပြုပြင် မွမ်းမံနေမှုအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

Jan 30, 2020

နေပြည်တော် ဇန်နဝါရီ ၃၀

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ  ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။