မြစ်ကြီးနား ဇန်နဝါရီ ၂၂
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘက်စကက်ဘောပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ လက်ရွေး စင်အသင်းများအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ လက်ရွေးစင် အားကစားသမားများ တက်ရောက်ကြပြီး ပြည်နယ်လက်ရွေးစင်အားကစားအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ပြည်နယ်လက်ရွေးစင်အသင်းများအနေဖြင့် အကောင်းဆုံး ပါဝင် ယှဉ်ပြိုင်ကြပြီး ပြည်နယ်ဂုဏ်ဆောင်သည့် အားကစားသမားများဖြစ်စေရန် ကြိုးစားယှဉ်ပြိုင်ကြရေး၊ ထိုသို့ ယှဉ်ပြိုင်ရာတွင်လည်း အသင်းလိုက်၊ အစုအဖွဲ့အလိုက်ကစားနည်းဖြစ်သည့် အတွက် ညီညီညွတ်ညွတ်ဖြင့် ပြိုင်ဘက်အသင်းများအား လေးစားမှုဖြင့် အကောင်းဆုံး ယှဉ်ပြိုင်ကစားကြရေးနှင့် ကျန်းမာရေးအထူး ဂရုစိုက် ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ပြည်နယ်လက်ရွေးစင်အသင်းအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း (၃၀)ကို အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အသင်းသားထံ ထောက်ပံ့ပေးအပ်ရာ အသင်းနည်းပြက လက်ရွေးစင် စုဖွဲ့လေ့ကျင့်ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်