ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် အသံမစဲမဟာပဋ္ဌာန်း မြတ်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲသို့တက်ရောက်

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စားရေ ရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေ သော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မချမ်းဘောမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ထမနဲထိုးပြိုင်ပွဲ၊ (၂) နှစ်ဒီပလိုမာ ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် (၁၄) ကြိမ်မြောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ၊ ဒိုးပတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ၂၇ရက်မှစ၍ စတင်ကျင်းပလျက်ရှိရာ ဇန်နဝါရီ ၃၁ရက်တွင် ရပ်ဝေးရပ်နီးမှဘုရားဖူးဧည့်သည်များဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်းသိရသည်။

ပူတာအိုမြို့နယ်၊ ဂျူဗလီကျေးရွာ၌ ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ် ဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် မြစိမ်းရောင်အတိုးရငွေတို့ဖြင့် ဆောင်ရွက်သည့် ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ဂျူဗလီကျေးရွာ ဂျူဗလီဘက်စုံသုံးခန်းမဆောင် အဆောက်အအုံသစ်ရှေ့၌ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဝမ်/လီဆူစာပေနှင့် ယဉ်ကျေးမှု အသင်းများ၊ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ကြသည်။

မိုးညှင်းမြို့၌ (၂၄)ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော် တတိယနေ့ဆက်လက်ကျင်းပရာ စည်ကားလျက်ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတွင် သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် ရိုးရာအစဉ်အလာအရ (၂၄)ကြိမ်မြောက် ဇောတိရှမ်းဘာသာတို့၏ စုပေါင်းရှင်ပြုပွဲတော်ကို ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ တပို့တွဲလဆန်း (၁၂)ရက်မှ တပို့တွဲလပြည့်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့ရှင်ပြုပွဲတော် တတိယနေ့တွင် ရှင်မိရှင်ဖများနှင့် ပွဲလာပရိတ်သတ်များ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်တွင် နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် လွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ  ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၁ နာရီက ဟူးကောင်းခန်းမှ၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းတက္ကသိုလ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ (၂၉) ရက် နံနက်ပိုင်းက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပဉ္စမအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက် ကြည်ညို၍ ဆုများချီးမြှင့်အပ်နှင်း

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် ပဉ္စမအကြိမ်မြောက် စာအောင်ဆုနှင်း သဘင်အခမ်းအနားကို မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ၊ သီလရှင်ဆရာကြီး များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ် ကြသည်။

မိုးညှင်းမြို့၌ (၂၄)ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်း(ရှမ်းပိုင်း)ရပ် ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄)ကြိမ်မြောက် ဇောတိရှမ်း စုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီ (၂၉) ရက် မွန်းလွဲ (၂) နာရီက အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School Award) ဆုများစိစစ်ရွေးချယ်

ကချင်ပြည်နယ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School ) ဆုများစိစစ်ရွေးချယ်ရေးလုပ်ငန်းကော်မတီက ကချင်ပြည်နယ်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School Award) ဆုများစိစစ်ရွေးချယ်ခြင်းကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်