မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို  စာဖတ်ဝိုင်းနှင့်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မန္တလေး နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၅ခုနှစ် နိုဝင်ဘာ(၁၄)ရက်တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ဝိုင်း၊ စာစီစာကုံးပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသားများအား အမျိုးသား‌အောင်ပွဲနေ့ဖြစ်‌ပေါ်လာပုံများကို ရှင်းလင်း‌ပြောကြားသည်။ ဆက်လက်ပြီး အမှတ်(၂၅)အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား(၁၅)ဦးနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပြီး (၁၀၅)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် ‌ ‌ ယင်းကျောင်းသား(၁၅)ဦးက စာစီစာကုံးပြိုင်ပွဲ၊ စိတ်ကြိုက် ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည်။

ယင်းနောက် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှပသာယာပြည်မြန်မာ နံရံကပ်စာစောင်များ ပြသခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊ သုတ၊ရသစာအုပ်စာစောင်များ ပြသဆောင်ရွက်ခြင်း၊ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသားများထံ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်/ပြန်/ဆက်)