ပြည်ကြီးတံခွန် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်း ပြည့်စုံမှန်ကန်စေရေး ယမန်နေ့ နံနက် ၁၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အဆိုပါတိုက်ဆိုင်စစ်ဆေးသည့်နေရာသို့ တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးဝန်ထမ်းများ မြို့နယ်လဝကဝန်ထမ်းများ၊ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌများ ကော်မရှင်အတွင်းရေးမှူးနှင့် ရုံးအဖွဲ့များ မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များနှင့်အတူ ဒုတိယအကြိမ်ကပ်ထားကြေညာမည့် မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲစာရင်းတွင် ပါဝင်နိုင်ရေးစိစစ်ဆောင်ရွက်နေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ မဟာအောင်မြေခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်/ပြန်/ဆက်)