စဉ့်ကိုင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းစစ်‌ဆေးခြင်းများ ဆောင်ရွက်

စဉ့်ကိုင် နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်  မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ရာတွင် စဉ့်ကိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ  ဦးဗိုလ်‌အောင်မောင်မောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲ အရာရှိနှင့် ဝန်ထမ်းများ၊  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္က ဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စဉ့်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် တိုက်နယ်မှူးများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မတီဝင်များ၊ စာရေးဝန်ထမ်းများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့များက  မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ပူး‌ပေါင်း၍ စစ်ဆေး‌ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်စွာ(စဉ့်ကိုင်)