ညောင်ဦး နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး) ၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး ခရိုင်အဆင့်လုပ်ငန်းအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်းလုပ်ငန်းအဖွဲ့သည် အခြေခံပညာအထက် တန်းကျောင်း (ညောင်ဦး) ကျောင်းဝန်းအတွင်း ကျောင်းသား/သူများ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ထားရှိသည့် သစ်ပင်ပန်းမံများ၊ ကလေးကစားကွင်း ဆောင်ရွက်ထားရှိမှု၊ အရိပ်ရသစ်ပင်များစိုက်ပျိုးထားရှိမှု၊ ကားတာယာကွင်းအဟောင်းများ အသုံးပြုကာ ကျောင်းပတ်ဝန်းကျင် သာယာလှပစေရေးဆောင်ရွက်ထားရှိမှု၊ သစ်ခွမျိုးစုံ စိုက်ပျိုးထားရှိမှု၊ စက္ကူအသုံးပြု ရုပ်ပုံဖန်တီးထားရှိမှုနှင့် ချည်လုံး၊ချည်ထိုးကာသစ်ပင်ပုံဖန်တီးထားရှိမှုတို့အား စစ်ဆေးသည်။
ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်တင့်တင့်အောင်၊ ညောင်ဦးမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဦးစီးမှူး ဦးယိုင်းခန့်ညား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သူဇာစိုးတို့က သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော် ဆောင်ရေးလုပ်ငန်းအခြေအနေများအား သတ်မှတ်ထားသည့် အခြေခံစံနှုန်း (၄)ချက်၊ အညွှန်းကိန်း (၁၇)ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုတို့အား သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း