ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမှု အောင်မြင်ခြင်းအထိမ်းအမှတ်(ရွှေပြည့်အောင်ပွဲ)မြို့တွင်းစွယ်တော်လှည့်လည်ပွဲကျင်းပမည်

ညောင်ဦး နိုဝင်ဘာ ၁၂

မဟာရာဇသီရိ အနိရုဒ္ဓဒေဝ အနော်ရထာမင်းတရားကြီးနှင့် သီရိတြိဘဝနာဒိတျဓမ္မရာဇ ကျန်စစ်သားမင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့်အံ့ဖွယ်ကိုးစုံရွှေစည်းခုံစေတီ‌ တော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမှု အောင်မြင်ခြင်းအထိမ်းအမှတ် (ရွှေပြည့်အောင်ပွဲ) မြို့တွင်းစွယ်တော်လှည့်လည် အပူဇော်ခံပွဲကျင်းပသွားမည်ဖြစ်ကြောင်း ရွှေစည်းခုံစေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမောင်မြင့်ထံကသိရသည်။

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမှု အောင်မြင်ခြင်းအထိမ်းအမှတ် (ရွှေပြည့်အောင်ပွဲ)မြို့တွင်းစွယ်တော်လှည့်လည်ပူဇော်ခံမည်ဖြစ်ရာ နိုဝင်ဘာ (၁၇)ရက်နေ့တွင် မြို့တွင်းလှည့်လည်ပူဇော်ခံသွားမည်ဖြစ်ပြီး၊ အခမ်းအနားဖြင့်လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ကြောင်း၊ စွယ်တော်လှည့်လည်အပူဇော်ခံရာတွင် ရှေးမူအတိုင်း နိဗ္ဗာန်ဆော်ယာဉ်၊ သာသနာ့အလံကိုင်အမျိုးသားများ၊ ဘုရားကား၊ ဩဘာစာဖတ် ကြားမည့် ဘိသိက်ဆရာ၊ ရတနာပုံဝင်း၊ ရွှေစည်းခုံစေတီပန်းချီကား၊ နရည်းခုံအဖွဲ့များ၊ ဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်မည့်ရတနာဆင်၊ နဂါးစာအဖွဲ့တို့ဖြင့်စည်ကားသိုက်မြိုက်စွာရွှေစည်းခုံ စေတီတော်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းမှုအောင်မြင်ခြင်း အထိမ်း အမှတ်အောင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ဒီပါလင်း